• Follow Us on

Home တစ္ပတ္လုံး ေစ်းဦးပင္ မေပါက္သျဖင့္ ပယင္းအေရာင္းဆိုင္ အခ်ိဳ႕ ဆိုင္ပါပိတ္ရ

တစ္ပတ္လုံး ေစ်းဦးပင္ မေပါက္သျဖင့္ ပယင္းအေရာင္းဆိုင္ အခ်ိဳ႕ ဆိုင္ပါပိတ္ရ

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာ ၂၂

ျပည္တြင္း၌ ျဖစ္ပြားေနသည့္ COVID 19 ေရာဂါေၾကာင့္ တစ္ပတ္လုံး ေစ်းဦးမေပါက္သျဖင့္ ျမစ္ႀကီးနားၿမိဳ႕၊ စက္မႈရပ္ကြက္အတြင္းရွိ ေက်ာက္မ်က္ဝင္းမွ ပယင္းအေရာင္းဆိုင္ အခ်ိဳ႕ ယာယီ ရပ္နားထားေၾကာင္း သိရသည္။

ကိုဗစ္-၁၉ ကပ္ေရာဂါ စတင္ျဖစ္ပြားကတည္းက အစိုးရက ခ်‌မွတ္ေပးထားတဲ့ စည္းကမ္းခ်က္မ်ားနဲ႕အညီ ေရာင္းခ်ေနေသာ္လည္း ခရီးသြားလာမႈ ကန႔္သတ္လိုက္ျခင္းၾကာင့္ ပယင္းဆိုင္အခ်ိဳ႕မွာ ေစ်းဦးပင္ မေပါက္သျဖင့္ ပိတ္ရသည္ ဆိုင္မ်ားပင္ ရွိေၾကာင္း ပယင္းေရာင္းခ်သဴ ေဒၚေခါမူက ေျပာသည္။

“အရင္ ကိုဗစ္စၿပီးျဖစ္ေတာ့၊ခရီးအသြားအလာ၊ ဘုရားဖူးေတြနည္းသြားတယ္ေပါ့၊ အဲ့ေတာ့ ေရာင္းအားေတြ က်သြားတယ္၊ အရင္က ဆိုင္ခန္းေတြကို A ကေန F အထိရွိတယ္ တစ္တန္းမွာဆို ၁၈ဦး အထိ ေရာင္းရတယ္ အခုေတာ့ နိုင္ငံျခားသားေတြလည္း မလာေတာ့ဘူး၊ ေအာက္ပိုင္းက ဘုရားဖူးေတြ ခရီးသြားေတြလဲ မလာေတာ့ အဲ့ေတာ့ မေရာင္းေကာင္းဘူး တခ်ိဳ႕ဆိုင္ေတြဆို ယာယီ ပိတ္ထားၾကတယ္” ဟု ၎ကေျပာသည္။

ေက်ာက္မ်က္ဝင္းအတြင္း ပယင္းေရာင္းခ်သဴ တစ္ဦးျဖစ္သည့္ ေဒၚအားဝူမီးကလည္း “အရင္ကေတာ့ လမ္းပန္း ဆက္သြယ္ေရး ေကာင္းတယ္၊ ဘုရားဖူးကားေတြ လာၾကတယ္၊ တေန႕ကို Express ကားေတြ ေလးငါးစီးလာတယ္၊ အဲ့ေတာ့ ေလးငါးသိန္း၊ ဘယ္သူမဆို တစ္သိန္း၊ ႏွစ္သိန္းေလာက္ေရာင္းရတယ္၊ အခုဟာက တစ္ပတ္တခါ ေဈးဦးေပါက္ဖို႔ေတာင္ အနိုင္နိုင္ အြန္လိုင္းကေန အသိမိတ္ေဆြေတြက ကိုယ္ပစၥည္းေလးေတြ ေၾကာ္ျငာ ေပးမွ ေဈးဦးေပါက္တယ္” ဟု ဆိုသည္။

တစ္ရက္တစ္ရက္ ေဈးဦးေပါက္ဖို႔မလြယ္ေပးမယ့္လည္း သူမ်ားေတြလို အြန္လိုင္းေပၚကေန ပယင္းေတြကို ေၾကာ္ျငာၿပီး ေရာင္းခ်သြားဖို႔ အစီအစဥ္ မရွိေသးဘူးလို႔ ေဒၚအားညီက ဆက္လက္ေျပာျပ သည္။

“အခုလာေလာဆယ္ေတာ့ က်မအြန္လိုင္းကေန ေရာင္းဖို႔ အစီအစဥ္မရွိေသးဘူး။ ေနာက္ေတာ့ ျဖစ္ရင္ျဖစ္လာမွာေပါ့၊ အြန္လိုင္းက ေရာင္းတဲ့သူေတြက အဆင္ေျပၾကတယ္ ” ဟု ၄င္းက ဆိုသည္။

လူတန္းစား အလြာမ်ိဳးစုံ ႀကိဳက္ႏွစ္သက္သည့္ ပယင္းသည့္ လွပေပါ့ပါးေသာ နဝရက္ကိုးသြယ္ဝင္ ရတနာ တစ္ခု ျဖစ္ၿပီးကခ်င္ျပည္နယ္က ကမာၻေက်ာ္ ဟူးေကာင္းလြင္ျပင္ေဒသ တနိုင္းၿမိဳ႕နယ္ မိုင္းခြန္ေဒသမွ ထြက္ရွိမႈ အမ်ားဆုံး ျဖစ္ၿပီး စစ္ကိုင္းတိုင္းေဒသႀကီး ခႏၲီးၿမိဳ႕နယ္မွလည္း ထြက္ရွိေၾကာင္း သိရသည္။

ပယင္းကို လက္ဝတ္ရတနာအျဖစ္ဝတ္ဆင္ျခင္း၊ က်န္းမာေရး ေဆးဖက္ဆိုင္ရာ အေထာက္အကူျပဳ အျဖစ္လည္း အသုံးျပဳေန​ၾကၿပီး ဟူးေကာင္းလြင္ျပင္ေဒသ တနိုင္းဘက္မွ ထြက္ရွိသည့္ ပယင္းမ်ားမွာ လူႀကိဳက္အမ်ားဆုံး ျဖစ္သည္။

သတင္း/ဓါတ္ပုံ – မင္းမင္း(EPN)

#PeopleMedia #EPN #ပယင္း #ျမစ္ႀကီးနား

[Unicode]
တစ်ပတ်လုံး စျေးဦးပင် မပေါက်သဖြင့် ပယင်းအရောင်းဆိုင် အချို့ ဆိုင်ပါပိတ်ရ

မြစ်ကြီးနား၊ စက်တင်ဘာ ၂၂

ပြည်တွင်း၌ ဖြစ်ပွားနေသည့် COVID 19 ရောဂါကြောင့် တစ်ပတ်လုံး စျေးဦးမပေါက်သဖြင့် မြစ်ကြီးနားမြို့၊ စက်မှုရပ်ကွက်အတွင်းရှိ ကျောက်မျက်ဝင်းမှ ပယင်းအရောင်းဆိုင် အချို့ ယာယီ ရပ်နားထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက အစိုးရက ချ‌မှတ်ပေးထားတဲ့ စည်းကမ်းချက်များနဲ့အညီ ရောင်းချနေသော်လည်း ခရီးသွားလာမှု ကန့်သတ်လိုက်ခြင်းကြာင့် ပယင်းဆိုင်အချို့မှာ စျေးဦးပင် မပေါက်သဖြင့် ပိတ်ရသည် ဆိုင်များပင် ရှိကြောင်း ပယင်းရောင်းချသူ ဒေါ်ခေါမူက ပြောသည်။

“အရင် ကိုဗစ်စပြီးဖြစ်တော့၊ခရီးအသွားအလာ၊ ဘုရားဖူးတွေနည်းသွားတယ်ပေါ့၊ အဲ့တော့ ရောင်းအားတွေ ကျသွားတယ်၊ အရင်က ဆိုင်ခန်းတွေကို A ကနေ F အထိရှိတယ် တစ်တန်းမှာဆို ၁၈ဦး အထိ ရောင်းရတယ် အခုတော့ နိုင်ငံခြားသားတွေလည်း မလာတော့ဘူး၊ အောက်ပိုင်းက ဘုရားဖူးတွေ ခရီးသွားတွေလဲ မလာတော့ အဲ့တော့ မရောင်းကောင်းဘူး တချို့ဆိုင်တွေဆို ယာယီ ပိတ်ထားကြတယ်” ဟု ၎င်းကပြောသည်။

ကျောက်မျက်ဝင်းအတွင်း ပယင်းရောင်းချသူ တစ်ဦးဖြစ်သည့် ဒေါ်အားဝူမီးကလည်း “အရင်ကတော့ လမ်းပန်း ဆက်သွယ်ရေး ကောင်းတယ်၊ ဘုရားဖူးကားတွေ လာကြတယ်၊ တနေ့ကို Express ကားတွေ လေးငါးစီးလာတယ်၊ အဲ့တော့ လေးငါးသိန်း၊ ဘယ်သူမဆို တစ်သိန်း၊ နှစ်သိန်းလောက်ရောင်းရတယ်၊ အခုဟာက တစ်ပတ်တခါ ဈေးဦးပေါက်ဖို့တောင် အနိုင်နိုင် အွန်လိုင်းကနေ အသိမိတ်ဆွေတွေက ကိုယ်ပစ္စည်းလေးတွေ ကြော်ငြာ ပေးမှ ဈေးဦးပေါက်တယ်” ဟု ဆိုသည်။

တစ်ရက်တစ်ရက် ဈေးဦးပေါက်ဖို့မလွယ်ပေးမယ့်လည်း သူများတွေလို အွန်လိုင်းပေါ်ကနေ ပယင်းတွေကို ကြော်ငြာပြီး ရောင်းချသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ဒေါ်အားညီက ဆက်လက်ပြောပြ သည်။

“အခုလာလောဆယ်တော့ ကျမအွန်လိုင်းကနေ ရောင်းဖို့ အစီအစဉ်မရှိသေးဘူး။ နောက်တော့ ဖြစ်ရင်ဖြစ်လာမှာပေါ့၊ အွန်လိုင်းက ရောင်းတဲ့သူတွေက အဆင်ပြေကြတယ် ” ဟု ၄င်းက ဆိုသည်။

လူတန်းစား အလွာမျိုးစုံ ကြိုက်နှစ်သက်သည့် ပယင်းသည့် လှပပေါ့ပါးသော နဝရက်ကိုးသွယ်ဝင် ရတနာ တစ်ခု ဖြစ်ပြီးကချင်ပြည်နယ်က ကမ္ဘာကျော် ဟူးကောင်းလွင်ပြင်ဒေသ တနိုင်းမြို့နယ် မိုင်းခွန်ဒေသမှ ထွက်ရှိမှု အများဆုံး ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်မှလည်း ထွက်ရှိကြောင်း သိရသည်။

ပယင်းကို လက်ဝတ်ရတနာအဖြစ်ဝတ်ဆင်ခြင်း၊ ကျန်းမာရေး ဆေးဖက်ဆိုင်ရာ အထောက်အကူပြု အဖြစ်လည်း အသုံးပြုနေ​ကြပြီး ဟူးကောင်းလွင်ပြင်ဒေသ တနိုင်းဘက်မှ ထွက်ရှိသည့် ပယင်းများမှာ လူကြိုက်အများဆုံး ဖြစ်သည်။

သတင်း/ဓါတ်ပုံ – မင်းမင်း(EPN)

#PeopleMedia #EPN #ပယင်း #မြစ်ကြီးနား


Share this post