• Follow Us on
Latest News

Home တစ်ဖက်သတ်တောင်းဆိုမှုများကိုရပ်တန့်၍ ပိုမိုအပြုသဘောဆောင်သည့်နည်းလမ်း လက်ခံကျင့်သုံးရန် ရုရှား ကို တူရကီတိုက်တွန်း

တစ်ဖက်သတ်တောင်းဆိုမှုများကိုရပ်တန့်၍ ပိုမိုအပြုသဘောဆောင်သည့်နည်းလမ်း လက်ခံကျင့်သုံးရန် ရုရှား ကို တူရကီတိုက်တွန်း

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈ (People Media)

 

ရုရှားနိုင်ငံအနေဖြင့် တစ်ဖက်သတ်တောင်းဆိုမှုကို ရပ်တန့်ပြီး ယူကရိန်းအရေးနှင့်ပတ်သက်၍ နေတိုးမဟာမိတ် အုပ်စုဖြစ်သောအနောက်နိုင်ငံများနှင့် လိပ်ခဲတည်းလည်းဖြစ်နေသည့်အခြေအနေတွင် ပို၍အပြုသဘောဆောင် သည့်နည်းလမ်းကို လက်ခံကျင့်သုံးသည့်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြောကြားလိုက်သည်။

 

နေတိုးအဖွဲ့ဝင်ဖြစ်သော တူရကီနိုင်ငံသည် ရုရှားနိုင်ငံကစိုးရိမ်နေသည့် တိုက်ခိုက်ရေးဒရုန်းများကို ယူကရိန်းနိုင် ငံသို့ ထောက်ပံ့ခြင်းဖြင့် ရုရှားနိုင်ငံကို ဒေါသထွက်အောင်ပြုလုပ်ခဲ့သည်။ ယင်းတိုက်ခိုက်ရေးဒရုန်းများကို ယူက ရိန်းက နိုင်ငံအရှေ့ပိုင်းဒေသနှစ်ခုရှိ ခွဲထွက်ရေးဝါဒီများကိုတိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည်။

 

သို့သော် တူရကီနိုင်ငံသည် ရုရှားနိုင်ငံမှ ခေတ်မီလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များကို ဝယ်ယူလိုက် ခြင်းဖြင့် အမေရိကန်အစိုးရနှင့် နေတိုးအဖွဲ့တို့ကိုလည်း စိတ်အနှောက်အယှက်ပေးခဲ့သည်။ အဆိုပါဒုံးကျည်များ ဝယ်ယူမှုကြောင့် အမေရိကန်ပြည်ထောင်စုက တူရကီနိုင်ငံကို စီးပွားရေးအရေးယူပိတ်ဆို့မှုများချမှတ်ခဲ့သည်။

 

ရုရှားအစိုးရနှင့် အနောက်နိုင်ငံအုပ်စုများအနေဖြင့် မတူညီသည့်၎င်းတို့၏အမြင်များကို နေတိုးအဖွဲ့အကြီးအကဲ ဂျန်းဆော့တ်ဘာ့ဂျ်အဆိုပြုထားသည့် တိုက်ရိုက်ညှိနှိုင်းဆွေးနွေးသည့်နည်းလမ်းဖြင့် ရင်ဖွင့်ဆွေးနွေးကြရန် တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလတ်ကာဗယ်ဆီးဂလူးက တိုက်တွန်းလိုက်သည်။

 

ရုရှားအစိုးရက နေတိုးအဖွဲ့ကို ရုရှားနိုင်ငံအတွက် ယုံကြည်စိတ်ချရသောလုံခြုံရေးအာမခံချက်ပေးပြီး  ဆိုဗီယက် ပြည်ထောင်စုပြိုကွဲပြီးနောက် အရှေ့ဘက်သို့တိုးချဲ့လာသော နေတိုးတပ်ဖွဲ့ဝင်များကို ၎င်းတို့ မတိုးချဲ့မီ မူလက တပ်စွဲထားသည့် နေရာများသို့  ပြန်လည်ဆုတ်ခွာသွားစေချင်သည်။

 

“အဆိုပြုချက်တွေလက်ခံဖို့ိဆိုတာက နှစ်ဖက်စလုံးက လက်ခံနိုင်ဖို့လိုပါတယ်။ ရုရှားနိုင်ငံက (လုံခြုံရေးအာမခံ ဖို့) အဆိုပြုချက်တချို့ ပေးပို့တယ်။ ဒီလိုပဲ နေတိုးအဖွဲ့ကလည်း ရုရှားဆီက လုံခြုံရေးအာမခံချက်တွေရဖို့ နည်း လမ်းတွေရှာဖွေနေနိုင်တာပါပဲ။ ဒီကိစ္စက တစ်ဖက်တည်းဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။” ဟု ကာဗယ်ဆီလူး ကပြောသည်။

 

“တကယ်လို့ တောင်းဆိုချက်တွေက အစွန်းရောက်အမြင်တွေဖြစ်နေရင် … အဲ ရုရှားက အစွန်းရောက်အမြင် တွေနဲ့တောင်းဆိုနေတာပါလို့ ကျွန်တော်ပြောတာ မဟုတ်ဘူးနော်။ နှစ်ဖက်စလုံးက အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေနဲ့ ဆက်ဆံဖို့လိုပါတယ်။ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့အဆိုပြုချက်တွေနဲ့ သူတို့အဖွဲ့တွေ ဆွေးနွေး ဖို့လိုပါတယ်။” ဟု ၎င်းကပြောသည်။

 

နေတိုး-ရုရှား အစည်းအဝေးကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပရန် နေတိုးအဖွဲ့က အဆိုပြုထားကြောင်း နေတိုးအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြောသော်လည်း ယင်းအဆိုပြုချက်ကို ရုရှားနိုင်ငံက တရားဝင်လက်မခံသေး ကြောင်းသိရသည်။

 

Ref: Turkey Urges Russia to Drop ‘One-Sided’ NATO Demands

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Turkey Urges Russia to Drop ‘One-Sided’ NATO Demands

 

#PeopleMedia


Share this post