• Follow Us on

Home တစ်နှစ်ကျော်အတွင်း ဘဏ်ဓားပြတိုက်မှု (၁၈) ကြိမ်ဖြစ်ပွားခဲ့ရာမှ တရားခံ (၉၇) ဦး ဖမ်းဆီးရမိခဲ့ပြီး၊ ငွေကျပ် တန်ဖိုးငွေ (၁၃) ဒသမ (၅) ဘီလီယံကျော် ဆုံးရှုံးခဲ့

တစ်နှစ်ကျော်အတွင်း ဘဏ်ဓားပြတိုက်မှု (၁၈) ကြိမ်ဖြစ်ပွားခဲ့ရာမှ တရားခံ (၉၇) ဦး ဖမ်းဆီးရမိခဲ့ပြီး၊ ငွေကျပ် တန်ဖိုးငွေ (၁၃) ဒသမ (၅) ဘီလီယံကျော် ဆုံးရှုံးခဲ့

Share this post

နေပြည်တော်၊ မတ် ၂၄

 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့ထိ ဘဏ်ဓားပြတိုက်မှု (၁၈) ကြိမ် ဖြစ်ပွားခဲ့ရာမှ တရားခံ (၉၇) ဦး ဖမ်းဆီးရမိခဲ့ပြီး ယင်းဓားပြတိုက်မှုများကြောင့် ငွေကျပ် တန်ဖိုးငွေ ၁၃ ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်၌ ကျင်းပနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဘဏ်ဓားပြတိုက်ခဲ့သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ ရန်ကုန်တိုင်းတွင် (၈) ကြိမ်၊ ပဲခူးတိုင်းတွင် (၄) ကြိမ်၊ ရှမ်းပြည်နယ်တွင် (၂) ကြိမ်၊ မန္တလေးတိုင်းတွင် (၁) ကြိမ်၊ မွန်ပြည်နယ်တွင် (၁) ကြိမ်၊ ချင်းပြည်နယ်တွင် (၁)နှင့် ကရင်ပြည်နယ် (၁) ကြိမ် စုစုပေါင်း (၁၈) ကြိမ်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဘဏ်များထဲတွင် ကမ္ဘောဇဘဏ် (၄) ကြိမ်၊ ကမ္ဘာ့ရတနာဘဏ် (၃) ကြိမ်၊ မြန်မာ့စီးပွားရေးဘဏ် (၂) ကြိမ်၊ ဧရာဝတီဘဏ် (၂) ကြိမ်၊ CB ဘဏ် (၃) ကြိမ်၊ UAB ဘဏ် (၂) ကြိမ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် (၁) ကြိမ်နှင့် AGD ဘဏ် (၁) ကြိမ် စုစုပေါင်း ဘဏ် (၁၈) ဘဏ်ကို ဓားပြဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

(unicode)


………………………………………

 


 


 


 


 



Share this post