• Follow Us on

Home တန့်ဆည်မြို့၌ ရဲတပ်ဖွဲ့ဝင်မိသားစုဝင် ၄ ဦးအပါအဝင် လေးနှစ်အရွယ်ကလေးငယ် အသတ်ခံရ

တန့်ဆည်မြို့၌ ရဲတပ်ဖွဲ့ဝင်မိသားစုဝင် ၄ ဦးအပါအဝင် လေးနှစ်အရွယ်ကလေးငယ် အသတ်ခံရ

Share this post

မုံရွာ၊ စက်တင်ဘာ ၂၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ လမ်းဆုံမြို့၊ ကျီးကုန်းကျေးရွာတွင် နေထိုင်သည့် ရဲတပ်ဖွဲ့ ဝင်မိသားစု ၄ ဦးအပါအဝင် လေးနှစ်အရွယ်ကလေးငယ်တစ်ဦး လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ ရဲတပ်သားတစ်ဦး၏ ဇနီး၊ ၄ နှစ်အရွယ်သမီးနှင့် ဇနီးဖြစ်သူ၏ မိဘနှစ်ဦးလုံးကို အမည်မသိအဖွဲ့မှ စက်တင်ဘာ ၂၂ ရက်နေ့ ညပိုင်းအချိန်တွင် လာရောက်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆို ချက်အရ သိရှိရသည်။

 

အလားတူ စက်တင်ဘာ ၁၉ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေး ရွာသား ၅ ဦးအသတ်ခံခဲ့ရပြီး စစ်ကိုင်းတိုင်းသည် သတ်ဖြတ်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည့် တိုင်းဒေသ ကြီးတစ်ခုဖြစ်သည်။

 

#PeopleMedia #စစ်ကိုင်း #တန့်ဆည်

 

(unicode)


………………………………………………………..

 


 


 


 


 



Share this post