• Follow Us on

Home တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲမသမာမူဖြစ်နိုင်သည့် မဲစာရင်း ၇ သန်းကျော်ရှိကြောင်း တပ်မတော်ထုတ်ပြန်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲမသမာမူဖြစ်နိုင်သည့် မဲစာရင်း ၇ သန်းကျော်ရှိကြောင်း တပ်မတော်ထုတ်ပြန်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ နှင့်ပတ်သက်၍ တပ်မတော်မှ မဲစာရင်းများကို စစ်ဆေးရာတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲမသ မာမှုဖြစ်နိုင်သည့် မဲစာရင်း ၇ သန်းကျော်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်များအရ တပ်မတော်မှ စစ်ဆေးသည့် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု အနက် မြို့နယ် (၃၁၄) မြို့နယ်အား စစ်ဆေးရာမှုအရ ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းမဲစာရင်းများနှင့်ပတ်သက်၍ အထောက်အ ထားဖြင့် တိုက်ဆိုင်စစ်ဆေးရန် လိုအပ်နေသော မဲစာရင်းများလဲဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိ သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်အရာ မဲသမာမူဖြစ်နိုင်သည့် မဲစာရင်းများတွင် ကရင်ပြည်နယ်၌ မဲအရေအတွက် (၃၇၂၂၈၆) ဧရာဝတီတိုင်းဒေသကြီးတွင် (၁၂၃၃၁၂၆) ရခိုင်ပြည်နယ်တွင် (၁၂၄၂၄၈) ပဲခူးတိုင်းဒေသကြီးတွင် (၉၉၈၁၀၆) မွန်ပြည်နယ်တွင် (၄၆၄၀၆၄) ရှမ်းပြည်နယ်တွင် (၉၀၀၉၅၄) တနင်္သာရီတိုင်းဒေသကြီးတွင်(၂၉၂ ၁၅၉) ရန်ကုန်တိုင်းဒေသကြီးတွင် (၉၉၂၁၂၇) မကွေးတိုင်းဒေသကြီးတွင် (၅၂၁၈၂၆) စစ်ကိုင်းတိုင်းဒေသကြီး တွင် (၆၆၉၈၄၉) ချင်းပြည်နယ်တွင် (၄၄၇၆၇) မန္တလေးတိုင်းဒေသကြီးတွင် (၈၄၀၅၀၇) ကချင်ပြည်နယ်တွင် (၁၄၈၈၈၂) ကယားပြည်နယ်တွင် (၂၀၈၃၄) ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်း ထုတ်ပြန်ချက်သည်။

ယင်းထုတ်ပြန်ချက်များအရ မဲမသမာမှုအများဆုံးဖြစ်နိုင်သည့် မြို့နယ်သည် ကရင်ပြည်နယ်ဖြစ်ပြီး မဲမသမာမှု ဖြစ်နိုင်သည့် ရာခိုင်နှုန်း (၃၁.၂၂%) နှုန်းရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မဲမသမာမှုဖြစ်နိုင်သည့် ရာခိုင်နှုန်း (၂၇.၀၉%) ရခိုင်ပြည်နယ်သည် မဲမသမာမှုဖြစ်နိုင်သည့် ရာခိုင်နှုန်း (၂၆.၆၈%) ပဲခူးတိုင်းဒေသ ကြီးသည် (၂၆%) ) မွန်ပြည်နယ်သည် (၂၅.၅၁%) ရှမ်းပြည်နယ်သည် (၂၅.၅၃%) တနင်္သာရီတိုင်းဒေ သကြီးသည် (၂၄.၉၁%) ရန်ကုန်တိုင်းဒေသကြီးသည် (၁၆.၆၆%)မကွေးတိုင်းဒေသကြီးသည် (၁၆.၁%) စစ်ကိုင်းတိုင်းဒေသကြီးသည် (၁၅.၉၆%)ချင်းပြည်နယ်သည် (၁၅.၇၉%) ) မန္တလေးတိုင်းဒေသကြီးသည် (၁၄.၉၈%) ကချင်ပြည်နယ်သည် (၁၃.၅၃%) ကယားပြည်နယ်သည် (၁၀.၀၈%) ရှိကြောင်း သတင်းထုတ် ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တပ်မတော်အနေဖြင့် မဲစာရင်းပုံစံ (၁) ရရှိသည့်အတွက် စိစစ်သည့်မြို့နယ် (၃၁၄) မြို့နယ် မဲစာရင်းမရရှိသည့် အတွက် မစိစစ်နိုင်သည့်မြို့နယ် (၁) မြို့နယ်နှင့် ရွေးကောက်ပွဲမကျင်းပသည့်အတွက် မစိစစ်သည့်မြို့နယ် (၁၅) မြို့နယ်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယမန်နေ့က သတင်းထုတ်ပြန်သည်။

#PeopleMedia #Army #Election

(unicode)
…………………………………………………………….







#PeopleMedia #Army #Election


Share this post