• Follow Us on

Home တန့်ဆည်မြို့၌ ဒု-ရဲအုပ်၏ ဇနီးဖြစ်သူသည် နေအိမ်၌ ရှိနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

တန့်ဆည်မြို့၌ ဒု-ရဲအုပ်၏ ဇနီးဖြစ်သူသည် နေအိမ်၌ ရှိနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၂၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၊ ဗိုလ်မြရပ်ကွက်၌ နေထိုင်သည့် ဒု-ရဲအုပ်၏ ဇနီးဖြစ်သူသည် နေအိမ်၌ရှိနေစဉ် အမျိုးသား ၄ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ် သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၃ ရက်နေ့ မွန်းလွဲပိုင်း၌ နေထိုင်သည့် ဒု-ရဲအုပ်၏ ဇနီးဖြစ်သူသည် နေအိမ်၌ရှိနေစဉ် အမျိုး သား ၄ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး အသံတိတ်သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

“အိမ်ထဲမှာနေရင်းနဲ့ အသတ်ခံရတာ။ သူ့အမျိုးသားက ဒု-ရဲအုပ်၊ နေပြည်တော်မှာ တာဝန်ကျနေတယ်လို့တော့ ကြားတယ်။ သူက အားလုံးနဲ့ သင့်မြတ်စွာနေတာပါ။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံသွားတာပါ” လို့ ဒေသခံတစ်ဦး က ပြောသည်။

 

ယခုကဲ့သို့ မြို့နေပြည်သူများ လုပ်ကြံခံရမှုသည် လက်ရှိ တရားဥပဒေစိုးမိုးရေးအပေါ် ဆောင်ရွက်နေသည့် တာဝန်ရှိသူများကို မေးခွန်ထုတ်ရန် လိုနေသလို လုံခြုံရေး အလှမ်းဝေးသည့် ကျေးရွာများ၌ ယခုကဲ့သို့ ပိုမို ဆိုးရွားသည့် အခြေအနေ၌ ရှိနိုင်ကြောင်း တန့်ဆည်မြို့ခံတစ်ဦးက ပြောသည်။

 

Photo – Credit

 

#PeopleMedia #တန့်ဆည်မြို့

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post