• Follow Us on

Home တနသၤာရီတိုင္းေဒသႀကီးအတြင္း မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းႏွင့္ ဒီေရလွိုင္းရိုက္ခတ္ျခင္းတို႔ေၾကာင့္ ေနအိမ္မ်ား ၿပိဳက်ပ်က္စီး၊ တပ္မေတာ္သားမ်ားမွ ကူညီကယ္ဆယ္မႈမ်ားေဆာင္႐ြက္

တနသၤာရီတိုင္းေဒသႀကီးအတြင္း မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းႏွင့္ ဒီေရလွိုင္းရိုက္ခတ္ျခင္းတို႔ေၾကာင့္ ေနအိမ္မ်ား ၿပိဳက်ပ်က္စီး၊ တပ္မေတာ္သားမ်ားမွ ကူညီကယ္ဆယ္မႈမ်ားေဆာင္႐ြက္

Share this post

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၁

တနသၤာရီတိုင္းေဒသႀကီးအတြင္း စက္တင္ဘာလ ၁၈ ရက္တြင္ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္ကာ ဒီေရလွိုင္းရိုက္ခတ္မႈတို႔ေၾကာင့္ ဘုတ္ျပင္းၿမိဳ႕နယ္ ေခ်ာင္းကဖီးေက်း႐ြာတြင္ ေနအိမ္ ၂၂ လုံး၊ ေခ်ာင္းကရွက္ေက်း႐ြာႏွင့္ အုန္းေတာေက်း႐ြာ တို႔တြင္ ေနအိမ္ ၆ လုံး၊ ကြၽန္းစုၿမိဳ႕နယ္ ေရကန္ေတာင္ေက်း႐ြာတြင္ ေနအိမ္ ၁၁ လုံးတို႔ ၿပိဳက်ပ်က္စီးျခင္း၊ ခေမာက္ႀကီးၿမိဳ႕ အမွတ္(၁) ရပ္ကြက္ ေျမနိမ့္ပိုင္းတြင္ ေရမ်ားဝင္ေရာက္ျခင္းတို႔ျဖစ္ေပၚခဲ့ၿပီး ေခ်ာင္းမြန္ေက်း႐ြာႏွင့္ ဝါးေခ်ာင္းေက်း႐ြာအၾကား ၿမိတ္-ဘုတ္ျပင္းသြား ကားလမ္းတြင္ ေရျပင္အက်ယ္ ေပ ၄၀၀ ခန႔္၊ အနက္ ၅ ေပခန႔္ ကားလမ္း ေရေက်ာ္မႈေၾကာင့္ ယာဥ္ႀကီး၊ ယာဥ္ငယ္မ်ား သြားလာ၍ မရမႈမ်ား ျဖစ္
ေပၚခဲ့သည္။

အလားတူ စက္တင္ဘာလ ၁၉ ရက္တြင္ ထားဝယ္ၿမိဳ႕နယ္ စမ္းလွမ္းေက်း႐ြာတြင္ ေနအိမ္ ၃ လုံး၊ ခေမာက္ႀကီးၿမိဳ႕နယ္ ခ်န္းဖန္းေက်း႐ြာတြင္ ေနအိမ္ ၉ လုံးႏွင့္ သုခကာရီ ကမ္းသာယာဘုန္းႀကီးေက်ာင္းရွိ ဆြမ္းစားေဆာင္တို႔ ၿပိဳက်ပ်က္စီးျခင္း၊ ေကာ့ေသာင္းၿမိဳ႕ သီရိၿမိဳင္ရပ္ကြက္ရွိ ၿမိဳ႕ဦးေစတီရင္ျပင္တြင္ ၾကမ္းခင္းကြၽံက်မႈေၾကာင့္ အခင္းစလစ္ျပား၊ ေႂကြျပားမ်ား ပ်က္စီးခဲ့သည္။

အဆိုပါေဒသမ်ားရွိ နယ္ေျမခံတပ္မေတာ္သားမ်ားမွ ေရေဘးသင့္ျပည္သူမ်ားအား ေရေဘးလြတ္ရာေနရာမ်ားသို႔ ေျပာင္းေ႐ႊ႕ေနရာခ်ေပးျခင္း၊ အပ်က္အစီးမ်ားဖယ္ရွားရွင္းလင္းေပးျခင္း၊ ေနအိမ္မ်ားျပန္လည္ျပဳျပင္ေပးျခင္း စသည့္ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေပးကာ ဆန္၊ ၾကက္ဥ၊ ေရသန႔္ဘူးမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္လႉဒါန္းၿပီး က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ေပးလ်က္ရွိသည္။

#PeopleMedia #တနသၤာရီတိုင္းေဒသႀကီး

[Unicode]
တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ဒီရေလှိုင်းရိုက်ခတ်ခြင်းတို့ကြောင့် နေအိမ်များ ပြိုကျပျက်စီး၊ တပ်မတော်သားများမှ ကူညီကယ်ဆယ်မှုများဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ – ၂၁

တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၁၈ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ကာ ဒီရေလှိုင်းရိုက်ခတ်မှုတို့ကြောင့် ဘုတ်ပြင်းမြို့နယ် ချောင်းကဖီးကျေးရွာတွင် နေအိမ် ၂၂ လုံး၊ ချောင်းကရှက်ကျေးရွာနှင့် အုန်းတောကျေးရွာ တို့တွင် နေအိမ် ၆ လုံး၊ ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာတွင် နေအိမ် ၁၁ လုံးတို့ ပြိုကျပျက်စီးခြင်း၊ ခမောက်ကြီးမြို့ အမှတ်(၁) ရပ်ကွက် မြေနိမ့်ပိုင်းတွင် ရေများဝင်ရောက်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး ချောင်းမွန်ကျေးရွာနှင့် ဝါးချောင်းကျေးရွာအကြား မြိတ်-ဘုတ်ပြင်းသွား ကားလမ်းတွင် ရေပြင်အကျယ် ပေ ၄၀၀ ခန့်၊ အနက် ၅ ပေခန့် ကားလမ်း ရေကျော်မှုကြောင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ သွားလာ၍ မရမှုများ ဖြစ်
ပေါ်ခဲ့သည်။

အလားတူ စက်တင်ဘာလ ၁၉ ရက်တွင် ထားဝယ်မြို့နယ် စမ်းလှမ်းကျေးရွာတွင် နေအိမ် ၃ လုံး၊ ခမောက်ကြီးမြို့နယ် ချန်းဖန်းကျေးရွာတွင် နေအိမ် ၉ လုံးနှင့် သုခကာရီ ကမ်းသာယာဘုန်းကြီးကျောင်းရှိ ဆွမ်းစားဆောင်တို့ ပြိုကျပျက်စီးခြင်း၊ ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်ရှိ မြို့ဦးစေတီရင်ပြင်တွင် ကြမ်းခင်းကျွံကျမှုကြောင့် အခင်းစလစ်ပြား၊ ကြွေပြားများ ပျက်စီးခဲ့သည်။

အဆိုပါဒေသများရှိ နယ်မြေခံတပ်မတော်သားများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချပေးခြင်း၊ အပျက်အစီးများဖယ်ရှားရှင်းလင်းပေးခြင်း၊ နေအိမ်များပြန်လည်ပြုပြင်ပေးခြင်း စသည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးကာ ဆန်၊ ကြက်ဥ၊ ရေသန့်ဘူးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

#PeopleMedia #တနင်္သာရီတိုင်းဒေသကြီး


Share this post