• Follow Us on

Home “တစ္မ်ိဳးသားလုံး လူၫြန္႔တုံးေစမည့္ မူးယစ္ေဆးဝါးအႏၲရာယ္ႏွင့္ တပ္မေတာ္၏ စြမ္းေဆာင္ခ်က္မ်ား”

“တစ္မ်ိဳးသားလုံး လူၫြန္႔တုံးေစမည့္ မူးယစ္ေဆးဝါးအႏၲရာယ္ႏွင့္ တပ္မေတာ္၏ စြမ္းေဆာင္ခ်က္မ်ား”

Share this post

ေဆာင္းပါး – ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း(ေရနံေခ်ာင္း)၊ မင္းသီဟ

 

“ေဆာင္းႏွင္းေဖြးေဖြးေလး ေတာင္တန္းမ်ားၾကားမွာ ေအးခ်မ္းလွတဲ့ ကြၽန္ေတာ္တို႔ၿမိဳ႕ေလးကို အလည္တစ္ေခါက္ အေရာက္လာပါလားကြဲ႕ ” ဆိုသည့္ သီခ်င္းေလးကို လူတိုင္းလိုလိုပင္နားေထာင္ဖူးၾကေပလိမ့္မည္။ သီခ်င္း စာသားေလးအတိုင္း အမွန္ပင္ ရွမ္းျပည္နယ္အတြင္းရွိၿမိဳ႕ေလးမ်ားမွာ သာယာ လွေပသည္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ ေကာင္းခါး ေဒသသည္လည္း စိမ္းလန္းေသာေတာင္တန္းမ်ားက ဝန္းရံထားကာ ၿမိဳ႕ပတ္ ဝန္းက်င္တြင္ ေတာင္ယာစိုက္ခင္းမ်ား ေကာင္းခါးၿငိမ္းခ်မ္းေရး ေရကန္သာတို႔ျဖင့္ သာ ယာဖြယ္ရႈခင္းမ်ားေတြ႕ျမင္ရၿပီး ၿမိဳ႕ဦးထိပ္ရွိေတာင္တန္း ေပၚတြင္ မဟာဓမၼရံသီရန္ေအာင္ေစတီေတာ္ႀကီးကိုလည္း ၾကည္ညိဳဖြယ္ရာ ေတြ႕ျမင္ရသည္ျဖစ္ရာ ေကာင္းခါးေဒသသည္ သာယာေအးခ်မ္းလွေသာ ေဒသေလးတစ္ခုအျဖစ္ ရွိေနႏွင့္ခဲ့ၿပီးျဖစ္သည္။ ထိုေကာင္းခါးေဒသသည္ ရွမ္းျပည္နယ္အတြင္းတြင္တည္ရွိေသာ္လည္း ေဒသခံကခ်င္လူမ်ိဳးအမ်ားစု ေနထိုင္သည့္ေဒသတစ္ခုလည္းျဖစ္ သည္။ ကြၽႏ္ုပ္တို႔ႏိုင္ငံသည္ ျပည္ေထာင္စု ျမန္မာႏိုင္ငံျဖစ္သည့္အား ေလ်ာ္စြာ ျပည္နယ္အသီးသီးတြင္ တိုင္းရင္းသားမ်ား စုစည္းေနထိုင္ၾကသည္မွာ အဆန္းေတာ့မဟုတ္ေပ။

 

ထိုသို႔သာယာလွပသည့္ ေကာင္းခါးေဒသအတြက္ ဆန္႔က်င္ဘက္ သတင္းတစ္ခုကို ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔ထုတ္ သတင္းစာတြင္ ဖတ္ရႈ မိလိုက္ေသာအခါ စိတ္မေကာင္းျဖစ္မိပါေတာ့သည္။ တပ္မေတာ္မွတပ္ရင္း တစ္ရင္းသည္ ကြတ္ခိုင္ၿမိဳ႕နယ္၊ ေကာင္းခါးေက်းရြာအုပ္စု နယ္ေျမအတြင္း နယ္ေျမလုံၿခဳံေရးေဆာင္ ရြက္ရာမွ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔တြင္ လြယ္ခမ္ ေက်းရြာ၏ ေျမာက္ဘက္မီတာ ၁၅၀၀ ခန္႔အကြာ ေတာအုပ္အတြင္း၌ ေျမတိုက္ခန္းျပဳ လုပ္၍ ေျမႀကီးျပန္လည္ဖုံးအုပ္ထားသည့္ေနရာ၌ သိုဝွက္ ထားေသာစိတ္ႂကြ႐ူးသြပ္ေဆးျပား ၃၇,၈၀၀ ျပားႏွင့္ မူးယစ္ေဆးဝါးထုတ္လုပ္ ရာတြင္ အသုံးျပဳေသာ ဆက္စပ္ပစၥည္းမ်ား စုစုေပါင္း ကာလတန္ဖိုး ၅၆,၇၀၀,၀၀၀ က်ပ္ စတင္ေတြ႕ရွိသိမ္း ဆည္းရမိခဲ့သည့္သတင္းအား ဖတ္ရႈ မိလိုက္ျခင္းပင္ျဖစ္သည္။

 

ေနာက္ဆက္တြဲသတင္းထုတ္ျပန္ခ်က္မ်ားအရ တပ္မေတာ္အေနျဖင့္ လြယ္ခမ္ေက်းရြာအနီးပတ္ဝန္းက်င္အား ေျမျပင္သတင္းေဖာ္ထုတ္ခဲ့ၿပီး လိုအပ္သည့္တပ္အင္အား စုဖြဲ႕မႈမ်ားျပဳလုပ္ကာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕ဝင္ အင္အား ၃၀၀ ဦးကို ေလယာဉ္ျဖင့္ အျမန္ေပးပို႔အင္အားျဖည့္ခဲ့ၿပီးေနာက္ တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ပူးေပါင္း၍ ရွာေဖြေဖာ္ထုတ္ျခင္းမ်ားေဆာင္ရြက္ခဲ့ရာ ေဖ ေဖာ္ဝါရီလ ၂၈ ရက္ေန႔မွ ဧၿပီလ ၁ ရက္ေန႔အထိ မူးယစ္ ေဆးဝါး ၄၄ ႀကိမ္ ေဖာ္ထုတ္သိမ္းဆည္းရမိခဲ့ၿပီး စိတ္ႂကြေဆးျပား ၁၄၈,၇၉၆,၆၀၀ ျပား၊ ဘိန္းျဖဴ ၂၈၆.၂၃ ကီလိုဂရမ္၊ ဘိန္းညိဳ ၂၉၁ ကီလိုဂရမ္၊ ဘိန္းျဖဴခဲ ၁.၆ ကီလို ဂရမ္၊ ဘိန္းဆီခဲ ၁၆ ကီလိုဂရမ္၊ ေဆးျပားအေၾက မႈန္႔ ၁၂.၆၅ ကီလိုဂရမ္၊ ဘိန္း စိမ္း ၁၃၅ ကီလိုဂရမ္ႏွင့္ ICE ၅၀၉ ကီလိုဂရမ္ႏွင့္ မူးယစ္ေဆးဝါးခ်က္လုပ္ရာ တြင္ အသုံးျပဳသည့္ဆက္စပ္ ပစၥည္း ၂၄၉ မ်ိဳး အပါအဝင္ မူးယစ္ေဆးဝါးႏွင့္ဆက္စပ္ပစၥည္း စုစုေပါင္းကာလတန္ဖိုး က်ပ္သိန္းေပါင္း ၃၉၃ ဘီလီယံေက်ာ္သိမ္း ဆည္း ရရွိခဲ့ေၾကာင္း ဖတ္ရႈေလ့လာမိပါသည္။ အဆိုပါမူးယစ္ေဆးဝါးႏွင့္ဆက္ စပ္ပစၥည္းမ်ားကို လြယ္ခမ္ေက်းရြာ အတြင္းရွိ ေနအိမ္ ၃၈ အိမ္မွ ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရွိရၿပီး မူးယစ္ေဆးဝါးမ်ားႏွင့္အတူ လက္နက္မ်ိဳးစုံ ၇၃ လက္ႏွင့္ ယာဉ္မ်ိဳးစုံ ၂၂ စီးကိုလည္း ေဖာ္ထုတ္သိမ္းဆည္းရမိခဲ့ေၾကာင္းႏွင့္ တရားဉပေဒစိုးမိုးေရးလုပ္ငန္းႏွင့္ မူးယစ္ေဆးဝါးတရားခံမ်ားဖမ္းဆီး ရမိ ေရး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္း၍ ေဆာင္ရြက္ခဲ့ရာ လက္နက္မႈ ၁ မႈ၊ မူးယစ္ေဆးဝါးမႈ ၅၂ မႈ၊ ဖမ္းဆီးရရွိ တရားခံ က်ား ၂၈ ဦး၊ မ ၄ ဦး၊ တရားခံေျပး က်ား ၃၈ ဦး၊ မ ၂ ဦး၊ စုံစမ္းဆဲ ၈ ဦးအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူ အမႈဖြင့္ေဆာင္ ရြက္ႏိုင္ခဲ့သည္ကို ဖတ္ရႈခဲ့ရသည္။

 

ထိုသို႔ဖမ္းဆီးရမိမႈမ်ားႏွင့္ ပတ္သက္သည့္သတင္းမ်ားကို ေလ့လာ ရယူႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံဆိုင္ရာႏိုင္ငံျခားစစ္သံမွဴးမ်ားႏွင့္ ဒုတိယ စစ္သံမွဴးမ်ား၊ ႏိုင္ငံအလိုက္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးအဖြဲ႕မ်ား၊ ျမန္မာ ႏိုင္ငံဆိုင္ရာ မူးယစ္ေဆးဝါးတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ျပည္တြင္း/ ျပည္ပသတင္း မီဒီယာမ်ားအား မတ္လ ၆ ရက္ေန႔တြင္ ေကာင္းခါးေဒသသို႔ တပ္မေတာ္ရဟတ္ယာဉ္မ်ားျဖင့္ ေန႔ခ်င္းျပန္ပို႔ေဆာင္ေပးခဲ့ၿပီး လိုက္ပါလာေသာ ျပည္တြင္း/ျပည္ပမီဒီယာမ်ားႏွင့္ စစ္သံ မွဴးမ်ားကို တာဝန္ရွိသူမ်ားက မူးယစ္ေဆးဝါးမ်ားႏွင့္ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့ျခင္းႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားခဲ့သည္။ တပ္မေတာ္မွ တာဝန္ရွိသူမ်ားကေျပာၾကားရာတြင္ ရွမ္းျပည္နယ္ေဒသအခ်ိဳ႕တြင္ ဘိန္းစိုက္ပ်ိဳးျခင္း၊ မူးယစ္ေဆးဝါးထုတ္လုပ္ျခင္းမ်ားရွိေနၿပီး မူးယစ္ေဆးဝါးသည္ တစ္မ်ိဳးသားလုံး၏အႏၲရာယ္ျဖစ္သည့္အတြက္ တားဆီးႏွိမ္နင္းေရး လုပ္ငန္းမ်ားကို စစ္ဆင္ေရးတစ္ရပ္သဖြယ္ တိုးျမႇင့္လုပ္ေဆာင္သြားရန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လမ္းၫႊန္ခ်က္ေပး ခဲ့သည္။ တပ္မေတာ္မွ အရာရွိႀကီးတစ္ဦးအား ၎စစ္ဆင္ေရး၌ အနီးကပ္ ႀကီးၾကပ္ကြပ္ကဲရန္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္သို႔ေစလႊတ္၍ ႀကီးၾကပ္ေစခဲ့သည္။

 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏လမ္းၫႊန္ခ်က္အရ တပ္မေတာ္ ႏွင့္ ဒီအီးေအ၊ ေအအက္ဖ္ပီ၊ ျသစေၾတးလ်အဖြဲ႕မ်ား ေပါင္းစပ္ညႇိႏႈိင္းသတင္း ရယူမႈမ်ားေဆာင္ရြက္ခဲ့သည့္အတြက္ အက်ိဳးရွိေသာသတင္းမ်ားရရွိခဲ့သည္။ ေဖာ္ထုတ္ရရွိေသာေျမျပင္သတင္းမ်ားႏွင့္ အမာခံသတင္းေပးမ်ားမွတစ္ဆင့္ ရရွိေသာတင္းမ်ား ေပါင္းစပ္ညႇိႏႈိင္းေဆာင္ရြက္ခဲ့သည္။ တိုင္းရင္းသား လက္နက္ကိုင္မ်ားရွိသည့္နယ္ေျမမ်ားတြင္ နယ္ေျမမၿငိမ္းခ်မ္းမႈကို အကာအကြယ္ယူ၍ မူးယစ္ေဆးဝါးအေျမာက္အျမား ထုတ္လုပ္လ်က္ရွိသည္။ မူးယစ္ေဆးဝါးထုတ္ လုပ္မႈကို ရွမ္းျပည္နယ္အတြင္းေဒသမ်ားတြင္ေဆာင္ရြက္ကာ ျပည္ပသို႔သယ္ ယူပို႔ ေဆာင္ေရးႏွင့္ေရာင္းခ်ျခင္းကို ရခိုင္ေဒသဘက္တြင္ ပင္လယ္ေရလမ္းမွတစ္ ဆင့္ ေဆာင္ရြက္လ်က္ရွိသည္။ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးႏွင့္ဆက္စပ္ပစၥည္းမ်ားကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕သို႔ စနစ္တက် လႊဲေျပာင္းေပးခဲ့သည္။ မူး ယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွတာဝန္ရွိသူက ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း မူးယစ္ေဆးဝါးဖမ္းဆီးရမိသည့္ ျဖစ္စဉ္ မ်ားအေပၚသုံးသပ္ၿပီး ၂၀၁၃ ခုႏွစ္မွ  ၂၀၁၉ ခုႏွစ္အတြင္း အထူးစစ္ဆင္ေရး ၂၈ ႀကိမ္ ေဆာင္ရြက္ခဲ့သည့္အေျခအေနမ်ားကိုရွင္းျပခဲ့သည္။ ၂၀၂၀ ျပည့္ႏွစ္ တြင္ အထူးစစ္ဆင္ ေရး (ဝမ္းဖိုက္ဝမ္းဝမ္း) ကိုေဆာင္ရြက္လ်က္ရွိၿပီး ေရႊႀတိဂံ ေဒသအတြင္းမွ မူး ယစ္ေဆးဝါးမ်ားကို အျခားေဒသတြင္းပ်ံ႕ႏွံ႔မႈမရွိေစေရး ရည္ရြက္ခ်က္ျဖင့္ MoU အဖြဲ႕ဝင္ ၆ ႏိုင္ငံပူးေပါင္းေဆာင္ရြက္လ်က္ရွိသည္။ ထို႔အျပင္ Mobile X-ray ယာဉ္တပ္ဆင္ၿပီး မူးယစ္ေဆးဝါးေဖာ္ထုတ္ဖမ္းဆီးမႈမ်ား ေဆာင္ရြက္ခဲ့သည္။ ရခိုင္ျပည္နယ္အတြင္း မူးယစ္ေဆးဝါးမ်ားေဖာ္ထုတ္ဖမ္းဆီး ရမိခဲ့သည္။ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္အသုံးျပဳသည့္ Promethazine ကိုအတည္ျပဳဖမ္းဆီးႏိုင္ရန္ အခ်ိန္ႏွင့္တစ္ေျပးညီ ONCB ႏွင့္ သတင္းဖလွယ္ႏိုင္ခဲ့သည္။ Prome -thazine ႏွင့္ပတ္သက္၍ ONCB အေနျဖင့္ ထိုင္းႏိုင္ငံ FDA  ႏွင့္ပူးေပါင္းေဆာင္ရြက္လ်က္ရွိသည္။ AFP ႏွင့္သတင္းဖလွယ္မႈအရ ရန္ကုန္တြင္ ႏိုင္ငံျခား သားႏွစ္ဦးအပါအဝင္ ျမန္မာႏိုင္ငံသားတစ္ဦးႏွင့္အတူ ICE ၇၄ ကီလိုဂရမ္ဖမ္းဆီးရမိခဲ့သည္။ ထို႔အျပင္ တပ္မေတာ္(ေရ)မွ ေကာ့ေသာင္း ၿမိဳ႕ အေနာက္ဘက္ ပင္လယ္ျပင္တြင္ ICE အမ်ားအျပား ဖမ္းဆီးရမိ ခဲ့သည္။ ၂၀၁၉ ခုႏွစ္တြင္ ထိန္းခ်ဳပ္ဓာတုပစၥည္း ဖမ္းဆီးရရွိမႈေလ်ာ့က်လာခဲ့ၿပီး ေနာက္ပိုင္းတြင္ ဥပေဒကိုေရွာင္လႊဲၿပီး ထိန္းခ်ဳပ္ထားျခင္းမရွိသည့္ မူးယစ္ ေဆးဝါးထုတ္လုပ္ရာတြင္အသုံးျပဳႏိုင္သည့္ ဓာတုပစၥည္းမ်ား သယ္ေဆာင္ေရာင္းဝယ္ျခင္းမ်ားကို ျပဳ လုပ္လာၾကသည္။ တိုင္းရင္းသား လက္နက္ကိုင္ အခ်ိဳ႕အေနျဖင့္ နယ္စပ္ေဒသမွတစ္ဆင့္ ႏိုင္ငံျဖတ္ေက်ာ္ မူးယစ္ေဆးဝါး ဂိုဏ္းမ်ားႏွင့္ခ်ိတ္ဆက္ၿပီး အိမ္နီး ခ်င္းႏိုင္ငံမ်ားသို႔ ပို႔ေဆာင္လ်က္ရွိသည္။ တာဝန္ရွိသူမ်ား၏ ရွင္းလင္းတင္ျပခ်က္မ်ားကို မတ္လ ၇၊ ၈၊ ၉ ရက္ထုတ္ ျမဝတီသတင္းစာမ်ားမွာ ဆက္တိုက္ဆိုသလို ဖတ္ရႈခဲ့ရၿပီးျဖစ္သည္။

 

အထက္ပါျဖစ္စဉ္ျဖစ္ရပ္မ်ားသည္ သာယာလွပေသာေကာင္းခါးေဒသ ကိုအ႐ုပ္ဆိုးေစသည့္ အေၾကာင္းအရာမ်ားျဖစ္ခဲ့သည္။ သတင္းေဖာ္ထုတ္ခ်က္ မ်ားအရ ဖမ္းဆီးရမိမူးယစ္ေဆးဝါးမ်ား၊ ဆက္စပ္ပစၥည္းမ်ားမွာ လြယ္ခမ္ (ဌာေန) ျပည္သူ့စစ္အဖြဲ႕ႏွင့္ဆက္စပ္မႈရွိႏိုင္ေၾကာင္း ေဖာ္ထုတ္ေတြ႕ရွိခဲ့ရသည္။ လြယ္ခမ္ ျပည္သူ့စစ္အဖြဲ႕သည္ ေကာင္းခါးျပည္သူ့စစ္(ဌာေန)အဖြဲ႕၏ လက္ ေအာက္ခံ အဖြဲ႕ျဖစ္ၿပီး ေကာင္းခါးျပည္သူ့စစ္အဖြဲ႕ေပၚေပါက္လာပုံကို စိတ္ဝင္ စားဖြယ္ ေလ့လာၾကည့္ေသာအခါ ၁၉၄၉ ခုႏွစ္၊ ကရင္တိုင္းရင္းသား မ်ား လက္နက္ကိုင္ ပုန္ကန္ရာတြင္ ကခ်င္တိုင္းရင္းသားအခ်ိဳ႕ လိုက္ပါေတာခို ရာမွ ၁၉၆၀ ျပည့္ႏွစ္တြင္ ကခ်င္လြတ္ေျမာက္ေရးအစည္းအ႐ုံး(KIO)၊ ကခ်င္လြတ္ ေျမာက္ေရး တပ္မေတာ္(KIA)ဖြဲ႕စည္းခဲ့သည္။ KIA စတင္ဖြဲ႕စည္းစဉ္က တပ္ မဟာ ၂ ခုျဖင့္သာ ဖြဲ႕စည္းလႈပ္ရွားခဲ့ၿပီး ၁၉၇၂ ခုႏွစ္တြင္ တပ္မဟာ ၄ ခုထိ တိုးခ်ဲ႕ဖြဲ႕စည္း လႈပ္ရွား ခဲ့သည္။ တပ္မဟာ(၄)သည္ ကြတ္ခိုင္ေဒသတြင္ လႈပ္ရွားခဲ့သည္။ ၁၉၈၉ ခုႏွစ္ တြင္ KIA တပ္မဟာ(၄)တစ္ဖြဲ႕တည္း သာက်န္ခဲ့ၿပီး ဆက္ စပ္ေဒသမ်ားသည္ ၿငိမ္းခ်မ္းေရးရရွိၿပီးျဖစ္သည္။ ဒုတိယတပ္မဟာမွဴး ဦးမထုေနာ္သည္ အေျခအေနအရပ္ရပ္ကိုသုံးသပ္၍ KIA ဗဟိုမွခြဲထြက္ၿပီး ၿငိမ္းခ်မ္းေရးရယူရန္ ယာယီေကာ္မတီတစ္ခုအား လွ်ိဳ႕ဝွက္ဖြဲ႕စည္းခဲ့သည္။ ၎ေနာက္ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးခြင့္ရရွိရန္ တပ္မေတာ္ေထာက္လွမ္းေရး သို႔ဆက္သြယ္ခဲ့ သည္။

 

၁၉၉၁ ခုႏွစ္၊ ဇန္နဝါရီလ ၁၃ ရက္ေန႔တြင္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးဦးေဆာင္ေသာ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕မွ ဦးမထုေနာ္ေခါင္းေဆာင္ေသာ KIA တပ္မဟာ(၄)အဖြဲ႕အား လားရႈိးၿမိဳ႕တြင္ေတြ႕ဆုံေဆြးေႏြးခဲ့သည္။ လက္နက္ကိုင္လမ္းစဉ္စြန္႔လႊတ္၍ ၿငိမ္းခ်မ္းေရးရယူရန္ သေဘာတူညီခဲ့သည္။ ဦးမထုေနာ္ေခါင္းေဆာင္ေသာ လူ ၂၀၀၀ ဦး၊ လက္နက္မ်ိဳးစုံ ၂၀၀၉ လက္ပါရွိသည့္ တပ္မဟာ(၄)အင္အားစုအား “ ကခ်င္အမ်ိဳးသား တိုးတက္ေရးႏွင့္လုံၿခဳံေရးတပ္မေတာ္ ” (Kachin Defence Army– KDA) အျဖစ္ ေျပာင္းလဲဖြဲ႕စည္းခဲ့သည္။ ႏိုင္ငံေတာ္အစိုးရမွလည္း ၁၉၉၁ ခုႏွစ္၊ ဇန္န ဝါရီလ ၁၁ ရက္ေန႔မွစ၍ မတရားအသင္းမွပယ္ဖ်က္ေပးခဲ့သည္။ KDA အဖြဲ႕အား “ ရွမ္းျပည္နယ္ေျမာက္ပိုင္းအထူးေဒသ(၅) ” အျဖစ္သတ္မွတ္၍ ရိကၡာ၊ ေငြေၾကးေထာက္ပံ့ကူညီကာ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ေဆာင္ရြက္ေပးခဲ့သည္။

 

၂၀၀၈ ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဉပေဒအရ ႏိုင္ငံေတာ္တြင္ တပ္မေတာ္ တစ္ရပ္တည္းသာရွိရမည္ဟူေသာ အေျခခံမူအတိုင္း ၂၀၀၉ ခုႏွစ္၊ ဧၿပီလ ၂၈ ရက္ေန႔မွစ၍ အသြင္ကူးေျပာင္းေရးအစီအမံမ်ားအား စတင္အေကာင္ အထည္ေဖာ္ေဆာင္ရြက္ခဲ့ရာ အထူးေဒသ(၅) KDA အဖြဲ႕အား ၂၀၀၉ ခုႏွစ္၊ ေမလ ၂၂ ရက္ေန႔တြင္ စတင္ေတြ႕ဆုံေဆြးေႏြး ေျပာၾကားခဲ့သည္။ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)အထူးေဒသ(၅) KDA အဖြဲ႕သည္ ျပည္သူ့ စစ္ဖြဲ႕စည္းရန္လူအင္အား ၈၅၀ ဦး၊ လက္နက္အင္အား ၉၆၁ လက္ျဖင့္ နာယက အဖြဲ႕အပါအဝင္ အဖြဲ႕ ၁၁ ဖြဲ႕ ဖြဲ႕စည္းရန္တင္ျပမႈအေပၚ အမာခံအင္ အား ၂၉၀ ေယာက္၊ အရံအင္အား ၅၆၀ ဦး၊ ေပါင္း ၈၅၀ ဦး၊ လက္နက္ႀကီး/ငယ္ ၁၁၀၈ လက္ျဖင့္ ျပည္သူ့စစ္အျဖစ္ အသြင္ ေျပာင္းဖြဲ႕စည္းခဲ့သည္။

 

ေကာင္းခါးျပည္သူ့စစ္(ဌာေန)အဖြဲ႕အား ေကာင္းခါးႀကီးၾကပ္ေရး၊ ေကာင္းခါး(၁)၊ ေကာင္းခါး(၂)၊ ေကာင္းခါး(၃)၊ ဟိုဖ်က္၊ လြယ္ခမ္၊ ကာလိုင္၊ မန္ယုံေမာ္၊ မန္လင္၊ ဟိုခိုႏွင့္ မန္မတ္ စသည့္ ၁၁ ဖြဲ႕ျဖင့္ ဖြဲ႕စည္းထားရွိသည္။ ေကာင္းခါးျပည္သူ့စစ္(ဌာေန)အဖြဲ႕သည္ တပ္မေတာ္ႏွင့္ပူးေပါင္း၍ စစ္ဆင္ေရး တာဝန္မ်ားကိုထမ္းေဆာင္ခဲ့သည္ကို ေလ့လာေတြ႕ရွိရသည္။ ထူးျခားေသာ တိုက္ပြဲျဖစ္စဉ္မ်ားအေနျဖင့္ ၂၀၁၉ ခုႏွစ္၊ ျသဂုတ္လ  ၁၈ ရက္ေန႔တြင္ ေရွ႕ တန္းအမွတ္(၂၉၀)ေျခလ်င္တပ္ရင္းမွ စု႐ုံး ၁ စိတ္ႏွင့္ ေကာင္းခါးျပည္သူ့စစ္ (ဌာေန)အဖြဲ႕မွ ဦးလီတာဖ ဦးစီးအင္အား ၂၂ ဦးတို႔ပူးေပါင္း၍ နမ့္ခိုင္ယာယီ ေျခကုပ္စခန္း၌ စခန္းထိန္းတာဝန္ထမ္းေဆာင္စဉ္ MNDAA/TNLA ေသာင္း က်န္းသူ အဖြဲ႕ ၇၀ ဦးႏွင့္တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ၂၀၁၉ ခုႏွစ္၊ ျသဂုတ္လ ၁၉ ရက္တြင္ MNDAA/ TNLA ေသာင္းက်န္းသူအဖြဲ႕ ၁၁၀ ဦးျဖင့္ ထပ္မံတိုက္ပြဲ ျဖစ္ပြားခဲ့သည္။ ေကာင္းခါးျပည္သူ့စစ္(ဌာေန)အဖြဲ႕သည္ တပ္မေတာ္ႏွင့္ ပူးေပါင္း၍ နယ္ေျမေဒသဖြံ႕ၿဖိဳးေရး၊ စည္း႐ုံးေရးလုပ္ငန္းဆိုင္ရာမ်ား ေဆာင္ရြက္ႏိုင္ခဲ့ၿပီး ေကာင္းခါးေက်းရြာအုပ္စုႏွင့္ အနီးပတ္ဝန္းက်င္ေက်းရြာမ်ား တြင္ ေရအားလွ်ပ္ စစ္စက္႐ုံ ၂ ခု၊ ေက်းလက္က်န္းမာေရးေဆးေပးခန္း ၁၀ ခု၊ ေက်းလက္က်န္းမာ ေရးဌာနခြဲ ၃ ခု၊ ေက်းရြာခ်င္းဆက္ေျမသားလမ္း ၅ ေနရာ၊ ေက်းရြာခ်င္းဆက္ကတၱရာလမ္း ၂ ေနရာ၊ ေက်းရြာခ်င္းဆက္တံတား ၁၃ စင္း၊ အေျခခံပညာအထက္တန္းေက်ာင္း ၁ ေက်ာင္း၊ အေျခခံပညာ အလယ္တန္း ေက်ာင္း ၅ ေက်ာင္း၊ အေျခခံပညာမူလတန္းေက်ာင္း ၂၆ ေက်ာင္း၊ အမ်ိဳးသား စာေပသင္ၾကားမႈေက်ာင္း  ၁ ေက်ာင္း၊ တ႐ုတ္စာေပ ႏွင့္ယဉ္ေက်းမႈေက်ာင္း ၂ ေက်ာင္း၊ ဗုဒၶဘာသာဘုန္းေတာ္ႀကီး ေက်ာင္း ၁၁ ေက်ာင္း၊ ခရစ္ယာန္ႏွစ္ျခင္း ဘုရားေက်ာင္း ၁၉ ေက်ာင္း၊ ခရစ္ယာန္ ကက္သလစ္ဘုရားေက်ာင္း ၁၀ ေက်ာင္းတို႔ကို တည္ေဆာက္ေဆာင္ရြက္ ေပးႏိုင္ခဲ့သည္ကို ေတြ႕ရွိရသည္။ ေကာင္းခါးျပည္သူ့စစ္(ဌာေန)အဖြဲ႕သည္ တပ္မေတာ္ႏွင့္လက္တြဲ၍ စစ္ဆင္ေရး တာဝန္ထမ္းေဆာင္ျခင္း၊ ေကာင္းခါးေဒသဖြံ႕ၿဖိဳးေရးအတြက္ ႀကိဳးပမ္းေဆာင္ ရြက္ေပးျခင္း စသည္ျဖင့္ အတိတ္ကေကာင္းမြန္ေသာသမိုင္းေၾကာင္းမ်ားရွိခဲ့ေၾကာင္း ေတြ႕ရသည္။

 

သို႔ေသာ္ သတင္းေဖာ္ထုတ္ခ်က္မ်ားအရ လြယ္ခမ္ျပည္သူ့စစ္အဖြဲ႕၏ မူးယစ္ေဆးဝါးႏွင့္ပတ္သက္ဆက္ႏႊယ္မႈႏွင့္စပ္လ်ဉ္း၍ ေကာင္းခါး (ဌာေန) ျပည္သူ့စစ္အဖြဲ႕သည္  ဆက္စပ္ပတ္သက္မႈရွိခဲ့သျဖင့္ အေရွ႕ ေျမာက္တိုင္း စစ္ဌာန ခ်ဳပ္မွ တာဝန္ရွိသူမ်ားက ေကာင္းခါးျပည္ သူ့စစ္(ဌာေန) အဖြဲ႕မွ အဖြဲ႕လိုက္ ေခါင္းေဆာင္မ်ားအား ေခၚယူသတိေပးညႇိႏႈိင္း ေဆြးေႏြးခဲ့သည္။ ေကာင္းခါးျပည္သူ့စစ္(ဌာေန)အဖြဲ႕က ၎တို႔၏နယ္ေျမအတြင္း ျဖစ္ေပၚခဲ့ေသာ မူးယစ္ ေဆးဝါးႏွင့္ဆက္စပ္ပစၥည္းမ်ားသိမ္းဆည္းရမိမႈ၊ အဖြဲ႕ အစည္း၏လက္နက္ကိုင္ ေဆာင္ရြက္မႈကိုအကာအကြယ္ျပဳ၍ မူးယစ္ေဆးဝါးထုတ္လုပ္မႈမ်ားတြင္ ပတ္ သက္ေနသည့္သေဘာ သက္ေရာက္မည္ကို လည္း နားလည္သျဖင့္ ၎တို႔၏ လက္နက္မ်ားကို တပ္မေတာ္ထံအပ္ႏွံ သြားရန္ဆုံးျဖတ္ခဲ့သည္။ ၎တို႔အေနျဖင့္ ယခင္ကတည္းက လက္နက္ ကိုေရရွည္စြဲကိုင္ထားရန္ ဆႏၵမရွိျခင္း၊ သာမန္အရပ္သားအေနျဖင့္ ေရရွည္ တရားဝင္စီးပြားေရးလုပ္ငန္း မ်ားအျဖစ္ စိုက္ပ်ိဳး ေရးႏွင့္ေမြးျမဴေရးလုပ္ငန္းမ်ား အျမန္ဆုံးထူေထာင္လုပ္ကိုင္ ေဆာင္ရြက္လိုစိတ္ရွိျခင္းေၾကာင့္ ႏိုင္ငံေတာ္မွခြင့္ ျပဳသည့္တရားဝင္စီးပြားေရး လုပ္ငန္းမ်ားကို ဆက္လက္လုပ္ကိုင္ျခင္းမ်ား ေဆာင္ရြက္သြားလိုသည္ကို ေဆြးေႏြးခဲ့ၾကသည္။

 

တပ္မေတာ္အေနျဖင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားေဆာင္ရြက္စဉ္ မိသားစုမ်ားစားသုံးႏိုင္ေရး လစဉ္လိုအပ္သည့္ ဆန္ ၅၅၀ အိတ္၊ ဆီ ၅ ေပပါ၊ ကုလားပဲ ၅၀ အိတ္အားေထာက္ပံ့ေပးျခင္း၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္း မ်ားအတြက္ လိုအပ္သည့္အရင္းအႏွီးမ်ားေတာင္းခံလာပါက အတိုးမဲ့ေခ်းေပး ျခင္း၊ နည္းပညာအကူအညီေပးျခင္း၊ ယခင္ျပည္သူ့စစ္အဖြဲ႕ပိုင္ သတၱဳ/ ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္းမ်ားအား တရားဥပေဒႏွင့္အညီ ဆက္လက္ လုပ္ကိုင္ေဆာင္ရြက္ေစျခင္း စသည္တို႔ကို တပ္မေတာ္အေနျဖင့္ေဆာင္ရြက္ ေပးမည္ျဖစ္သည္ကို တာဝန္ရွိသူမ်ားကေဆြးေႏြးညႇိႏႈိင္းခဲ့ၾကသည္။

 

ေကာင္းခါးျပည္သူ့စစ္အဖြဲ႕အေနျဖင့္ ၿငိမ္းခ်မ္းေရးရယူစဉ္ကပင္ ေရရွည္ လက္နက္စြဲကိုင္ထားရန္ ရည္ရြယ္ခ်က္မရွိျခင္း၊ အဖြဲ႕အစည္းအတြင္း ေနရာ အသီးသီး၌ လုံၿခဳံေရးေဆာင္ရြက္လ်က္ရွိၾကသည့္ ေကာင္းခါး ျပည္သူ့စစ္တပ္ ဖြဲ႕ဝင္မ်ားအေနျဖင့္ သက္ဆိုင္ရာ တာဝန္ခံေခါင္းေဆာင္အသီးသီး၏ တာဝန္ယူမႈ၊ ေရရွည္ေအးခ်မ္းတည္ၿငိမ္စြာျဖင့္ နယ္ေျမေဒသဖြံ႕ၿဖိဳးတိုး တက္ေရး အတြက္ တရားဝင္စီးပြားေရးလုပ္ငန္းတို႔ျဖင့္သာရပ္တည္လိုမႈ စသည့္ စိတ္ဆႏၵမ်ားေၾကာင့္ ၎တို႔ကိုင္ေဆာင္ေသာ လက္နက္၊ ခဲယမ္း မ်ားကို တပ္မေတာ္သို႔ မတ္လ ၂၉ ရက္ေန႔တြင္ အၿပီးတိုင္အပ္ႏွံခဲ့ရာ ယေန႔အထိ စုစုေပါင္း လက္နက္မ်ိဳးစုံ ၁၉၀၆ လက္၊ က်ည္မ်ိဳးစုံ ၅၁၀၀၆၂ ေတာင့္၊ ဗုံးသီး၊ ဒုံးသီးမ်ိဳးစုံ ၂၁၉၇ လုံး၊ လက္ပစ္ဗုံး ၁၁၀၀ လုံး၊ မိုင္း ၂၉ လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ား အပ္ႏွံၿပီးျဖစ္သည္။

 

စင္စစ္ျမန္မာႏိုင္ငံသို႔ မူးယစ္ေဆးစတင္ပ်ံ႕ႏွံ႔ခဲ့ျခင္းသည္ ကိုလိုနီေခတ္ ကတည္းက စတင္ခဲ့ျခင္းျဖစ္သည္။ ၁၈၅၃ ခုႏွစ္တြင္ ၿဗိတိသွ်တို႔က ေအာက္ ျမန္မာႏိုင္ငံကိုသိမ္းပိုက္ခဲ့ၿပီး အိႏၵိယမွ ဘိန္းကိုစတင္သြင္းလာကာ ကိုလိုနီ အစိုးရထံ တရားဝင္မွတ္ပုံတင္ၿပီး ဘိန္းစားသူ ၅၅၀၀၀ အထိရွိခဲ့သည္။ မွတ္ပုံမတင္ဘဲဘိန္းစားသူ တစ္ဝက္ခန္႔ရွိသည့္အတြက္ ထိုအခ်ိန္က ဘိန္းစား ဦးေရ တစ္သိန္းနီးပါးရွိခဲ့သည္။ ၁၉၅၀ ခုႏွစ္တြင္ ျမန္မာအစိုးရက ဘိန္းစား ျခင္းကို ဥပေဒျပ႒ာန္း၍ပိတ္ပင္ခဲ့သည္။ ကိုလိုနီေခတ္တြင္ ရွမ္းျပည္နယ္၌ ဘိန္းလုပ္ ငန္းဖြံ႕ၿဖိဳးမႈ အားေကာင္းခဲ့သည္။ ရွမ္းျပည္နယ္သို႔ ကူမင္တန္ တ႐ုတ္ျဖဴမ်ားက်ဴးေက်ာ္ဝင္ေရာက္လာၿပီးေနာက္တြင္ ဘိန္းလုပ္ငန္းကို အႀကီးအက်ယ္လုပ္ ကိုင္လာခဲ့သည္ကိုေတြ႕ရွိရသည္။ ျမန္မာႏိုင္ငံ၏ မူးယစ္ ေဆးတိုက္ဖ်က္ေရးကို ပထမဆုံးႏွင့္ ကိုယ္ထိလက္ေရာက္ေဆာင္ရြက္ခဲ့ရသည့္ အဖြဲ႕အစည္းမွာ ျမန္မာ့တပ္မေတာ္ပင္ျဖစ္သည္။ ပထမဆုံးဘိန္းတိုက္ဖ်က္မႈ စစ္ဆင္ေရးအေနျဖင့္ ပန္ပိစစ္ဆင္ေရးျဖစ္ခဲ့ၿပီး ၁၉၇၅ ခုႏွစ္၊ စက္တင္ဘာလ ၁၇ မွ ၂၆ ရက္ထိ တိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့ကာ တပ္မေတာ္မွ ရဟတ္ယာဉ္ မ်ားအသုံးျပဳတိုက္ခိုက္ခဲ့ရသည္။ ဘိန္းခ်က္စက္႐ုံမ်ားဖ်က္ဆီးခဲ့ၿပီး ဘိန္းဆီဂါလံ ၃၀၀ ႏွင့္ဘိန္းခ်က္ကိရိယာမ်ားဖမ္းဆီးရမိခဲ့သည္။ အဆိုပါဘိန္းခ်က္ စက္႐ုံမ်ားသည္ ရွမ္းျပည္ေတာင္ပိုင္း လင္းေခးၿမိဳ႕နယ္ေတာင္ဘက္ရွိ ပန္ပိရြာအနီး ရွမ္းေသာင္းက်န္းသူ SURA (မိုးဟိန္း)အဖြဲ႕ႏွင့္ တ႐ုတ္ျဖဴကူမင္တန္အင္အား ၃၀၀ တို႔ကတည္ ေဆာက္ထားခဲ့ေသာ ဘိန္းစက္႐ုံမ်ားျဖစ္သည္။ တပ္မေတာ္ သမိုင္းတြင္ အႀကီးမားဆုံးဘိန္းစစ္ဆင္ေရးမွာ မိုးဟိန္းစစ္ဆင္ေရး အဆင့္(၁)မွ (၁၂)အထိျဖစ္ သည္။ ရွမ္းျပည္နယ္အေရွ႕ေျမာက္ႏွင့္ အေရွ႕ပိုင္းေဒသတြင္ ၁၉၇၆ ခုႏွစ္၊ ဧၿပီလ ၂၆ မွ ၁၉၈၈ ခုႏွစ္၊ ဧၿပီလ ၁၁ ရက္အထိဆင္ႏႊဲခဲ့ၿပီး အဆိုပါ စစ္ဆင္ေရးတြင္ တပ္မေတာ္မွ ၆၉ ဦးက်ဆုံး၍ ၄၅၁ ဦး ဒဏ္ရာရရွိခဲ့သည္။ တပ္မေတာ္အေနျဖင့္ တစ္မ်ိဳးသားလုံး လူၫြန္႔တုံးေစမည့္ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးလုပ္ငန္းကို ေရွးယခင္ကတည္းက အင္တိုက္အားတိုက္ ေဆာင္ရြက္ခဲ့သည္။ ျမန္မာႏိုင္ငံ၌ မူးယစ္ေဆးဝါးထုတ္လုပ္၊ ျဖန္႔ခ်ိမႈမ်ား သည္ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ဆက္စပ္ပတ္သက္မႈမ်ားရွိသျဖင့္ မူးယစ္ ေဆးဝါးႏွိမ္နင္းေရးေဆာင္ ရြက္တိုင္း တပ္မေတာ္သားမ်ား စြန္႔လႊတ္စြန္႔စား ေဆာင္ရြက္ရသည္ခ်ည္းျဖစ္ သည္။ ယခုေကာင္းခါးေဒသတြင္ မူးယစ္ေဆးဝါး ေဖာ္ထုတ္၊ ဖမ္းဆီးရမိခဲ့သည့္စစ္ဆင္ေရးသည္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ တိက်ေသာလမ္းၫႊန္ခ်က္၊ အနီးကပ္ႀကီးၾကပ္သူ အရာရွိႀကီးမ်ား ၏ ဇြဲ၊ လုံ႔လႏွင့္ ပါဝင္ေဆာင္ရြက္ခဲ့ေသာ စစ္ဆင္ေရးတပ္မ်ား၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕တို႔၏ႀကိဳးပမ္းမႈေၾကာင့္ မူးယစ္ေဆးဝါးတားဆီး ႏွိမ္နင္းေရးသမိုင္း၌ ေဖာ္ထုတ္ရရွိသည့္ မူးယစ္ေဆးဝါးတန္ဖိုးပမာဏ အမ်ားဆုံးျဖစ္ခဲ့သည္။

 

လူမွန္လွ်င္ အမွားနဲ႔မကင္းၾကေပ။ မမွားေသာေရွ႕ေန မေသေသာ ေဆးဆရာမရွိဆိုသည့္ ဆို႐ိုးစကားကိုၾကားဖူးခဲ့သည္။ ေကာင္းခါးေဒသသည္ နဂိုကပင္ ေအးခ်မ္းသာယာခဲ့သည္။ မူးယစ္ေဆးဝါးမ်ား အမ်ားအျပား သိမ္း ဆည္းရရွိခဲ့ေသာေၾကာင့္ မေကာင္းသတင္းရွိခဲ့ေသာ္လည္း ျဖစ္ၿပီးခဲ့ေသာအမွားကိုျပန္လည္ျပဳျပင္ကာ အနာဂတ္တြင္ တရားဝင္စီးပြားေရးလုပ္ငန္းမ်ားျဖင့္သာရပ္တည္ကာ ေအးခ်မ္းတည္ၿငိမ္စြာျဖင့္နယ္ေျမ ေဒသဖြံ႕ၿဖိဳးေရး အတြက္ ေဆာင္ရြက္သြားရန္ဆုံးျဖတ္လိုက္သည့္ ေကာင္းခါးျပည္သူ့စစ္ ေခါင္းေဆာင္မ်ား၏ စိတ္ဓာတ္ႏွင့္ သေဘာထားႀကီးစြာ ေနာင္ေတာ္တစ္ဦး ကဲ့သို႔စိတ္ထားျဖင့္ ျပည္သူ့စစ္တပ္ဖြဲ႕ဝင္ႏွင့္ မိသားစုမ်ားအတြက္ ရိကၡာ၊ နည္းပညာ၊ ေငြေၾကးေထာက္ပံ့မႈမ်ားေဆာင္ရြက္ေပးမည့္ တပ္မေတာ္ေခါင္းေဆာင္မ်ား၏ စိတ္ ဓာတ္တို႔မွာ ေလးစားခ်ီးက်ဴးဖြယ္ရာပင္ျဖစ္သည္။ အဆိုပါ ေကာင္းခါးေဒသႏွင့္ပတ္သက္၍ ေဆြးေႏြးေဆာင္ရြက္ခဲ့ၾကသည့္ တာဝန္ ရွိ သူမ်ားအေနျဖင့္လည္း ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိၿပီး ေကာင္းခါးေဒသ ၿငိမ္းခ်မ္းသာယာဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဖာ္ေဆာင္ေပးႏိုင္ၾကသူမ်ားျဖစ္သည္။ ယခု ေကာင္းခါးျပည္သူ့စစ္ (ဌာ ေန)အဖြဲ႕၏ျဖစ္စဉ္သည္ အျခားေသာအဖြဲ႕မ်ားအတြက္ လည္း သတိျပဳဖြယ္ကိစၥရပ္တစ္ခုျဖစ္သည္။  တပ္မေတာ္သည္ တစ္မ်ိဳးသားလုံး လူၫြန္႔တုံးေစမည့္ မူး ယစ္ေဆးဝါးကို အမ်ိဳးသားေရးအႏၲရာယ္တစ္ရပ္အသြင္ ရႈျမင္၍ ေခတ္အဆက္ ဆက္ အသက္၊ ေသြးေခြၽးတို႔ေပးဆပ္လ်က္တိုက္ဖ်က္ခဲ့သည္။ ေနာင္တြင္လည္း ႏိုင္ငံ့အက်ိဳး၊ ျပည္သူ့အက်ိဳးကိုေရွးရႈလ်က္ တည္ဆဲ ဥပေဒမ်ားႏွင့္အညီ ျပတ္ ျပတ္သားသား ေဆာင္ရြက္သြားဦးမည္ျဖစ္သည္။ ထို႔ေၾကာင့္ အဖြဲ႕အစည္းမ်ားအေနျဖင့္ မူးယစ္ေဆးဝါးကိစၥရပ္မ်ားႏွင့္ ပတ္သက္ျခင္းမရွိဘဲ မိမိတို႔အဖြဲ႕အစည္း၊ မိမိတို႔ေဒသလုံၿခဳံေရးႏွင့္ ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ တရားဝင္စီးပြား ေရးလုပ္ငန္းမ်ားျဖင့္သာ ရပ္တည္ ေဆာင္ရြက္ၾကျခင္းျဖင့္ ႏိုင္ငံ့အက်ိဳး၊ ျပည္သူ့အက်ိဳးကို သယ္ပိုးႏိုင္ေရး တိုက္တြန္းေရးသားလိုက္ရပါေတာ့သည္။

 

(unicode)

“တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် တပ်မတော်၏ စွမ်းဆောင်ချက်များ”

ဆောင်းပါး – ဗိုလ်မှူးချုပ်ဇော်မင်းထွန်း(ရေနံချောင်း)၊ မင်းသီဟ

“ဆောင်းနှင်းဖွေးဖွေးလေး တောင်တန်းများကြားမှာ အေးချမ်းလှတဲ့ ကျွန်တော်တို့မြို့လေးကို အလည်တစ်ခေါက် အရောက်လာပါလားကွဲ့ ” ဆိုသည့် သီချင်းလေးကို လူတိုင်းလိုလိုပင်နားထောင်ဖူးကြပေလိမ့်မည်။ သီချင်း စာသားလေးအတိုင်း အမှန်ပင် ရှမ်းပြည်နယ်အတွင်းရှိမြို့လေးများမှာ သာယာ လှပေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကောင်းခါး ဒေသသည်လည်း စိမ်းလန်းသောတောင်တန်းများက ဝန်းရံထားကာ မြို့ပတ် ဝန်းကျင်တွင် တောင်ယာစိုက်ခင်းများ ကောင်းခါးငြိမ်းချမ်းရေး ရေကန်သာတို့ဖြင့် သာ ယာဖွယ်ရှုခင်းများတွေ့မြင်ရပြီး မြို့ဦးထိပ်ရှိတောင်တန်း ပေါ်တွင် မဟာဓမ္မရံသီရန်အောင်စေတီတော်ကြီးကိုလည်း ကြည်ညိုဖွယ်ရာ တွေ့မြင်ရသည်ဖြစ်ရာ ကောင်းခါးဒေသသည် သာယာအေးချမ်းလှသော ဒေသလေးတစ်ခုအဖြစ် ရှိနေနှင့်ခဲ့ပြီးဖြစ်သည်။ ထိုကောင်းခါးဒေသသည် ရှမ်းပြည်နယ်အတွင်းတွင်တည်ရှိသော်လည်း ဒေသခံကချင်လူမျိုးအများစု နေထိုင်သည့်ဒေသတစ်ခုလည်းဖြစ် သည်။ ကျွန်ုပ်တို့နိုင်ငံသည် ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်သည့်အား လျော်စွာ ပြည်နယ်အသီးသီးတွင် တိုင်းရင်းသားများ စုစည်းနေထိုင်ကြသည်မှာ အဆန်းတော့မဟုတ်ပေ။

ထိုသို့သာယာလှပသည့် ကောင်းခါးဒေသအတွက် ဆန့်ကျင်ဘက် သတင်းတစ်ခုကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် သတင်းစာတွင် ဖတ်ရှု မိလိုက်သောအခါ စိတ်မကောင်းဖြစ်မိပါတော့သည်။ တပ်မတော်မှတပ်ရင်း တစ်ရင်းသည် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင် ရွက်ရာမှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လွယ်ခမ် ကျေးရွာ၏ မြောက်ဘက်မီတာ ၁၅၀၀ ခန့်အကွာ တောအုပ်အတွင်း၌ မြေတိုက်ခန်းပြု လုပ်၍ မြေကြီးပြန်လည်ဖုံးအုပ်ထားသည့်နေရာ၌ သိုဝှက် ထားသောစိတ်ကြွရူးသွပ်ဆေးပြား ၃၇,၈၀၀ ပြားနှင့် မူးယစ်ဆေးဝါးထုတ်လုပ် ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုး ၅၆,၇၀၀,၀၀၀ ကျပ် စတင်တွေ့ရှိသိမ်း ဆည်းရမိခဲ့သည့်သတင်းအား ဖတ်ရှု မိလိုက်ခြင်းပင်ဖြစ်သည်။

နောက်ဆက်တွဲသတင်းထုတ်ပြန်ချက်များအရ တပ်မတော်အနေဖြင့် လွယ်ခမ်ကျေးရွာအနီးပတ်ဝန်းကျင်အား မြေပြင်သတင်းဖော်ထုတ်ခဲ့ပြီး လိုအပ်သည့်တပ်အင်အား စုဖွဲ့မှုများပြုလုပ်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀၀ ဦးကို လေယာဉ်ဖြင့် အမြန်ပေးပို့အင်အားဖြည့်ခဲ့ပြီးနောက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်း၍ ရှာဖွေဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ဖေ ဖော်ဝါရီလ ၂၈ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ မူးယစ် ဆေးဝါး ၄၄ ကြိမ် ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး စိတ်ကြွဆေးပြား ၁၄၈,၇၉၆,၆၀၀ ပြား၊ ဘိန်းဖြူ ၂၈၆.၂၃ ကီလိုဂရမ်၊ ဘိန်းညို ၂၉၁ ကီလိုဂရမ်၊ ဘိန်းဖြူခဲ ၁.၆ ကီလို ဂရမ်၊ ဘိန်းဆီခဲ ၁၆ ကီလိုဂရမ်၊ ဆေးပြားအကြေ မှုန့် ၁၂.၆၅ ကီလိုဂရမ်၊ ဘိန်း စိမ်း ၁၃၅ ကီလိုဂရမ်နှင့် ICE ၅၀၉ ကီလိုဂရမ်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာ တွင် အသုံးပြုသည့်ဆက်စပ် ပစ္စည်း ၂၄၉ မျိုး အပါအဝင် မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃၉၃ ဘီလီယံကျော်သိမ်း ဆည်း ရရှိခဲ့ကြောင်း ဖတ်ရှုလေ့လာမိပါသည်။ အဆိုပါမူးယစ်ဆေးဝါးနှင့်ဆက် စပ်ပစ္စည်းများကို လွယ်ခမ်ကျေးရွာ အတွင်းရှိ နေအိမ် ၃၈ အိမ်မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်မျိုးစုံ ၇၃ လက်နှင့် ယာဉ်မျိုးစုံ ၂၂ စီးကိုလည်း ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်းနှင့် တရားဉပဒေစိုးမိုးရေးလုပ်ငန်းနှင့် မူးယစ်ဆေးဝါးတရားခံများဖမ်းဆီး ရမိ ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ လက်နက်မှု ၁ မှု၊ မူးယစ်ဆေးဝါးမှု ၅၂ မှု၊ ဖမ်းဆီးရရှိ တရားခံ ကျား ၂၈ ဦး၊ မ ၄ ဦး၊ တရားခံပြေး ကျား ၃၈ ဦး၊ မ ၂ ဦး၊ စုံစမ်းဆဲ ၈ ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူ အမှုဖွင့်ဆောင် ရွက်နိုင်ခဲ့သည်ကို ဖတ်ရှုခဲ့ရသည်။

ထိုသို့ဖမ်းဆီးရမိမှုများနှင့် ပတ်သက်သည့်သတင်းများကို လေ့လာ ရယူနိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားစစ်သံမှူးများနှင့် ဒုတိယ စစ်သံမှူးများ၊ နိုင်ငံအလိုက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များ၊ မြန်မာ နိုင်ငံဆိုင်ရာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် ပြည်တွင်း/ ပြည်ပသတင်း မီဒီယာများအား မတ်လ ၆ ရက်နေ့တွင် ကောင်းခါးဒေသသို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် နေ့ချင်းပြန်ပို့ဆောင်ပေးခဲ့ပြီး လိုက်ပါလာသော ပြည်တွင်း/ပြည်ပမီဒီယာများနှင့် စစ်သံ မှူးများကို တာဝန်ရှိသူများက မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ တပ်မတော်မှ တာဝန်ရှိသူများကပြောကြားရာတွင် ရှမ်းပြည်နယ်ဒေသအချို့တွင် ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းများရှိနေပြီး မူးယစ်ဆေးဝါးသည် တစ်မျိုးသားလုံး၏အန္တရာယ်ဖြစ်သည့်အတွက် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စစ်ဆင်ရေးတစ်ရပ်သဖွယ် တိုးမြှင့်လုပ်ဆောင်သွားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန်ချက်ပေး ခဲ့သည်။ တပ်မတော်မှ အရာရှိကြီးတစ်ဦးအား ၎င်းစစ်ဆင်ရေး၌ အနီးကပ် ကြီးကြပ်ကွပ်ကဲရန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့စေလွှတ်၍ ကြီးကြပ်စေခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လမ်းညွှန်ချက်အရ တပ်မတော် နှင့် ဒီအီးအေ၊ အေအက်ဖ်ပီ၊ သြစတြေးလျအဖွဲ့များ ပေါင်းစပ်ညှိနှိုင်းသတင်း ရယူမှုများဆောင်ရွက်ခဲ့သည့်အတွက် အကျိုးရှိသောသတင်းများရရှိခဲ့သည်။ ဖော်ထုတ်ရရှိသောမြေပြင်သတင်းများနှင့် အမာခံသတင်းပေးများမှတစ်ဆင့် ရရှိသောတင်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်များရှိသည့်နယ်မြေများတွင် နယ်မြေမငြိမ်းချမ်းမှုကို အကာအကွယ်ယူ၍ မူးယစ်ဆေးဝါးအမြောက်အမြား ထုတ်လုပ်လျက်ရှိသည်။ မူးယစ်ဆေးဝါးထုတ် လုပ်မှုကို ရှမ်းပြည်နယ်အတွင်းဒေသများတွင်ဆောင်ရွက်ကာ ပြည်ပသို့သယ် ယူပို့ ဆောင်ရေးနှင့်ရောင်းချခြင်းကို ရခိုင်ဒေသဘက်တွင် ပင်လယ်ရေလမ်းမှတစ် ဆင့် ဆောင်ရွက်လျက်ရှိသည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်းပေးခဲ့သည်။ မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတာဝန်ရှိသူက ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် ဖြစ်စဉ် များအပေါ်သုံးသပ်ပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အထူးစစ်ဆင်ရေး ၂၈ ကြိမ် ဆောင်ရွက်ခဲ့သည့်အခြေအနေများကိုရှင်းပြခဲ့သည်။ ၂၀၂၀ ပြည့်နှစ် တွင် အထူးစစ်ဆင် ရေး (ဝမ်းဖိုက်ဝမ်းဝမ်း) ကိုဆောင်ရွက်လျက်ရှိပြီး ရွှေတြိဂံ ဒေသအတွင်းမှ မူး ယစ်ဆေးဝါးများကို အခြားဒေသတွင်းပျံ့နှံ့မှုမရှိစေရေး ရည်ရွက်ချက်ဖြင့် MoU အဖွဲ့ဝင် ၆ နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် Mobile X-ray ယာဉ်တပ်ဆင်ပြီး မူးယစ်ဆေးဝါးဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်။ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် Promethazine ကိုအတည်ပြုဖမ်းဆီးနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ONCB နှင့် သတင်းဖလှယ်နိုင်ခဲ့သည်။ Prome -thazine နှင့်ပတ်သက်၍ ONCB အနေဖြင့် ထိုင်းနိုင်ငံ FDA နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ AFP နှင့်သတင်းဖလှယ်မှုအရ ရန်ကုန်တွင် နိုင်ငံခြား သားနှစ်ဦးအပါအဝင် မြန်မာနိုင်ငံသားတစ်ဦးနှင့်အတူ ICE ၇၄ ကီလိုဂရမ်ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် တပ်မတော်(ရေ)မှ ကော့သောင်း မြို့ အနောက်ဘက် ပင်လယ်ပြင်တွင် ICE အများအပြား ဖမ်းဆီးရမိ ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ဖမ်းဆီးရရှိမှုလျော့ကျလာခဲ့ပြီး နောက်ပိုင်းတွင် ဥပဒေကိုရှောင်လွှဲပြီး ထိန်းချုပ်ထားခြင်းမရှိသည့် မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုနိုင်သည့် ဓာတုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်ခြင်းများကို ပြု လုပ်လာကြသည်။ တိုင်းရင်းသား လက်နက်ကိုင် အချို့အနေဖြင့် နယ်စပ်ဒေသမှတစ်ဆင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ဂိုဏ်းများနှင့်ချိတ်ဆက်ပြီး အိမ်နီး ချင်းနိုင်ငံများသို့ ပို့ဆောင်လျက်ရှိသည်။ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များကို မတ်လ ရ၊ ၈၊ ၉ ရက်ထုတ် မြဝတီသတင်းစာများမှာ ဆက်တိုက်ဆိုသလို ဖတ်ရှုခဲ့ရပြီးဖြစ်သည်။

အထက်ပါဖြစ်စဉ်ဖြစ်ရပ်များသည် သာယာလှပသောကောင်းခါးဒေသ ကိုအရုပ်ဆိုးစေသည့် အကြောင်းအရာများဖြစ်ခဲ့သည်။ သတင်းဖော်ထုတ်ချက် များအရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများမှာ လွယ်ခမ် (ဌာနေ) ပြည်သူ့စစ်အဖွဲ့နှင့်ဆက်စပ်မှုရှိနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ရသည်။ လွယ်ခမ် ပြည်သူ့စစ်အဖွဲ့သည် ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့၏ လက် အောက်ခံ အဖွဲ့ဖြစ်ပြီး ကောင်းခါးပြည်သူ့စစ်အဖွဲ့ပေါ်ပေါက်လာပုံကို စိတ်ဝင် စားဖွယ် လေ့လာကြည့်သောအခါ ၁၉၄၉ ခုနှစ်၊ ကရင်တိုင်းရင်းသား များ လက်နက်ကိုင် ပုန်ကန်ရာတွင် ကချင်တိုင်းရင်းသားအချို့ လိုက်ပါတောခို ရာမှ ၁၉၆၀ ပြည့်နှစ်တွင် ကချင်လွတ်မြောက်ရေးအစည်းအရုံး(KIO)၊ ကချင်လွတ် မြောက်ရေး တပ်မတော်(KIA)ဖွဲ့စည်းခဲ့သည်။ KIA စတင်ဖွဲ့စည်းစဉ်က တပ် မဟာ ၂ ခုဖြင့်သာ ဖွဲ့စည်းလှုပ်ရှားခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် တပ်မဟာ ၄ ခုထိ တိုးချဲ့ဖွဲ့စည်း လှုပ်ရှား ခဲ့သည်။ တပ်မဟာ(၄)သည် ကွတ်ခိုင်ဒေသတွင် လှုပ်ရှားခဲ့သည်။ ၁၉၈၉ ခုနှစ် တွင် KIA တပ်မဟာ(၄)တစ်ဖွဲ့တည်း သာကျန်ခဲ့ပြီး ဆက် စပ်ဒေသများသည် ငြိမ်းချမ်းရေးရရှိပြီးဖြစ်သည်။ ဒုတိယတပ်မဟာမှူး ဦးမထုနော်သည် အခြေအနေအရပ်ရပ်ကိုသုံးသပ်၍ KIA ဗဟိုမှခွဲထွက်ပြီး ငြိမ်းချမ်းရေးရယူရန် ယာယီကော်မတီတစ်ခုအား လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။ ၎င်းနောက်ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခွင့်ရရှိရန် တပ်မတော်ထောက်လှမ်းရေး သို့ဆက်သွယ်ခဲ့ သည်။

၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဦးဆောင်သော တပ်မတော်ကိုယ်စားလှယ်အဖွဲ့မှ ဦးမထုနော်ခေါင်းဆောင်သော KIA တပ်မဟာ(၄)အဖွဲ့အား လားရှိုးမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်၍ ငြိမ်းချမ်းရေးရယူရန် သဘောတူညီခဲ့သည်။ ဦးမထုနော်ခေါင်းဆောင်သော လူ ၂၀၀၀ ဦး၊ လက်နက်မျိုးစုံ ၂၀၀၉ လက်ပါရှိသည့် တပ်မဟာ(၄)အင်အားစုအား “ ကချင်အမျိုးသား တိုးတက်ရေးနှင့်လုံခြုံရေးတပ်မတော် ” (Kachin Defence Army– KDA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်အစိုးရမှလည်း ၁၉၉၁ ခုနှစ်၊ ဇန်န ဝါရီလ ၁၁ ရက်နေ့မှစ၍ မတရားအသင်းမှပယ်ဖျက်ပေးခဲ့သည်။ KDA အဖွဲ့အား “ ရှမ်းပြည်နယ်မြောက်ပိုင်းအထူးဒေသ(၅) ” အဖြစ်သတ်မှတ်၍ ရိက္ခာ၊ ငွေကြေးထောက်ပံ့ကူညီကာ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဉပဒေအရ နိုင်ငံတော်တွင် တပ်မတော် တစ်ရပ်တည်းသာရှိရမည်ဟူသော အခြေခံမူအတိုင်း ၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှစ၍ အသွင်ကူးပြောင်းရေးအစီအမံများအား စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ အထူးဒေသ(၅) KDA အဖွဲ့အား ၂၀၀၉ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် စတင်တွေ့ဆုံဆွေးနွေး ပြောကြားခဲ့သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)အထူးဒေသ(၅) KDA အဖွဲ့သည် ပြည်သူ့ စစ်ဖွဲ့စည်းရန်လူအင်အား ၈၅၀ ဦး၊ လက်နက်အင်အား ၉၆၁ လက်ဖြင့် နာယက အဖွဲ့အပါအဝင် အဖွဲ့ ၁၁ ဖွဲ့ ဖွဲ့စည်းရန်တင်ပြမှုအပေါ် အမာခံအင် အား ၂၉၀ ယောက်၊ အရံအင်အား ၅၆၀ ဦး၊ ပေါင်း ၈၅၀ ဦး၊ လက်နက်ကြီး/ငယ် ၁၁၀၈ လက်ဖြင့် ပြည်သူ့စစ်အဖြစ် အသွင် ပြောင်းဖွဲ့စည်းခဲ့သည်။

ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့အား ကောင်းခါးကြီးကြပ်ရေး၊ ကောင်းခါး(၁)၊ ကောင်းခါး(၂)၊ ကောင်းခါး(၃)၊ ဟိုဖျက်၊ လွယ်ခမ်၊ ကာလိုင်၊ မန်ယုံမော်၊ မန်လင်၊ ဟိုခိုနှင့် မန်မတ် စသည့် ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားရှိသည်။ ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့သည် တပ်မတော်နှင့်ပူးပေါင်း၍ စစ်ဆင်ရေး တာဝန်များကိုထမ်းဆောင်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ထူးခြားသော တိုက်ပွဲဖြစ်စဉ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် ရှေ့ တန်းအမှတ်(၂၉၀)ခြေလျင်တပ်ရင်းမှ စုရုံး ၁ စိတ်နှင့် ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့မှ ဦးလီတာဖ ဦးစီးအင်အား ၂၂ ဦးတို့ပူးပေါင်း၍ နမ့်ခိုင်ယာယီ ခြေကုပ်စခန်း၌ စခန်းထိန်းတာဝန်ထမ်းဆောင်စဉ် MNDAA/TNLA သောင်း ကျန်းသူ အဖွဲ့ ၇၀ ဦးနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်တွင် MNDAA/ TNLA သောင်းကျန်းသူအဖွဲ့ ၁၁၀ ဦးဖြင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့သည် တပ်မတော်နှင့် ပူးပေါင်း၍ နယ်မြေဒေသဖွံ့ဖြိုးရေး၊ စည်းရုံးရေးလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်နိုင်ခဲ့ပြီး ကောင်းခါးကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ တွင် ရေအားလျှပ် စစ်စက်ရုံ ၂ ခု၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်း ၁၀ ခု၊ ကျေးလက်ကျန်းမာ ရေးဌာနခွဲ ၃ ခု၊ ကျေးရွာချင်းဆက်မြေသားလမ်း ၅ နေရာ၊ ကျေးရွာချင်းဆက်ကတ္တရာလမ်း ၂ နေရာ၊ ကျေးရွာချင်းဆက်တံတား ၁၃ စင်း၊ အခြေခံပညာအထက်တန်းကျောင်း ၁ ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်း ၅ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၂၆ ကျောင်း၊ အမျိုးသား စာပေသင်ကြားမှုကျောင်း ၁ ကျောင်း၊ တရုတ်စာပေ နှင့်ယဉ်ကျေးမှုကျောင်း ၂ ကျောင်း၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်း ၁၁ ကျောင်း၊ ခရစ်ယာန်နှစ်ခြင်း ဘုရားကျောင်း ၁၉ ကျောင်း၊ ခရစ်ယာန် ကက်သလစ်ဘုရားကျောင်း ၁၀ ကျောင်းတို့ကို တည်ဆောက်ဆောင်ရွက် ပေးနိုင်ခဲ့သည်ကို တွေ့ရှိရသည်။ ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့သည် တပ်မတော်နှင့်လက်တွဲ၍ စစ်ဆင်ရေး တာဝန်ထမ်းဆောင်ခြင်း၊ ကောင်းခါးဒေသဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင် ရွက်ပေးခြင်း စသည်ဖြင့် အတိတ်ကကောင်းမွန်သောသမိုင်းကြောင်းများရှိခဲ့ကြောင်း တွေ့ရသည်။

သို့သော် သတင်းဖော်ထုတ်ချက်များအရ လွယ်ခမ်ပြည်သူ့စစ်အဖွဲ့၏ မူးယစ်ဆေးဝါးနှင့်ပတ်သက်ဆက်နွှယ်မှုနှင့်စပ်လျဉ်း၍ ကောင်းခါး (ဌာနေ) ပြည်သူ့စစ်အဖွဲ့သည် ဆက်စပ်ပတ်သက်မှုရှိခဲ့သဖြင့် အရှေ့ မြောက်တိုင်း စစ်ဌာန ချုပ်မှ တာဝန်ရှိသူများက ကောင်းခါးပြည် သူ့စစ်(ဌာနေ) အဖွဲ့မှ အဖွဲ့လိုက် ခေါင်းဆောင်များအား ခေါ်ယူသတိပေးညှိနှိုင်း ဆွေးနွေးခဲ့သည်။ ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့က ၎င်းတို့၏နယ်မြေအတွင်း ဖြစ်ပေါ်ခဲ့သော မူးယစ် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိမှု၊ အဖွဲ့ အစည်း၏လက်နက်ကိုင် ဆောင်ရွက်မှုကိုအကာအကွယ်ပြု၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုများတွင် ပတ် သက်နေသည့်သဘော သက်ရောက်မည်ကို လည်း နားလည်သဖြင့် ၎င်းတို့၏ လက်နက်များကို တပ်မတော်ထံအပ်နှံ သွားရန်ဆုံးဖြတ်ခဲ့သည်။ ၎င်းတို့အနေဖြင့် ယခင်ကတည်းက လက်နက် ကိုရေရှည်စွဲကိုင်ထားရန် ဆန္ဒမရှိခြင်း၊ သာမန်အရပ်သားအနေဖြင့် ရေရှည် တရားဝင်စီးပွားရေးလုပ်ငန်း များအဖြစ် စိုက်ပျိုး ရေးနှင့်မွေးမြူရေးလုပ်ငန်းများ အမြန်ဆုံးထူထောင်လုပ်ကိုင် ဆောင်ရွက်လိုစိတ်ရှိခြင်းကြောင့် နိုင်ငံတော်မှခွင့် ပြုသည့်တရားဝင်စီးပွားရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခြင်းများ ဆောင်ရွက်သွားလိုသည်ကို ဆွေးနွေးခဲ့ကြသည်။

တပ်မတော်အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်စဉ် မိသားစုများစားသုံးနိုင်ရေး လစဉ်လိုအပ်သည့် ဆန် ၅၅၀ အိတ်၊ ဆီ ၅ ပေပါ၊ ကုလားပဲ ၅၀ အိတ်အားထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များအတွက် လိုအပ်သည့်အရင်းအနှီးများတောင်းခံလာပါက အတိုးမဲ့ချေးပေး ခြင်း၊ နည်းပညာအကူအညီပေးခြင်း၊ ယခင်ပြည်သူ့စစ်အဖွဲ့ပိုင် သတ္တု/ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများအား တရားဥပဒေနှင့်အညီ ဆက်လက် လုပ်ကိုင်ဆောင်ရွက်စေခြင်း စသည်တို့ကို တပ်မတော်အနေဖြင့်ဆောင်ရွက် ပေးမည်ဖြစ်သည်ကို တာဝန်ရှိသူများကဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ကောင်းခါးပြည်သူ့စစ်အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးရယူစဉ်ကပင် ရေရှည် လက်နက်စွဲကိုင်ထားရန် ရည်ရွယ်ချက်မရှိခြင်း၊ အဖွဲ့အစည်းအတွင်း နေရာ အသီးသီး၌ လုံခြုံရေးဆောင်ရွက်လျက်ရှိကြသည့် ကောင်းခါး ပြည်သူ့စစ်တပ် ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ တာဝန်ခံခေါင်းဆောင်အသီးသီး၏ တာဝန်ယူမှု၊ ရေရှည်အေးချမ်းတည်ငြိမ်စွာဖြင့် နယ်မြေဒေသဖွံ့ဖြိုးတိုး တက်ရေး အတွက် တရားဝင်စီးပွားရေးလုပ်ငန်းတို့ဖြင့်သာရပ်တည်လိုမှု စသည့် စိတ်ဆန္ဒများကြောင့် ၎င်းတို့ကိုင်ဆောင်သော လက်နက်၊ ခဲယမ်း များကို တပ်မတော်သို့ မတ်လ ၂၉ ရက်နေ့တွင် အပြီးတိုင်အပ်နှံခဲ့ရာ ယနေ့အထိ စုစုပေါင်း လက်နက်မျိုးစုံ ၁၉၀၆ လက်၊ ကျည်မျိုးစုံ ၅၁၀၀၆၂ တောင့်၊ ဗုံးသီး၊ ဒုံးသီးမျိုးစုံ ၂၁၉၇ လုံး၊ လက်ပစ်ဗုံး ၁၁၀၀ လုံး၊ မိုင်း ၂၉ လုံးနှင့် ဆက်စပ်ပစ္စည်းများ အပ်နှံပြီးဖြစ်သည်။

စင်စစ်မြန်မာနိုင်ငံသို့ မူးယစ်ဆေးစတင်ပျံ့နှံ့ခဲ့ခြင်းသည် ကိုလိုနီခေတ် ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ၁၈၅၃ ခုနှစ်တွင် ဗြိတိသျှတို့က အောက် မြန်မာနိုင်ငံကိုသိမ်းပိုက်ခဲ့ပြီး အိန္ဒိယမှ ဘိန်းကိုစတင်သွင်းလာကာ ကိုလိုနီ အစိုးရထံ တရားဝင်မှတ်ပုံတင်ပြီး ဘိန်းစားသူ ၅၅၀၀၀ အထိရှိခဲ့သည်။ မှတ်ပုံမတင်ဘဲဘိန်းစားသူ တစ်ဝက်ခန့်ရှိသည့်အတွက် ထိုအချိန်က ဘိန်းစား ဦးရေ တစ်သိန်းနီးပါးရှိခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် မြန်မာအစိုးရက ဘိန်းစား ခြင်းကို ဥပဒေပြဋ္ဌာန်း၍ပိတ်ပင်ခဲ့သည်။ ကိုလိုနီခေတ်တွင် ရှမ်းပြည်နယ်၌ ဘိန်းလုပ် ငန်းဖွံ့ဖြိုးမှု အားကောင်းခဲ့သည်။ ရှမ်းပြည်နယ်သို့ ကူမင်တန် တရုတ်ဖြူများကျူးကျော်ဝင်ရောက်လာပြီးနောက်တွင် ဘိန်းလုပ်ငန်းကို အကြီးအကျယ်လုပ် ကိုင်လာခဲ့သည်ကိုတွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ မူးယစ် ဆေးတိုက်ဖျက်ရေးကို ပထမဆုံးနှင့် ကိုယ်ထိလက်ရောက်ဆောင်ရွက်ခဲ့ရသည့် အဖွဲ့အစည်းမှာ မြန်မာ့တပ်မတော်ပင်ဖြစ်သည်။ ပထမဆုံးဘိန်းတိုက်ဖျက်မှု စစ်ဆင်ရေးအနေဖြင့် ပန်ပိစစ်ဆင်ရေးဖြစ်ခဲ့ပြီး ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ မှ ၂၆ ရက်ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကာ တပ်မတော်မှ ရဟတ်ယာဉ် များအသုံးပြုတိုက်ခိုက်ခဲ့ရသည်။ ဘိန်းချက်စက်ရုံများဖျက်ဆီးခဲ့ပြီး ဘိန်းဆီဂါလံ ၃၀၀ နှင့်ဘိန်းချက်ကိရိယာများဖမ်းဆီးရမိခဲ့သည်။ အဆိုပါဘိန်းချက် စက်ရုံများသည် ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တောင်ဘက်ရှိ ပန်ပိရွာအနီး ရှမ်းသောင်းကျန်းသူ SURA (မိုးဟိန်း)အဖွဲ့နှင့် တရုတ်ဖြူကူမင်တန်အင်အား ၃၀၀ တို့ကတည် ဆောက်ထားခဲ့သော ဘိန်းစက်ရုံများဖြစ်သည်။ တပ်မတော် သမိုင်းတွင် အကြီးမားဆုံးဘိန်းစစ်ဆင်ရေးမှာ မိုးဟိန်းစစ်ဆင်ရေး အဆင့်(၁)မှ (၁၂)အထိဖြစ် သည်။ ရှမ်းပြည်နယ်အရှေ့မြောက်နှင့် အရှေ့ပိုင်းဒေသတွင် ၁၉၇၆ ခုနှစ်၊ ဧပြီလ ၂၆ မှ ၁၉၈၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်အထိဆင်နွှဲခဲ့ပြီး အဆိုပါ စစ်ဆင်ရေးတွင် တပ်မတော်မှ ၆၉ ဦးကျဆုံး၍ ၄၅၁ ဦး ဒဏ်ရာရရှိခဲ့သည်။ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ရှေးယခင်ကတည်းက အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးထုတ်လုပ်၊ ဖြန့်ချိမှုများ သည် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်ပတ်သက်မှုများရှိသဖြင့် မူးယစ် ဆေးဝါးနှိမ်နင်းရေးဆောင် ရွက်တိုင်း တပ်မတော်သားများ စွန့်လွှတ်စွန့်စား ဆောင်ရွက်ရသည်ချည်းဖြစ် သည်။ ယခုကောင်းခါးဒေသတွင် မူးယစ်ဆေးဝါး ဖော်ထုတ်၊ ဖမ်းဆီးရမိခဲ့သည့်စစ်ဆင်ရေးသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ တိကျသောလမ်းညွှန်ချက်၊ အနီးကပ်ကြီးကြပ်သူ အရာရှိကြီးများ ၏ ဇွဲ၊ လုံ့လနှင့် ပါဝင်ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးတပ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ကြိုးပမ်းမှုကြောင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးသမိုင်း၌ ဖော်ထုတ်ရရှိသည့် မူးယစ်ဆေးဝါးတန်ဖိုးပမာဏ အများဆုံးဖြစ်ခဲ့သည်။

လူမှန်လျှင် အမှားနဲ့မကင်းကြပေ။ မမှားသောရှေ့နေ မသေသော ဆေးဆရာမရှိဆိုသည့် ဆိုရိုးစကားကိုကြားဖူးခဲ့သည်။ ကောင်းခါးဒေသသည် နဂိုကပင် အေးချမ်းသာယာခဲ့သည်။ မူးယစ်ဆေးဝါးများ အများအပြား သိမ်း ဆည်းရရှိခဲ့သောကြောင့် မကောင်းသတင်းရှိခဲ့သော်လည်း ဖြစ်ပြီးခဲ့သောအမှားကိုပြန်လည်ပြုပြင်ကာ အနာဂတ်တွင် တရားဝင်စီးပွားရေးလုပ်ငန်းများဖြင့်သာရပ်တည်ကာ အေးချမ်းတည်ငြိမ်စွာဖြင့်နယ်မြေ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်သွားရန်ဆုံးဖြတ်လိုက်သည့် ကောင်းခါးပြည်သူ့စစ် ခေါင်းဆောင်များ၏ စိတ်ဓာတ်နှင့် သဘောထားကြီးစွာ နောင်တော်တစ်ဦး ကဲ့သို့စိတ်ထားဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှင့် မိသားစုများအတွက် ရိက္ခာ၊ နည်းပညာ၊ ငွေကြေးထောက်ပံ့မှုများဆောင်ရွက်ပေးမည့် တပ်မတော်ခေါင်းဆောင်များ၏ စိတ် ဓာတ်တို့မှာ လေးစားချီးကျူးဖွယ်ရာပင်ဖြစ်သည်။ အဆိုပါ ကောင်းခါးဒေသနှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည့် တာဝန် ရှိ သူများအနေဖြင့်လည်း နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး ကောင်းခါးဒေသ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးနိုင်ကြသူများဖြစ်သည်။ ယခု ကောင်းခါးပြည်သူ့စစ် (ဌာ နေ)အဖွဲ့၏ဖြစ်စဉ်သည် အခြားသောအဖွဲ့များအတွက် လည်း သတိပြုဖွယ်ကိစ္စရပ်တစ်ခုဖြစ်သည်။ တပ်မတော်သည် တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူး ယစ်ဆေးဝါးကို အမျိုးသားရေးအန္တရာယ်တစ်ရပ်အသွင် ရှုမြင်၍ ခေတ်အဆက် ဆက် အသက်၊ သွေးချွေးတို့ပေးဆပ်လျက်တိုက်ဖျက်ခဲ့သည်။ နောင်တွင်လည်း နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကိုရှေးရှုလျက် တည်ဆဲ ဥပဒေများနှင့်အညီ ပြတ် ပြတ်သားသား ဆောင်ရွက်သွားဦးမည်ဖြစ်သည်။ ထို့ကြောင့် အဖွဲ့အစည်းများအနေဖြင့် မူးယစ်ဆေးဝါးကိစ္စရပ်များနှင့် ပတ်သက်ခြင်းမရှိဘဲ မိမိတို့အဖွဲ့အစည်း၊ မိမိတို့ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တရားဝင်စီးပွား ရေးလုပ်ငန်းများဖြင့်သာ ရပ်တည် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုးနိုင်ရေး တိုက်တွန်းရေးသားလိုက်ရပါတော့သည်။


Share this post