• Follow Us on

Home တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တိုက်ပွဲ၌ အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ရဲဘော် ကိုနားရွက်ပြတ်နှင့် ရဲဘော် ကိုရဲဘေး နှစ်ဦး သေဆုံးခဲ့ကြောင်း DGRS(PDF) အဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တိုက်ပွဲ၌ အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ရဲဘော် ကိုနားရွက်ပြတ်နှင့် ရဲဘော် ကိုရဲဘေး နှစ်ဦး သေဆုံးခဲ့ကြောင်း DGRS(PDF) အဖွဲ့ ထုတ်ပြန်

Share this post

တနင်္သာရီ၊ ဇန်နဝါရီ ၃၁ (People Media)

 

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တိုက်ပွဲ၌ ရေဖြူ PDF အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ရဲဘော် ကိုနားရွက်ပြတ် နှင့် ရဲဘော် ကိုရဲဘေးနှစ်ဦး သေဆုံးခဲ့ကြောင်း DGRS(PDF) အဖွဲ့က ဇန်နဝါရီ ၃၀ ရက်နေ့၌ သတင်းထုတ်ပြန် ထားသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ ရက်နေ့က ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း၌ DGRS တပ်ခွဲ(၁)နှင့် တပ်ခွဲ(၆)မှ ဖြစ်သည့် ရဲဘော် ကိုနားရွက်ပြတ်နှင့် ရဲဘော် ကိုရဲဘေး နှစ်ဦး သေဆုံးခဲ့သည်။

 

ရေဖြူမြို့နယ်သည် PDF အဖွဲ့များအားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် PDF တို့၏ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်လျက်ရှိသည်။

 

ထို့အတူ ရေဖြူမြို့နယ်ရှိ PDF အဖွဲ့သည့် လုံခြုံရေးယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိ သည်။

 

#PeopleMedia #DGRS #ရေဖြူမြို့

 

(unicode)


……………………………………………………..

 


 


 


 


 


 



Share this post