• Follow Us on

Home တစ်နိုင်တစ်ပိုင်ရောင်းချသည့် စက်သုံးဆီဆိုင်မှတစ်ဆင့် မီးလောင်ကျွမ်းရာ နေအိမ် ၁၁ လုံးမီးလောင်ကျွမ်း

တစ်နိုင်တစ်ပိုင်ရောင်းချသည့် စက်သုံးဆီဆိုင်မှတစ်ဆင့် မီးလောင်ကျွမ်းရာ နေအိမ် ၁၁ လုံးမီးလောင်ကျွမ်း

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေလောင်ကျေးရွာ၊ ဆည်မြောင်းဘောင်ရှိေ နအိမ်တစ်လုံးမှ ဘက်ထရီပန့်နှင့်ဖွင့်လှစ်ထားသည့် စက်သုံးဆီဆိုင်မှတစ်ဆင့် မီးလောင်ရာ နေအိမ်(၁၁) လုံးမီးလောင်သွားကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီလ ၁၃ ရက် ညနေခင်းအချိန်တွင် တစ်နိုင်တစ်ပိုင်ရောင်းချနေသည့် ဓာတ်ဆီဆိုင်မှ မီးစတင် လောင်ရာ ကျေးရွာရှိနေအိမ်များ မီးလောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ထရံကာနေအိမ် ၁၁ လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။

 

မီးလောင်ကျွမ်းမှုကြောင့် ဘထ္ထရီဆီပန့်စက်(၂)လုံး၊ နေအိမ် ၁၁ လုံး၊ ဆိုင်ကယ် ၂ စီး နှင့်အတူ တခြားနေ အိမ်များမှဆုံးရူံးသွားသည်များကို စစ်ဆေးနေကြောင်း သိရပါတယ်။

 

ယင်းမီးလောင်ကျွမ်းမှုကြောင့် ဆုံးရူံးသွားသည့် အိမ်ထောင်စုများမှ နီးစပ်ရာဆွေမျိုးများနှင့်ယာယီနေထိုင်သည့် စခန်းတွင် နေထိုင်ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia

 

(unicode)


…………………………………………………….

 


 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post