• Follow Us on

Home တနင်္သာရီတိုင်း လုံ/နယ်ဝန်ကြီး အပြောင်းအလဲပြုလုပ်ထားပြီးဖြစ်ဟုဆို

တနင်္သာရီတိုင်း လုံ/နယ်ဝန်ကြီး အပြောင်းအလဲပြုလုပ်ထားပြီးဖြစ်ဟုဆို

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၂ (People Media)

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးတာဝန် အပြောင်းအလဲ ပြုလုပ်ထားပြီး ဖြစ်တယ်လို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ထံက သိရပါတယ်။

 

“လုံ/နယ် အသစ်ရောက်နေပါပြီ” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်စိုးနေရာ၌ ဗိုလ်မှူး ကြီး သိန်းလင်းကို နိုဝင်ဘာ ပထမပတ်အတွင်း၌ ပြောင်းလဲ အစားထိုးခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

 

နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသက်စိုးသည် မူလ စစ်ဘက်တာဝန်(သို့မဟုတ်)အရပ်ဘက် တာဝန်သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခြင်း ရှိ/မရှိကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

 

ယခင်က လုံ/နယ်ဝန်ကြီးများ ပြောင်းလဲအစားထိုးခန့်အပ်ရာတွင် လုံ/နယ်ဝန်ကြီးများသည် မူလ စစ်ဘက် တာဝန်များကို ပြန်လည်ထမ်းဆောင်ရပါတယ်။

 

#PeopleMedia #တနင်္သာရီတိုင်းအစိုးရအဖွဲ့

 

(unicode)


……………………………………………………….

 


 


 


 


 


 


 



Share this post