• Follow Us on

Home တနသၤာရီကၽြန္းစုၿမိဳ႕တြင္ လင္းရႉးမ်ား တရားမဝင္ ဖမ္းဆီးသူ ၈ ဦးအား ပုဒ္မ ၄၄ ျဖင့္ အေရးယူ

တနသၤာရီကၽြန္းစုၿမိဳ႕တြင္ လင္းရႉးမ်ား တရားမဝင္ ဖမ္းဆီးသူ ၈ ဦးအား ပုဒ္မ ၄၄ ျဖင့္ အေရးယူ

Share this post

ရန္ကုန္၊ နို၀င္ဘာ ၂၇
တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခရိုင္၊ ကၽြန္းစုၿမိဳ႕နယ္၊ ေရျပည့္ေအာ္ေက်းရြာအေရွ႕ တစ္မိုင္ခန႔္အကြာ၌ ငါး မ်ားႏွင့္ လင္းရႉးမ်ား တရားမဝင္ ဖမ္းဆီးခဲ့ေသာ စက္ေလွတစ္စီးအား တနသၤာရီေရတပ္စခန္းဌာနခ်ဳပ္မွ နိုဝင္ဘာလ (၂၅)ရက္ေန႔ ညအခ်ိန္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ကၽြန္းစုျပန္/ဆက္ဌာနမွ ထုတ္ျပန္ထား သည္။
ျဖစ္စဥ္မွာ ေတာျပားႀကီးေက်းရြာအုပ္စု၊ ေရျပည့္ေအာ္ေက်းရြာ အေရွ႕တစ္မိုင္ခန႔္အကြာ၌ တနသၤာရီေရ တပ္စခန္းဌာနခ်ဳပ္မွ စစ္ေရယာဥ္သည္ တာဝန္ထမ္းေဆာင္ေနစဥ္ မသကၤာဖြယ္ ေလွတစ္စီးအား ေတြ႕ရွိသျဖင့္ ေခၚယူစစ္ေဆးခဲ့ရာ လုပ္ငန္းလိုင္စင္မရွိဘဲ ငါးမ်ားႏွင့္ လင္းရႉးမ်ား တရားမဝင္ဖမ္းဆီးထားေၾကာင္း စစ္ေဆး ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ဆက္လက္ၿပီး စစ္ေဆးေမးျမန္းရာတြင္ အဆိုပါေလွသည္ လြန္ခဲ့ေသာႏွစ္ပတ္ခန႔္က ၿမိတ္ၿမိဳ႕မွ ထြက္ခြာလာၿပီး ကၽြန္းစုၿမိဳ႕နယ္ပိုင္ ဂ်ာဘုတ္ကၽြန္း အနီးပတ္ဝန္းက်င္တြင္ ငါးမ်ားဖမ္းဆီးခဲ့ၿပီးေနာက္ ရရွိထားေသာ ငါးမ်ား ေရာင္းခ်နိုင္ေရးအတြက္ ျပန္လည္ထြက္ခြာလာစဥ္ ယခုလိုဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။
ထို႔ေနာက္ ကၽြန္းစုၿမိဳ႕နယ္၊ ငါးလုပ္ငန္းဦးစီးဌာနသို႔ ဖမ္းဆီးရမိခဲ့ေသာ အရွည္(၈)ေပ(၁)လက္မ၊ လုံးပတ္(၄)ေပ (၄)လက္မ အရြယ္အစားရွိ လင္းရႉးတစ္ေကာင္ႏွင့္ (၇)ေပ(၆)လက္မ၊ လုံးပတ္(၄)ေပ အရြယ္စားရွိ လင္းရႉး တစ္ေကာင္၊ စုစုေပါင္း (၂)ေကာင္ႏွင့္ ေလွလုပ္သား(၈)ဦးအား သက္ဆိုင္ရာသို႔ သြားေရာက္အပ္ႏွံခဲ့သည္။
ယင္းလင္းရႉးႏွစ္ေကာင္အား ၿမိဳ႕နယ္ငါးလုပ္ငန္းဦးစီးဌာန၊ ၿမိဳ႕နယ္ဦးစီးမႉး ဦးညီညီလင္းထြဋ္ႏွင့္ တာဝန္ရွိသူမ်ား က ေျမျမဳပ္ဖ်က္စီးခဲ့ၿပီး ေလွသား(၈)ဦးအား ခြင့္ျပဳငါးဖမ္းလိုင္စင္ မရွိျခင္း၊ တားျမစ္ထားေသာ ငါးမ်ိဳးစိတ္မ်ား ဖမ္းဆီးျခင္းမ်ားေၾကာင့္ ျမန္မာ့ပင္လယ္ငါးလုပ္ငန္းဥပေဒ ပုဒ္မ(၄၄) ျဖင့္ ကၽြန္းစုၿမိဳ႕မရဲစခန္းမွ အမႈဖြင့္လွစ္ အေရးယူထားေၾကာင္း ေဖာ္ျပပါရွိသည္။
Photo – Credit
#PeopleMedia #လင္းရႉး
(unicode)
တနင်္သာရီကျွန်းစုမြို့တွင် လင်းရှူးများ တရားမဝင် ဖမ်းဆီးသူ ၈ ဦးအား ပုဒ်မ ၄၄ ဖြင့် အရေးယူ
………………………………………………………………
ရန်ကုန်၊ နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေပြည့်အော်ကျေးရွာအရှေ့ တစ်မိုင်ခန့်အကွာ၌ ငါး များနှင့် လင်းရှူးများ တရားမဝင် ဖမ်းဆီးခဲ့သော စက်လှေတစ်စီးအား တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ နိုဝင်ဘာလ (၂၅)ရက်နေ့ ညအချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကျွန်းစုပြန်/ဆက်ဌာနမှ ထုတ်ပြန်ထား သည်။
ဖြစ်စဉ်မှာ တောပြားကြီးကျေးရွာအုပ်စု၊ ရေပြည့်အော်ကျေးရွာ အရှေ့တစ်မိုင်ခန့်အကွာ၌ တနင်္သာရီရေ တပ်စခန်းဌာနချုပ်မှ စစ်ရေယာဉ်သည် တာဝန်ထမ်းဆောင်နေစဉ် မသင်္ကာဖွယ် လှေတစ်စီးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ လုပ်ငန်းလိုင်စင်မရှိဘဲ ငါးများနှင့် လင်းရှူးများ တရားမဝင်ဖမ်းဆီးထားကြောင်း စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆက်လက်ပြီး စစ်ဆေးမေးမြန်းရာတွင် အဆိုပါလှေသည် လွန်ခဲ့သောနှစ်ပတ်ခန့်က မြိတ်မြို့မှ ထွက်ခွာလာပြီး ကျွန်းစုမြို့နယ်ပိုင် ဂျာဘုတ်ကျွန်း အနီးပတ်ဝန်းကျင်တွင် ငါးများဖမ်းဆီးခဲ့ပြီးနောက် ရရှိထားသော ငါးများ ရောင်းချနိုင်ရေးအတွက် ပြန်လည်ထွက်ခွာလာစဉ် ယခုလိုဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ကျွန်းစုမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနသို့ ဖမ်းဆီးရမိခဲ့သော အရှည်(၈)ပေ(၁)လက်မ၊ လုံးပတ်(၄)ပေ (၄)လက်မ အရွယ်အစားရှိ လင်းရှူးတစ်ကောင်နှင့် (၇)ပေ(၆)လက်မ၊ လုံးပတ်(၄)ပေ အရွယ်စားရှိ လင်းရှူး တစ်ကောင်၊ စုစုပေါင်း (၂)ကောင်နှင့် လှေလုပ်သား(၈)ဦးအား သက်ဆိုင်ရာသို့ သွားရောက်အပ်နှံခဲ့သည်။
ယင်းလင်းရှူးနှစ်ကောင်အား မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီလင်းထွဋ်နှင့် တာဝန်ရှိသူများ က မြေမြုပ်ဖျက်စီးခဲ့ပြီး လှေသား(၈)ဦးအား ခွင့်ပြုငါးဖမ်းလိုင်စင် မရှိခြင်း၊ တားမြစ်ထားသော ငါးမျိုးစိတ်များ ဖမ်းဆီးခြင်းများကြောင့် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ ပုဒ်မ(၄၄) ဖြင့် ကျွန်းစုမြို့မရဲစခန်းမှ အမှုဖွင့်လှစ် အရေးယူထားကြောင်း ဖော်ပြပါရှိသည်။
Photo – Credit
#PeopleMedia #လင်းရှူး


Share this post