• Follow Us on

Home တန့်ဆည်မြို့နှင့် ခင်ဦးမြို့နယ်များ၌ ကျောင်းဆရာတစ်ဦးနှင့် ကျောင်းအုပ်ဆရာမတစ်ဦးအပါအဝင် ၎င်းတို့နှင့် အတူနေ မိသားစုဝင်များ လုပ်ကြံခံရ

တန့်ဆည်မြို့နှင့် ခင်ဦးမြို့နယ်များ၌ ကျောင်းဆရာတစ်ဦးနှင့် ကျောင်းအုပ်ဆရာမတစ်ဦးအပါအဝင် ၎င်းတို့နှင့် အတူနေ မိသားစုဝင်များ လုပ်ကြံခံရ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၂၁ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နှင့် ခင်ဦးမြို့နယ်များ၌ CDM ပြုလုပ်ခြင်းမရှိသည့် ကျောင်းဆရာတစ်ဦး နှင့် ကျောင်းအုပ်ဆရာမတစ်ဦးအပါအဝင် ၎င်းတို့နှင့်အတူနေ မိသားစုဝင်များသည် လုပ်ကြံခံရ၍ သေဆုံးခဲ့ သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက်နေ့က တန့်ဆည်မြို့နယ်၊ မေတ္တာမြိုင်ရပ်ကွက်နေ ဒယ်ရောက်အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်သန်းသန်းနွဲ့ (၅၀) နှစ်သည် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးဆင်ကျော်(၅၃)နှစ် သမီးဖြစ်သူ လင်းလက်ကျော်(၂၀)နှစ်တို့နှင့် အတူရှိနေစဉ် အနက်ရောင်ဝတ်စုံ ဝတ် ဆင်၍ သေနတ်များကိုယ်စီကိုင်ဆောင်ထားသည့် အမျိုးသား ၄ ဦး မှ နေအိမ်အတွင်းဝင်ရောက် ဝိုင်းဝန်းပစ် ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

ထိုဖြစ်စဉ်တွင် အသက် ၂၀ နှစ် သမီးဖြစ်သူ လင်းလက်ကျော်သာ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်သန်းသန်းနွဲ့ (၅၀) နှစ်နှင့် ဖခင်ဖြစ်သူ ဦးဆင်ကျော်(၅၃)နှစ်တို့သည် အခင်းဖြစ်နေရာတွင် သေ ဆုံးခဲ့သည်။

 

အလားတူ ဇန်နဝါရီ ၁၉ ရက်နေ့က ခင်ဦးမြို့နယ်၊ ရွာသန်းကျေး အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းဆရာဖြစ်သူ ဦးသန်းအောင်၏ နေအိမ်အတွင်းသို့ အမည်မသိလက်နက်ကိုင် လူအစုအဖွဲ့မှ လာ ရောက်၍ နေအိမ်တွင် ရှိနေသည့် ဦးသန်းအောင်(၅၀)နှစ်နှင့် တစ်ရွာတည်းနေ ဦးချိုကြီး(၅၅)နှစ်တို့အား ဖမ်းဆီး၍ နေအိမ်ပြင်ပ၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

အထက်ပါဖြစ်စဉ်နှစ်ခုတွင် ကျောင်းအုပ်ဆရာမ တစ်ဦး၊ ကျောင်းဆရာ တစ်ဦး အတူနေ မိသားစုဝင်နှစ်ဦး စုစုပေါင်း လေးဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

 

#PeopleMedia #စစ်ကိုင်းတိုင်း #နမခ

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post