• Follow Us on
Latest News

Home တန့်ဆည်မြို့နယ်၌ အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရပြီး အုပ်ချုပ်ရေးမှူး၏ မိသားစုဝင်အပါအဝင် ဆွေမျိုး တော်စပ်သူ အမျိုးသမီး စုစုပေါင်း ၆ ဦး သတ်ဖြတ်ခံရ

တန့်ဆည်မြို့နယ်၌ အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရပြီး အုပ်ချုပ်ရေးမှူး၏ မိသားစုဝင်အပါအဝင် ဆွေမျိုး တော်စပ်သူ အမျိုးသမီး စုစုပေါင်း ၆ ဦး သတ်ဖြတ်ခံရ

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၁ (People Media)

 

နိုဝင်ဘာ ၃၀ ရက်နေ့ ညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရပြီး အုပ်ချုပ်ရေးမှူး၏ မိသားစုဝင်အပါအဝင် ဆွေမျိုးတော်စပ်သူ အမျိုးသမီး စုစုပေါင်း ၆ ဦး သတ်ဖြတ်ခံရခဲ့ရကြောင်း ဒေသခံတစ်ဦးက People Media သို့ ပြောဆိုပါတယ်။

 

“အုပ်ချုပ်ရေးမှူးအိမ်က မီးရှို့ခံရတယ်။ မီးထဲမှာ အမျိုးသမီးနှစ်ဦး ပါသွားတယ်။ နောက်ပြီး ခြံထဲမှာရှိတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသမီးလေးဦး ထပ်မံ အသက်ခံရတယ်။ စုစုပေါင်း ခြောက်ဦးဖြစ် တယ်” လို့ ဒေသခံတစ်ဦးက People Media ကို ပြောပါတယ်။

 

အဆိုါ ဖြစ်စဉ်၌ အုပ်ချုပ်ရေးမှူး မိသားစုဝင်နှစ်ဦးသည် အသတ်ခံရပြီးနောက် နေအိမ်ပါ မီးရှို့ခံခဲ့ရပြီး ဆွေမျိုး တော်စပ်သူ အမျိုးသမီးလေးဦးကို လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ်ပါတယ်။

 

“စစ်ကိုင်းတိုင်းမှာကတော်တော်ရှုပ်ထွေးနေတယ်။ လက်နက်ကိုင်တွေရဲ့ ရန်ကုန်ကြောက်နေရတယ်” လို့ ဒေသ ခံတစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါတယ်။

 

#PeopleMedia #တန့်ဆည်မြို့နယ်

 

(unicode)


…………………………………………………….

 


 


 


 


 


 


 



Share this post