• Follow Us on

Home တနိုင်းမြို့ရှိ တိုက်ပွဲရှောင်စခန်းများ၌ စားသောက်ကုန်များနှင့် ဆေးဝါးလိုအပ်နေ

တနိုင်းမြို့ရှိ တိုက်ပွဲရှောင်စခန်းများ၌ စားသောက်ကုန်များနှင့် ဆေးဝါးလိုအပ်နေ

Share this post

တနိုင်း၊ သြဂုတ် ၆ (People Media)

 

ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများသည် ကိုဗစ်-၁၉ တတိယလှိုင်းတွင် လော့ဒေါင်းချထား သည့်အတွက် စားသောက်ကုန်များနှင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း တနိုင်းမြို့ တိုက်ပွဲရှောင်စခန်းများ မှ သိရသည်။

 

ကိုဗစ်-၁၉ တတိယလှိုင်းတွင် တနိုင်းမြို့၌ ကိုဗစ်အတည်ပြုလူနာများလာသည့်အတွက် မြို့ပေါ်တွင်အသွား အလာကန့်သတ်ခြင်းများနှင့် တိုက်ပွဲရှောင်စခန်းများကို အပြင်ထွက်ခွင့်မပြုတော့သည့်အတွက် လက်ရှိတွင် စားဝတ်နေရေးနှင့် ဆေးဝါလိုအပ်ချက်များကြုံတွေ့နေရကြောင်း တနိုင်းမြို့ RC တိုက်ပွဲရှောင်စခန်းမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

 

“ကိုဗစ်ကာလဆိုပြီး စခန်းကလူတွေကို အပြင်ထွက်ခွင့်မပြုတော့ဘူး။ အဲ့တော့ ရက်ကရှည်လာပြီဆိုတော့ အားလုံးစားဝတ်နေရေးခက်ခဲမှုတွေ ရှိလာကြတာပေါ့။ အရင်ကတော့ တစ်ချို့က နေ့စားလိုက်ပြီး စား သောက်ကြတယ်။ တချို့က ကိုယ်တတ်တဲ့လက်မှုပညာနဲ့ လုပ်ကိုင်စားသောက်ကြတယ်။ အခုက ဘာမှလည်းလုပ်မရတော့ဘူး။ အဲ့တာကြောင့် အဓိကကတော့ စားသောက်ကုန်လိုအပ်ချက်ပေါ့” ဟု ၎င်း ကပြောသည်။

 

ထို့အပြင် တိုက်ပွဲရှောင်စခန်းများတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများ ဖျားနာသူများအတွက် ဆေးဝါး ကုသရန်ဆေးဝါလိုအပ်ချက်များလည်း ရှိနေကြောင်း ၎င်းကထည့်သွင်းပြောသည်။

 

တနိုင်းမြို့ပေါ်တွင် RC တိုက်ပွဲရှောင်စခန်း၊ KBC တိုက်ပွဲရှောင်စခန်းနှင့် COC တိုက်ပွဲရှောင်စခန်းသုံးခုရှိပြီး စုစုပေါင်းလူဦးရေအနေဖြင့် ၁၂၀၀ ကျော်ရှိကြောင်းသိရသည်။

 

နေထိုက် (EPN)

#PeopleMedia #EPN #ကချင်ပြည်နယ် #တနိုင်း #တိုက်ပွဲရှောင်စခန်း

 

(unicode)


…………………………………………………

 


 


 


 


 


 


 




Share this post