• Follow Us on
Latest News

Home တန္ဖိုးနည္းအိမ္ရာေဆာက္မည့္ေနရာရွိ က်ဴးေက်ာ္ေနအိမ္ ၅၉ လုံးအား မန္းစည္ပင္ရွင္းလင္း

တန္ဖိုးနည္းအိမ္ရာေဆာက္မည့္ေနရာရွိ က်ဴးေက်ာ္ေနအိမ္ ၅၉ လုံးအား မန္းစည္ပင္ရွင္းလင္း

Share this post

မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္သာယာရပ္ကြက္ ၄၄ လမ္း ႏွင့္ ၄၅ လမ္းၾကား၊ ယုဇနလမ္းႏွင့္ စံပယ္လမ္းၾကားက်ဴးေက်ာ္ေနအိမ္ ၅၉ လုံးအား ဇန္နဝါရီလ ၁၁ ရက္ေန႔က ရွင္းလင္းမႈမ်ား ျပဳလုပ္ခဲ့သည္။

ယင္းသို႔ရွင္းလင္းမႈမ်ားမလုပ္မီ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလထဲက ေနာက္ဆုံးအႀကိမ္အသိေပးအေၾကာင္းၾကားျခင္း မ်ားျပဳလုပ္ခဲ့ၿပီး မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ကေတာ့ ဥပေဒအတိုင္း လုပ္တာပါ။ သူတို႔ကို ဖယ္ေပးဖို႔ စာပို႔တာ သုံးႀကိမ္ရွိသြားပါၿပီ။ ဒါကို မဖယ္တဲ့အတြက္ ေကာ္မတီကိုတင္ျပၿပီး ရွင္းလင္းေရးအဖြဲ႕ဖြဲ႕ၿပီးေဆာင္ရြက္တာပါ”ဟု မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအခြန္ဌာနမွ ဌာနမွဴးဦးသက္ႏိုင္က ေျပာသည္။

အဆိုပါေျမေနရာသည္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာပိုင္ေျမျဖစ္ၿပီး တန္ဖိုးနည္းအိမ္ယာေဆာက္လုပ္ရန္ စီစဉ္ေဆာင္ရြက္ထားသည့္ေနရာျဖစ္ေၾကာင္း သိရသည္။

က်ဴးေက်ာ္အိမ္ေျခေပါင္း ၆၀ ေက်ာ္ရွိေသာ္လည္း တခ်ိဳ႕မွာ ဖယ္ရွားေပးသည့္အတြက္ က်ဴးေက်ာ္ေနအိမ္ ၅၉ လုံးသာ ရွင္းလင္းခဲ့ရျခင္းျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက သိရသည္။

#PeopleMedia

(Unicode)
တန်ဖိုးနည်းအိမ်ရာဆောက်မည့်နေရာရှိ ကျူးကျော်နေအိမ် ၅၉ လုံးအား မန်းစည်ပင်ရှင်းလင်း
……………………………………………………………

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက် ၄၄ လမ်း နှင့် ၄၅ လမ်းကြား၊ ယုဇနလမ်းနှင့် စံပယ်လမ်းကြားကျူးကျော်နေအိမ် ၅၉ လုံးအား ဇန်နဝါရီလ ၁၁ ရက်နေ့က ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

ယင်းသို့ရှင်းလင်းမှုများမလုပ်မီ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲက နောက်ဆုံးအကြိမ်အသိပေးအကြောင်းကြားခြင်း များပြုလုပ်ခဲ့ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ဥပဒေအတိုင်း လုပ်တာပါ။ သူတို့ကို ဖယ်ပေးဖို့ စာပို့တာ သုံးကြိမ်ရှိသွားပါပြီ။ ဒါကို မဖယ်တဲ့အတွက် ကော်မတီကိုတင်ပြပြီး ရှင်းလင်းရေးအဖွဲ့ဖွဲ့ပြီးဆောင်ရွက်တာပါ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအခွန်ဌာနမှ ဌာနမှူးဦးသက်နိုင်က ပြောသည်။

အဆိုပါမြေနေရာသည် မန္တလေးမြို့တော်စည်ပင်သာယာပိုင်မြေဖြစ်ပြီး တန်ဖိုးနည်းအိမ်ယာဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်ထားသည့်နေရာဖြစ်ကြောင်း သိရသည်။

ကျူးကျော်အိမ်ခြေပေါင်း ၆၀ ကျော်ရှိသော်လည်း တချို့မှာ ဖယ်ရှားပေးသည့်အတွက် ကျူးကျော်နေအိမ် ၅၉ လုံးသာ ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။

#PeopleMedia


Share this post