• Follow Us on

Home တန့်ဆည်မြို့နယ်၌ အသက် ၂၇ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးသည် မြေပဲနှုတ်နေစဉ် PDF အဖွဲ့မှ လုပ်ကြံ သတ်ဖြတ်ခဲ့

တန့်ဆည်မြို့နယ်၌ အသက် ၂၇ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးသည် မြေပဲနှုတ်နေစဉ် PDF အဖွဲ့မှ လုပ်ကြံ သတ်ဖြတ်ခဲ့

Share this post

တန့်ဆည်၊ မတ် ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၊ ဖလံချိုင်ကျေးရွာတွင် နေထိုင်သည့် ကိုအောင်သူသည် မြေပဲနှုတ်နေစဉ် PDF အဖွဲ့ဝင် အမျိုးသား (၅) ဦး ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ သည်။

 

ဖြစ်စဉ်မှာ မတ်လ ၁၅ ရက် နံနက် ၈း၃၀ အချိန်က ဖလံချိုင်ကျေးရွာ၌ နေထိုင်သည့် ကိုအောင်သူသည် မိသားစုဝင်များနှင့်အတူ မြေပဲနှုတ်နေစဉ် PDF အဖွဲ့က လာရောက်လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

“သူက ပြင်ဦးလွင်ကနေ ရောက်လာတာ နှစ်ရက် သုံးရက်လောက်ပဲရှိသေးတယ်။ မိသားစုနဲ့ မြေပဲလိုက်နှုတ် တာ။ ဘာမှမပြောဘဲ သူတစ်ယောက်ထဲကို သေနတ်နဲ့ ပစ်သွားတာ။ ပြီးတော့ အဲ့ရွာမှာက ဝန်ထမ်းတွေမ ရှိတော့ဘူး။ သူတို့ကို သတ်မယ်လို့ PDF တွေက ခြိမ်းခြောက်ထားကြတာ ကြာပြီ။” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

လုပ်ကြံခံရ၍ သေဆုံးသွားသော ကိုအောင်သူသည် အသက် ၂၇ နှစ် အရွယ်ရှိကြောင်း ဒေသခံအချို့က အတည်ပြုပြောဆိုသည်။

 

(unicode)


………………………………..

 


 


 


 


 



Share this post