• Follow Us on

Home တည္ေဆာက္ၿပီးစီးတဲ့ ႏ်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာကို ႐ုရွားေရတပ္ဆီ လႊဲေျပာင္းေပးအပ္

တည္ေဆာက္ၿပီးစီးတဲ့ ႏ်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာကို ႐ုရွားေရတပ္ဆီ လႊဲေျပာင္းေပးအပ္

Share this post

ေမာ္စကို၊ ေမ ၂၉

အဆင့္ျမႇင့္စီမံကိန္း 955A (ေဘာ္ရီေအ) မဟာဗ်ဴဟာေျမာက္ႏ်ဴကလီးယားစြမ္းအင္သုံး ဦးေဆာင္ေရငုပ္ သေဘၤာႀကီး ကန္ယက္ဇ္ဗလာဒီမ်ာကို ႐ုရွားေရတပ္ဆီလႊဲေျပာင္းေပးလိုက္ၿပီလို႔ တည္ေဆာက္ေပးခဲ့တဲ့ United Shipbuilding Corporation က ၾကာသပေတးေန႔မွာထုတ္ျပန္ပါတယ္။

“ႏ်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာကန္ယက္ဇ္ ဗလာဒီမ်ာကို တည္ေဆာက္ခဲ့တာက ကြၽန္ေတာ္တို႔ေတြ ဟာ သေဘၤာတည္ေဆာက္တဲ့႐ိုးရာလုပ္ငန္းစဥ္ေတြကို သိပၸံပညာရွင္ေတြ၊ ဒီဇိုင္နာေတြနဲ႔ သေဘၤာတည္ေဆာက္ သူေတြရဲ႕ ျမင့္မားတဲ့တာ၀န္ယူမႈနဲ႔ ထူးခြၽန္ထက္ျမက္တဲ့လုပ္ရပ္ေတြအေပၚအေျခခံၿပီး ဖြံ႕ၿဖိဳးေအာင္လုပ္ေနတယ္ ဆိုတာပါပဲ” လို႔ United Shipbuilding Corporationရဲ႕လုပ္ငန္းခြဲျဖစ္ၿပီး သေဘၤာတည္ေဆာက္ခဲ့တဲ့ Sevmash ကုမၸဏီအမႈေဆာင္အရာရွိခ်ဳပ္ ဘတ္နီခ်န္ကိုကေျပာပါတယ္။

“ဒီသေဘၤာႀကီးဟာ မဟာဗ်ဴဟာေျမာက္ဒုံးက်ည္တင္သေဘၤာအမ်ိဳးအစားထဲမွာ ေဖာက္ထြက္တဲ့ အမ်ိဳးစားျဖစ္ပါ တယ္။ ကန္ယက္ဇ္ဗလာဒီမ်ာမွာ ပိုအဆင့္ျမင့္တဲ့ဝိေသသေတြပါပါတယ္။”လို႔လည္းေျပာပါတယ္။

ပင္လယ္ျဖဴမွာလုပ္ခဲ့တဲ့စမ္းသပ္မႈေတြၿပီးဆုံးခဲ့ၿပီး Sevmash သေဘၤာက်င္းကိုျပန္ေရာက္ေနၿပီလို႔ ႐ုရွားေျမာက္ ပိုင္းတပ္ဖြဲ႕က အေစာပိုင္းမွာေျပာပါတယ္။

ကန္ယက္ဇ္ ဗလာဒီမ်ာဟာ ၂၀၁၉ ခုႏွစ္အကုန္ပိုင္းမွာ ဒုံးက်ည္နဲ႔ေရေအာက္ေတာ္ပီဒိုဒုံးက်ည္ပစ္ခတ္မႈေတြအပါ အ၀င္ စမ္းသပ္ေမာင္းႏွင္မႈေတြလုပ္ခဲ့ပါတယ္။

႐ုရွားကာကြယ္ေရး၀န္ႀကီးဌာနအခ်က္အလက္ေတြအရ သေဘၤာမွာ ဆူညံမႈေလွ်ာ့ခ်ထားတာ၊ လွည့္စားမႈ၊ အနက္နဲ႔ လက္နက္ထိန္းခ်ဳပ္မႈစနစ္ေတြမွာ အဆင့္ျမႇင့္ထားတယ္လို႔သိရပါတယ္။
ေနာက္ထပ္ ေဘာ္ရီေအေရငုပ္သေသၤာ ၄ စင္းဟာလည္း တည္ေဆာက္မႈအဆင့္အသီးသီးမွာရွိေနပါတယ္။

လက္ရွိမွာ စီမံကိန္း ၉၅၅ ႏ်ဴကလီးယားစြမ္းအင္သုံးဒုံးက်ည္တပ္ဆင္ထားတဲ့ေရငုပ္သေဘၤာေတြဟာ ႐ုရွား ေျမာက္ပိုင္းနဲ႔ ပစိဖိတ္တပ္ဖြဲ႕ေတြမွာ လုပ္ငန္းေဆာင္ရြက္ေနပါတယ္။

Ref : Sevmash Shipyard delivers latest Borei-A class nuc-powered submarine to the Russian Navy

#PeopleMedia

(unicode)
တည်ဆောက်ပြီးစီးတဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို ရုရှားရေတပ်ဆီ လွှဲပြောင်းပေးအပ်
……………………………………………………

မော်စကို၊ မေ ၂၉

အဆင့်မြှင့်စီမံကိန်း 955A (ဘော်ရီအေ) မဟာဗျူဟာမြောက်နျူကလီးယားစွမ်းအင်သုံး ဦးဆောင်ရေငုပ် သင်္ဘောကြီး ကန်ယက်ဇ်ဗလာဒီမျာကို ရုရှားရေတပ်ဆီလွှဲပြောင်းပေးလိုက်ပြီလို့ တည်ဆောက်ပေးခဲ့တဲ့ United Shipbuilding Corporation က ကြာသပတေးနေ့မှာထုတ်ပြန်ပါတယ်။

“နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကန်ယက်ဇ် ဗလာဒီမျာကို တည်ဆောက်ခဲ့တာက ကျွန်တော်တို့တွေ ဟာ သင်္ဘောတည်ဆောက်တဲ့ရိုးရာလုပ်ငန်းစဉ်တွေကို သိပ္ပံပညာရှင်တွေ၊ ဒီဇိုင်နာတွေနဲ့ သင်္ဘောတည်ဆောက် သူတွေရဲ့ မြင့်မားတဲ့တာဝန်ယူမှုနဲ့ ထူးချွန်ထက်မြက်တဲ့လုပ်ရပ်တွေအပေါ်အခြေခံပြီး ဖွံ့ဖြိုးအောင်လုပ်နေတယ် ဆိုတာပါပဲ” လို့ United Shipbuilding Corporationရဲ့လုပ်ငန်းခွဲဖြစ်ပြီး သင်္ဘောတည်ဆောက်ခဲ့တဲ့ Sevmash ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဘတ်နီချန်ကိုကပြောပါတယ်။

“ဒီသင်္ဘောကြီးဟာ မဟာဗျူဟာမြောက်ဒုံးကျည်တင်သင်္ဘောအမျိုးအစားထဲမှာ ဖောက်ထွက်တဲ့ အမျိုးစားဖြစ်ပါ တယ်။ ကန်ယက်ဇ်ဗလာဒီမျာမှာ ပိုအဆင့်မြင့်တဲ့ဝိသေသတွေပါပါတယ်။”လို့လည်းပြောပါတယ်။

ပင်လယ်ဖြူမှာလုပ်ခဲ့တဲ့စမ်းသပ်မှုတွေပြီးဆုံးခဲ့ပြီး Sevmash သင်္ဘောကျင်းကိုပြန်ရောက်နေပြီလို့ ရုရှားမြောက် ပိုင်းတပ်ဖွဲ့က အစောပိုင်းမှာပြောပါတယ်။

ကန်ယက်ဇ် ဗလာဒီမျာဟာ ၂၀၁၉ ခုနှစ်အကုန်ပိုင်းမှာ ဒုံးကျည်နဲ့ရေအောက်တော်ပီဒိုဒုံးကျည်ပစ်ခတ်မှုတွေအပါ အဝင် စမ်းသပ်မောင်းနှင်မှုတွေလုပ်ခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနအချက်အလက်တွေအရ သင်္ဘောမှာ ဆူညံမှုလျှော့ချထားတာ၊ လှည့်စားမှု၊ အနက်နဲ့ လက်နက်ထိန်းချုပ်မှုစနစ်တွေမှာ အဆင့်မြှင့်ထားတယ်လို့သိရပါတယ်။
နောက်ထပ် ဘော်ရီအေရေငုပ်သင်္သော ၄ စင်းဟာလည်း တည်ဆောက်မှုအဆင့်အသီးသီးမှာရှိနေပါတယ်။

လက်ရှိမှာ စီမံကိန်း ၉၅၅ နျူကလီးယားစွမ်းအင်သုံးဒုံးကျည်တပ်ဆင်ထားတဲ့ရေငုပ်သင်္ဘောတွေဟာ ရုရှား မြောက်ပိုင်းနဲ့ ပစိဖိတ်တပ်ဖွဲ့တွေမှာ လုပ်ငန်းဆောင်ရွက်နေပါတယ်။

Ref : Sevmash Shipyard delivers latest Borei-A class nuc-powered submarine to the Russian Navy

#PeopleMedia


Share this post