• Follow Us on

Home တန့်ဆည်မြို့နယ်၌ အသက် ၈၀ နှစ်အရွယ်နှင့် အသက် ၇၄ နှစ်အရွယ် အဖွားအိုနှစ်ဦးအပါအဝင် မိသားစုဝင် ၅ ဦး လုပ်ကြံသတ်ဖြတ်ခံရ

တန့်ဆည်မြို့နယ်၌ အသက် ၈၀ နှစ်အရွယ်နှင့် အသက် ၇၄ နှစ်အရွယ် အဖွားအိုနှစ်ဦးအပါအဝင် မိသားစုဝင် ၅ ဦး လုပ်ကြံသတ်ဖြတ်ခံရ

Share this post

မုံရွာ၊ ဒီဇင်ဘာ ၁၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ကအသက် ၈၀ နှစ်အရွယ်နှင့် အသက် ၇၄ နှစ်အရွယ် အဖွားအိုနှစ်ဦးအပါအဝင် မိသားစုဝင် ၅ ဦး လုပ်ကြံသတ်ဖြတ်ခံရ ကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်က တန့်ဆည်မြို့၊ ဒေါင့်ကြီးကျေးရွာအား အကြမ်း ဖက်များက ဝင်ရောက်၍ ကျေးရွာနေ ပြည်သူများဖြစ်ကြသည့် ဦးကျော်စိုး၊ ဒေါ်ဂျမ်းတော အသက် (၈၅) နှစ် ၊ ဒေါ်ခင်ဆွေမြင့် အသက် (၇၄) နှစ်၊ အသက် (၆၄) နှစ်၊ ဒေါ်ခင်လှိုင် အသက် (၆၅) နှစ်၊ ဒေါ်လှိုင်စိုး အသက် (၄၅) နှစ် စသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ကို သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ထိုသို့ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၄ ဦးတို့ကို လုပ်ကြံသတ်ဖြတ်ပြီးသည့်နောက် နေအိမ်များအား မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရာတွင် သေဆုံးသူ၏ ရုပ်အလောင်းများကို နေအိမ်ခြံဝန်းအတွင်းတွင် ရပ်အလောင်း ၂ လောင်းနှင့် မီးရှို့ဖျက်ဆီးခံရသော နေအိမ်တွင် ရုပ်အလောင်း ၃ လောင်းတို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

 

လက်ရှိနိုင်ငံရေး မတည်မငြိမ်မှုဖြစ်စဉ် ဖြစ်ပွားသည့်ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျေးရွာ နေပြည်သူများအပြင် နိုင်ငံရေးပါတီများမှ လူပုဂ္ဂိုလ်အသီးသီးနှင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဝင်များကို လုပ်ကြံ သတ်ဖြတ်သည့်ဖြစ်စဉ်များ နေ့စဉ်ဖြစ်ပွားနေသည့်မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

 

#PeopleMedia #တန့်ဆည်

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post