• Follow Us on

Home တစ္ႀကိမ္စစ္ပါက အမ်ားဆံုး ၅ ေဒၚလာသာက်သင့္မည့္ COVID-19 စမ္းသပ္ပစၥည္းေဒၚလာသန္း ၁၂၀ ဖိုး ရႏိုင္မည္ဟု WHO ေျပာ

တစ္ႀကိမ္စစ္ပါက အမ်ားဆံုး ၅ ေဒၚလာသာက်သင့္မည့္ COVID-19 စမ္းသပ္ပစၥည္းေဒၚလာသန္း ၁၂၀ ဖိုး ရႏိုင္မည္ဟု WHO ေျပာ

Share this post

ဂ်ီနီဗာ၊ စက္တင္ဘာ ၂၉

တစ္ခုလွ်င္အမ်ားဆံုး ၅ ေဒၚလာသာက်သင့္မည့္ကို႐ိုနာဗိုင္းရပ္စ္စမ္းသပ္ပစၥည္းေဒၚလာသန္း ၁၂၀ ဖိုးကို ၀င္ေငြနည္းသို႔ အလယ္အလတ္႐ွိႏုိင္ငံမ်ားအတြက္ ျပဳလုပ္ေပးထားေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔ W.H.O က တနလၤာေန႔တြင္ေျပာသည္။

ျမန္ဆန္၊ စိတ္ခ်ရၿပီး ေစ်းသက္သာသည့္စမ္းသပ္မႈက်ယ္က်ယ္ျပန္႔ျပန္႔ရ႐ွိပါက ႏိုင္ငံ ၁၃၃ ႏိုင္ငံသည္ ခ်မ္းသာေသာႏိုင္ငံမ်ားႏွင့္ ကြာဟခ်က္က်ဥ္းေျမာင္းၿပီး ေရာဂါေျခရာခံမႈႏွင့္ ပ်ံ႕ႏွံ႔မႈထိန္းခ်ဳပ္ရာတြင္ အကူအညီျဖစ္မည္ဟုလည္းေျပာသည္။

အက္ေဘာ့ႏွင့္ အက္စ္ဒီဘိုင္အိုဆန္ဆာ ကုမၸဏီ ၂ ခုက ဘီလ္ႏွင့္မီလန္ဒါဂိတ္ေဖာင္ေဒး႐ွင္းႏွင့္ပူးေပါင္းၿပီး ၆ လ အတြင္း စမ္းသပ္ပစၥည္းေဒၚလာသန္း ၁၂၀ ဖိုးထုတ္လုပ္ေပးရန္ သေဘာတူထားသည္ဟု WHO ညႊန္ၾကား ေရးမွဴး တက္ဒ႐ို႕စ္ အက္ဟာႏြန္ ဂီဘရီးယီဆပ္ကေျပာသည္။

ကိုယ္ခံအားစနစ္ကိုစမ္းသပ္စစ္ေဆးမႈသည္ ဓာတ္ခြဲခန္းမလိုအပ္ဘဲ ၁၅ မိနစ္အတြင္း ယံုၾကည္စိတ္ခ်ရေသာ စမ္းသပ္မႈမ်ားျပဳလုပ္ႏိုင္မည္ျဖစ္သည္။

Ref : Poorer countries to get 120 million US$5 COVID-19 tests, WHO says

#PeopleMedia

(Unicode)
တစ်ကြိမ်စစ်ပါက အများဆုံး ၅ ဒေါ်လာသာကျသင့်မည့် COVID-19 စမ်းသပ်ပစ္စည်းဒေါ်လာသန်း ၁၂၀ ဖိုး ရနိုင်မည်ဟု WHO ပြော
………………………………………………

ဂျီနီဗာ၊ စက်တင်ဘာ ၂၉

တစ်ခုလျှင်အများဆုံး ၅ ဒေါ်လာသာကျသင့်မည့်ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်ပစ္စည်းဒေါ်လာသန်း ၁၂၀ ဖိုးကို ဝင်ငွေနည်းသို့ အလယ်အလတ်ရှိနိုင်ငံများအတွက် ပြုလုပ်ပေးထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O က တနင်္လာနေ့တွင်ပြောသည်။

မြန်ဆန်၊ စိတ်ချရပြီး စျေးသက်သာသည့်စမ်းသပ်မှုကျယ်ကျယ်ပြန့်ပြန့်ရရှိပါက နိုင်ငံ ၁၃၃ နိုင်ငံသည် ချမ်းသာသောနိုင်ငံများနှင့် ကွာဟချက်ကျဉ်းမြောင်းပြီး ရောဂါခြေရာခံမှုနှင့် ပျံ့နှံ့မှုထိန်းချုပ်ရာတွင် အကူအညီဖြစ်မည်ဟုလည်းပြောသည်။

အက်ဘော့နှင့် အက်စ်ဒီဘိုင်အိုဆန်ဆာ ကုမ္ပဏီ ၂ ခုက ဘီလ်နှင့်မီလန်ဒါဂိတ်ဖောင်ဒေးရှင်းနှင့်ပူးပေါင်းပြီး ၆ လ အတွင်း စမ်းသပ်ပစ္စည်းဒေါ်လာသန်း ၁၂၀ ဖိုးထုတ်လုပ်ပေးရန် သဘောတူထားသည်ဟု WHO ညွှန်ကြား ရေးမှူး တက်ဒရို့စ် အက်ဟာနွန် ဂီဘရီးယီဆပ်ကပြောသည်။

ကိုယ်ခံအားစနစ်ကိုစမ်းသပ်စစ်ဆေးမှုသည် ဓာတ်ခွဲခန်းမလိုအပ်ဘဲ ၁၅ မိနစ်အတွင်း ယုံကြည်စိတ်ချရသော စမ်းသပ်မှုများပြုလုပ်နိုင်မည်ဖြစ်သည်။

Ref : Poorer countries to get 120 million US$5 COVID-19 tests, WHO says

#PeopleMedia


Share this post