• Follow Us on

Home တစ်ရက်လျှင် သေဆုံးသူ ၃၀၀၀ ကျော်ကို သဂြိုဟ်မှုပြုလုပ်နိုင်ရန် ငါးပေါက်တွဲ မီးဖိုနှစ်ခန်းပါရှိသော မီးသဂြိုဟ်စက် ၁၀ လုံးအား တည်ဆောက်ထား

တစ်ရက်လျှင် သေဆုံးသူ ၃၀၀၀ ကျော်ကို သဂြိုဟ်မှုပြုလုပ်နိုင်ရန် ငါးပေါက်တွဲ မီးဖိုနှစ်ခန်းပါရှိသော မီးသဂြိုဟ်စက် ၁၀ လုံးအား တည်ဆောက်ထား

Share this post

နေပြည်တော်၊ ဇူလိုင် – ၂၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ်သံသယ သေဆုံးသူဦးရေ မြင့်တက်ခဲ့ခြင်းကြောင့် အလောင်းများ စုပုံကာ သဂြိုဟ်မှုအခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်နေ့လျှင် ရုပ်အလောင်း ၃၀၀၀ ကျော်အား မီးသဂြိုဟ်မှုပြုလုပ်နိုင်မည့် မီးသဂြိုဟ်စက် ၁၀ လုံးကို တည်ဆောက်နေကြောင်း နိုင်ငံပိုင်ရုပ်သံမီဒီယာမှတစ်ဆင့် ထုတ်ပြန်ပါတယ်။

 

အဆိုပါ မီးသဂြိုဟ်သည် ငါးပေါက်တွဲ မီးဖိုနှစ်ခန်းပါရှိသော မီးသဂြိုဟ်စက် ၁၀ လုံးကို တည်ဆောက်လျက်ရှိ သည့်အတွက် တစ်နေ့လျှင် ရုပ်အလောင်း ၃၀၀၀ ကျော်အား သဂြိုဟ်မှုပြုလုပ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန် ချက်အရ သိရပါတယ်။

 

အဆိုပါ မီးဖို ၁၀ လုံးအနက် လက်ရှိတွင် မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုဿန်တွင် မီးသဂြိုဟ်စက် နှစ်ခုအား တည်ဆောက်နေလျက်ရှိပြီး အဆိုပါ မီးသဂြိုလ်စက်များသည် တစ်မိနစ်ခွဲလျှင် လူတစ်ယောက် နှုန်းဖြင့် တစ်နာရီလျှင် လူ ၅၀ ကျော်ကို သဂြိုဟ်မှုပြုလုပ်နိုင်ပြီး တစ်နေ့လျှင် လူတစ်ထောင်ကျော်အား သဂြိုဟ်မှုပြုလုပ်နိုင်ကြောင်း သိရပါတယ်။

 

ရန်ကုန်မြို့တွင် ကိုဗစ်သံသယလက္ခဏာများနှင့် အောက်စီဂျင် ပြတ်လပ်ကာ သေဆုံးသူဦးရေသည် ပြီးခဲ့သည့် ရက်ပိုင်းက အဆမတန်များပြားလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက်သက် ဆိုင်ရာ သုသာန်များတွင်သာ မီးသဂြိုဟ်ရန် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီမှ ဇူလိုင် ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post