• Follow Us on

Home တနိုင်မြို့နယ်၊ ဘုန်းကြီးကျောင်းတိုက်ရှိ အုတ်ပုံနေရာဟောင်းကို ရှင်းလင်းရာ ရှေးဟောင်းပယင်းဘုရား ၂၆ ဆူ  တူးဖော်တွေ့ရှိ

တနိုင်မြို့နယ်၊ ဘုန်းကြီးကျောင်းတိုက်ရှိ အုတ်ပုံနေရာဟောင်းကို ရှင်းလင်းရာ ရှေးဟောင်းပယင်းဘုရား ၂၆ ဆူ  တူးဖော်တွေ့ရှိ

Share this post

မြစ်ကြီးနား၊ ဇန်နဝါရီ ၂၆ (People Media)

 

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာရှိ မိုင်းခွန်သတ္တမဇောတိက ကျောင်းတိုက်ဝန်းအတွင်းရှိ အုတ်ပုံနေရာဟောင်းကို ရှင်းလင်းရာ ရှေးဟောင်းပယင်းဘုရား ၂၆ ဆူ တူးဖော်တွေ့ရှိခဲ့သည်။

 

အဆိုပါ ပယင်းဘုရားများကို ဇန်နဝါရီလ ၂၄ ရက်နေ့က ကျောင်းတိုက်ဝန်းအတွင်း စေတီသစ်တည်ရန်အတွက်  သန့်ရှင်းရေးပြုလုပ်နေစဉ် တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခင်စေတီအဟောင်း၏ ဌာပနာများ ဖြစ်နိုင်ကြောင်း မိုင်းခွန်သတ္တမဇောတိက ကျောင်းတိုက်ဆရာတော်က မိန့်သည်။

 

“မိုင်းခွန်ကျေးရွာဆိုတာက အရင်ဂျပန်ခေတ်ထဲကရှိခဲ့တဲ့ ရှမ်းရွာဖြစ်တယ်။ အရင်ရှိခဲ့တဲ့ ဘုရားရဲ့ ဌာပနာ ဟောင်းတွေလို့ ပြောလို့ရတယ်။ ဘုရားအရေအတွက်က (၂၆) ဆူရှိတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

 

အဆိုပါ တွေ့ရှိခဲ့သည့် ပယင်းဘုရားများမှာ ၄ လက်မခွဲခန့်ရှိသည့် ပယင်းဘုရားကြီး တစ်ဆူ၊ (၃) လက်မခွဲ ခန့်ဘုရားလေးဆူ၊ ၂ လက်မခွဲခန့် ဘုရားခုနှစ်ဆူ၊ ၂ လက်မခန့် ဘုရားဆယ့်တစ်ဆူ၊ အခြားဘုရားငယ် သုံးဆူ၊ စုစုပေါင်း ပယင်းဘုရား (၂၆) ဆူနှင့် လက်တစ်ဆုပ်ခန့်အရွယ်ရှိ ခုံအမျိုးအစားကျောက် (အခွံပါ) ကျောက် တစ်လုံး၊ ပယင်းပုတီးစေ့ တစ်စေ့၊ လက်တစ်ဆစ်ခန့် ပယင်းကျောက်တစ်ခု၊ နဂါးပုံဟုယူဆရသည့် သံထည်တို့ ကို ရှာဖွေတွေ့ရှိခဲ့သည်။

 

အဆိုပါ ရှာဖွေတွေ့ရှိသည့် ပယင်းဘုရား (၂၆) ဆူနှင့် ပစ္စည်းများကို စုပေါင်းကာ အသစ်ပြန်လည် တည်ထား ကိုးကွယ်မည့် ဓာတ်ပေါင်းစုစေတီတွင် ဌာပနာသွားမည်ဖြစ်ကြောင်း မိုင်းခွန်သတ္တမဇောတိကကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်က မိန့်ကြားခဲ့သည်။

 

ဗညားနွဲ့(EPN)

 

#PeopleMedia #EPN #တနိုင်မြို့နယ်

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 



Share this post