• Follow Us on

Home တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ ၇၀ % ေက်ာ္ မဲလာေရာက္ေပးေၾကာင္း UEC ေျပာဆို

တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ ၇၀ % ေက်ာ္ မဲလာေရာက္ေပးေၾကာင္း UEC ေျပာဆို

Share this post

ရန္ကုန္၊ ႏို၀င္ဘာ ၁၁
 
၂၀၂၀ ေရြးေကာက္ပြဲ၌ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ၇၀% ေက်ာ္ မဲလာေရာက္ေပးေၾကာင္း ျပည္ ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္အဖဲြ႕၀င္ ဦးျမင့္ႏိုင္ကေျပာသည္။
 
စုစုေပါင္းမဲေပးခြင့္ရွိသူဦးေရ ၃၇ သန္း ၂ သိန္းေက်ာ္မွာ ၇၀% ေက်ာ္ မဲလာေပးေၾကာင္း ႏို၀င္ဘာ ၁၁ ရက္ ေန႔လယ္ပိုင္းက ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္႐ုံးသတင္းစာရွင္းလင္းပဲြ၌ ဦးျမင့္ ႏိုင္က အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
 
“မဲေပးခြင့္ရွိသူရာခိုင္ႏႈန္း ၇၀ ရာခိုင္ႏႈန္းေက်ာ္ေက်ာ္ ခန္႔မွန္းတာေပါ့ေနာ္” ဟု ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္အဖဲြ႕၀င္ ဦးျမင့္ႏိုင္က မီဒီယာတစ္ခု၏ေမးျမန္းမႈအေပၚ ေျဖၾကားခဲ့ျခင္းျဖစ္သည္။
 
ထို႔အျပင္ ေရြးေကာက္ပဲြအေျဖရလဒ္ေတြနဲ႔ပတ္သက္ၿပီး ေမးျမန္းရာတြင္ ဦးျမင့္ႏိုင္မွ “အကုန္လံုးမွ်မွ် တတပဲ၊ ဘယ္သူ႔အတြက္ ဘယ္ပါတီကိုမွ ဦးစားေပးၿပီးထုတ္ျပန္ခဲ့ျခင္းမရွိပါဘူး။ ေရြးေကာက္ပြဲေၾက ညာခ်က္ကို ဒီတစ္ပတ္အတြင္းလုပ္မယ္။ ၿပီးခဲ့တဲ့ေရြးေကာက္ပြဲတုန္းက ၁၀ ရက္ ၾကာတယ္။ အခု ၅ ရက္၊ ၇ ရက္အတြင္းမွာ ၿပီးစီးေအာင္ ကၽြန္ေတာ္တို႔ ေဆာင္ရြက္ေနပါတယ္။ အခုေၾကညာၿပီးတာ ၃၀ ရာႏႈန္း ရွိသြားၿပီ။ ေၾကညာထားတာ အမ်ားဆံုးကေတာ့ အမ်ဳိးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ပါတီေပါ့” ဟု ဆိုသည္။
 
ဆက္လက္ၿပီး ပံုစံ ၁၉ နဲ႔ပတ္သက္ၿပီး လက္မွတ္ေရးထိုးျခင္းမရွိသည့္သူမွာပဲ တာ၀န္ရွိေၾကာင္းႏွင့္ ဥပေဒအရ ဆက္လက္ေဆာင္ရြက္သြားမည္ဟုေျပာၾကားခဲ့သည္။
 
#PeopleMedia#UEC#Election
 
(unicode)
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၇၀ % ကျော် မဲလာရောက်ပေးကြောင်း UEC ပြောဆို
………………………………………
 
ရန်ကုန်၊ နိုဝင်ဘာ ၁၁
 
၂၀၂၀ ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၇၀% ကျော် မဲလာရောက်ပေးကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။
 
စုစုပေါင်းမဲပေးခွင့်ရှိသူဦးရေ ၃၇ သန်း ၂ သိန်းကျော်မှာ ၇၀% ကျော် မဲလာပေးကြောင်း နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသတင်းစာရှင်းလင်းပွဲ၌ ဦးမြင့် နိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 
“မဲပေးခွင့်ရှိသူရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းကျော်ကျော် ခန့်မှန်းတာပေါ့နော်” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မီဒီယာတစ်ခု၏မေးမြန်းမှုအပေါ် ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
ထို့အပြင် ရွေးကောက်ပွဲအဖြေရလဒ်တွေနဲ့ပတ်သက်ပြီး မေးမြန်းရာတွင် ဦးမြင့်နိုင်မှ “အကုန်လုံးမျှမျှ တတပဲ၊ ဘယ်သူ့အတွက် ဘယ်ပါတီကိုမှ ဦးစားပေးပြီးထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ ရွေးကောက်ပွဲကြေ ညာချက်ကို ဒီတစ်ပတ်အတွင်းလုပ်မယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ၁၀ ရက် ကြာတယ်။ အခု ၅ ရက်၊ ၇ ရက်အတွင်းမှာ ပြီးစီးအောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အခုကြေညာပြီးတာ ၃၀ ရာနှုန်း ရှိသွားပြီ။ ကြေညာထားတာ အများဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပေါ့” ဟု ဆိုသည်။
 
ဆက်လက်ပြီး ပုံစံ ၁၉ နဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုးခြင်းမရှိသည့်သူမှာပဲ တာဝန်ရှိကြောင်းနှင့် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့သည်။
 
#PeopleMedia#UEC#Election

Share this post