• Follow Us on

Home တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတက်မည့် ကိုယ်စားလှယ်များအားလုံးကို နိုင်ငံတော်စရိတ်ဖြင့် COVID-19 ရှိ/မရှိ အခမဲ့စစ်ဆေးပေးမည်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတက်မည့် ကိုယ်စားလှယ်များအားလုံးကို နိုင်ငံတော်စရိတ်ဖြင့် COVID-19 ရှိ/မရှိ အခမဲ့စစ်ဆေးပေးမည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

နိုဝင်ဘာ ၉ ရက်တွင် ပြုလုပ်မည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန်အစည်းအဝေး တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို နိုင်ငံတော်စရိတ်ဖြင့် COVID-19 ရောဂါရှိ/မရှိ စစ် ဆေးသွားမည်ဖြစ်သည်။

“အသေးစိတ်တော့ မသိရသေးဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့လုပ်ရမှာပေါ့။ စစ်တာတွေ ဘာတွေကတော့ ပြည်သူလူထုတောင် အခမဲ့စစ်ပေးနေတာပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရစရိတ်နဲ့ ပဲ စစ်မှာပါ” လို့ စမ်းချောင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသော်တာအောင်က People Media သို့ အတည်ပြုပြောဆိုသည်။

ထို့အပြင် လွှတ်တော်အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် ကြိုတင်၍ Quarantine ဝင်ကြရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ဆိုသည်။

“ဘယ်လိုစစ်ဆေးမှုပြုလုပ်ရမယ်တော့ မသိရသေးဘူး ၉ ရက်နေ့တက်မယ်တော့ သိထားတယ်။ ၂ ရက်နေ့ လောက်ကို စပြီးတော့ Quarantine ဝင်ရမယ်လို့လည်းသိထားတယ်။ ဒါပေမယ့် သေသေချာချာ ညွှန်ကြား ထားတာတော့မရှိသေးပါဘူး” လို့ တောင်ဒဂုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များအားလုံး၌ NLD ပါတီသည် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်မှလွဲ၍ ကျန်နယ်များအားလုံး၌ အနိုင်ရရှိထားသည်။

လက်ရှိအချိန်၌ ပြည်သူများအနေဖြင့် COVID-19 ရောဂါရှိ/မရှိ စစ်ဆေးလျှင် ကျပ်ငွေ ၁၅၀၀၀ ကုန်ကျသည်။

Photo – credit

#PeopleMedia #ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

(unicode)
…………………………………………………








Photo – credit



Share this post