• Follow Us on

Home တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန်ဒေါ်လာ ၆၄၂ ဒသမ ၆၀ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီး

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန်ဒေါ်လာ ၆၄၂ ဒသမ ၆၀ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီး

Share this post

ရန်ကုန်၊ ဇွန် ၂၇

 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဖြစ်သည့် ယနေ့ ဇွန် ၂၆ ရက်တွင် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားများ ကို မန္တလေး၊ ရန်ကုန်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့၌ ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၁၈၈ ဒသမ ၈၂ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၆၄၂ ဒသမ ၆၀ သန်းကျော်) အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသ၊ အလယ် ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ၁၆ မျိုးနှင့် ဓာတုပစ္စည်း ၉ မျိုးတို့၏ စုစုပေါင်းတန်ဖိုး ငွေကျပ် ၃၁၆ ဒသမ ၇၇ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၃ သန်းကျော်)ကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်း၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲ အခမ်းအနား၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ ဖမ်းဆီး ရမိသော မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၇ မျိုးတို့၏ စုစုပေါင်းတန်ဖိုး ငွေကျပ် ၃၅၆ ဒသမ ၆၈ ဘီလီယံ ကျော် (အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၈၀ သန်းကျော်)ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရန် ကုန်အနောက်ပိုင်း ဒဂုံဧရာကုန်တင်ယာဉ်ရပ်နားကွင်း၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲအခမ်းအနား၌ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ၁၈ မျိုးနှင့် ဓာတုပစ္စည်း ၄၀ မျိုး စုစု ပေါင်းတန်ဖိုး ငွေကျပ် ၅၁၅ ဒသမ ၃၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၅၇ သန်းကျော်)ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်သည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးပွဲအခမ်းအနားနှင့် တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စု၊ ပင်စုံကျေးရွာ၊ ဗြုံးကျောက် တောင်အနီး၌ ဖမ်းဆီးရမိ ထိန်းချုပ်ဓာတုပစ္စည်းများကို  မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ယခု ၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၇၉ မျိုး စုစုပေါင်းတန်ဖိုး ငွေ ကျပ် ၁၁၈၈ ဒသမ ၈၂ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၆၄၂ ဒသမ ၆၀ သန်းကျော်)တို့ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်အစိုးရများက မူးယစ်ဆေးဝါးပပျောက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာခဲ့သော်လည်း ဓာတုပစ္စည်းများဖြင့်သာ ထုတ်လုပ်ထား သည့် စိတ်ကြွရူးသွပ်ဆေး၊ အိုက်စ် (မက်အဖက်တမင်း)၊ ကတ်တမင်း စသည့် လူလုပ်မူးယစ်ဆေးဝါးများ (Syn thetic Drugs)ပြဿနာများမှာ ပိုမိုကြီးထွားလာမှုကြောင့် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟို အဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ သဝဏ်လွှာတွင် ဖော်ပြ ထားသည်။

 

(Xinhua)

 

#PeopleMedia #မူးယစ်ဆေး

 

(unicode)


…………………………………………

 


 


 


 


 


 


 


 

(Xinhua)

 



Share this post