• Follow Us on
Latest News

Home တန့်ဆည်မြို့နယ်၌ ဆည်မြောင်းဌာနမှ ဝန်ထမ်း ၂ ဦးနှင့် အရပ်သားနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

တန့်ဆည်မြို့နယ်၌ ဆည်မြောင်းဌာနမှ ဝန်ထမ်း ၂ ဦးနှင့် အရပ်သားနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၉  (People Media)

 

ဒီဇင်ဘာ ၂၆ က စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ ဆည်မြောင်းဌာနမှ ဝန်ထမ်း ၂ ဦး၊ ပြည်သူနှစ်ဦး တို့သည် ကျေးရွာစိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်နေစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်လုပ်ကြံ သတ်ဖြတ်ခဲ့သည်။

 

ဖြစ်စဉ်မှာ ခပေါင်းကြိုင်ကျေးရွာရှိ လယ်ကွင်းများကို စိုက်ပျိုးရေပေးဝေပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနေ စဉ် ဆည်မြောင်းဝန်ထမ်းနှစ်ဦးနှင့် ဒေသခံနှစ်ဦးကို လက်နက်အဖွဲ့တစ်ခုက လုပ်ကြံခဲ့ခြင်းဖြစ်သည်။

 

“ဖြစ်တာက ဟုတ်ပါတယ်။ ရွာက လယ်တွေ ရေပေးဖို့အတွက် အကူညီသွားတောင်းတာ။ အဲ့ဒီမှာ ဝန်ထမ်းနှစ် ယောက်ပါလာတယ်။ အဲ့ဒီမှာ ဝန်ထမ်းရော ရွာသားနှစ်ဦးကို လုပ်ကြံခံလိုက်ရတာ” လို့ ဒေသခံတစ်ဦးက ပြော သည်။

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့သည် PDF အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်သလို အုပ်ချုပ်ရေးမှူး များ၊ ဒလံဟုစွပ်စွဲခံရသူများ၊ နိုင်ငံဝန်ထမ်းများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ မကြာခဏ လုပ်ကြံခြင်းခံရသည့် မြို့ နယ်ဖြစ်သည်။

 

#PeopleMedia #တန့်ဆည်

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post