• Follow Us on

Home တန့်ဆည်မြို့နယ်၌ အသက် ၇၇ နှစ်အရွယ်ရှှိ အငြိမ်းစားဆရာဝန်တစ်ဦး၏ နေအိမ် ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၆၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအပါအဝင် ဘဏ်ငွေစုစာအုပ်များ ယူဆောင်သွားခြင်းခံရ

တန့်ဆည်မြို့နယ်၌ အသက် ၇၇ နှစ်အရွယ်ရှှိ အငြိမ်းစားဆရာဝန်တစ်ဦး၏ နေအိမ် ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၆၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအပါအဝင် ဘဏ်ငွေစုစာအုပ်များ ယူဆောင်သွားခြင်းခံရ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၁၃ (People Media)

 

ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ စစ်ကိုင်းမဟာ မြိုင်ရပ်ကွက်နေ အသက် ၇၇ နှစ်အရွယ်ရှိ အငြိမ်းစားဆရာဝန်တစ်ဦး၏ နေအိမ်အတွင်းသို့ လက်နက်ကိုင် အမျိုးသား ၄ ဦးက ဝင်ရောက်ပြီး လက်နက်ပြခြိမ်းခြောက်၍ ငွေကျပ် သိန်း ၆၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ အပါအဝင် ဘဏ်ငွေစုစာအုပ်များ၊ လက်ကိုင်ဖုန်းများကို ယူဆောင်သွားခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲတွင် တန့်ဆည်မြို့၊ စစ်ကိုင်းမဟာမြိုင်ရပ်ကွက်နေ ဆရာ ဝန်အငြိမ်းစားဖြစ်သူ ဦးတင်ရွှေ(၇၇)နှစ်၏ နေအိမ်၌ သမီးဖြစ်သူ မစိုးစိုး(၄၇)နှစ်သည် နေအိမ်၌ ရှိနေစဉ် သေနတ်ကိုယ်စီကိုင်ဆောင်ထားသည့် အမျိုးသား ၄ ဦးသည် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဖခင်ဖြစ်သူ ဒေါက်တာ တင်ရွှေ ရှိ/မရှိ မေးမြန်းကာ မစိုးစိုး ကိုင်ဆောင်ထားသည့် I-Phone 6 Plus ၁ လုံး၊ ငွေ ၅၀၀၀၀၀ ကျပ်၊ နေအိမ်အပေါ်ထပ်ရှိ ငွေ ၄၅၀၀၀၀ ကျပ်၊ ပလက်တီနမ် လက်စွပ် ၄ ကွင်း၊ စိန်လက်စွပ် ၁ ကွင်း၊ ပ လက်တီနမ်ဆွဲကြိုး ၁ ကုံး၊ ၃ ရောင်ခြယ် ဆွဲကြိုး ၁ ကုံး၊ သုံးရောင်ခြယ်လက်စွပ် ၁ ကွင်း(စုစုပေါင်းတန်ဖိုး ၆၃၁၀၀၀၀ ကျပ်ခန့်)၊ ဒေါက်တာတင်ရွှေအမည်ဖြင့် ဘဏ်စာအုပ် ၁ အုပ်၊ ဒေါ်ခင်ချိုသက်အမည်ဖြင့် ဘဏ်စာ အုပ် ၁ အုပ်၊ မေမြတ်ကျော်အမည်ဖြင့် ဘဏ်စာအုပ် ၁ အုပ်တို့အား သေနတ်ပြခြိမ်းခြောက် ယူဆောင်သွား သည်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ နေအိမ်အချို့ ဓါးပြတိုက်ခံခဲ့ရသည့်ဖြစ်စဉ်များ ပေါ်ပေါက်နေသလို ပုဂ္ဂလိကဘဏ်များ၊ ဘဏ်ငွေသယ်ယာဉ်များ တိုက်ပြတိုက်ခံရခြင်း ဖြစ်ပေါ်လျက်ရှိသည်။

 

ထို့အတူ ပုဂ္ဂလိကဘဏ်များ၊ ဘဏ်ငွေသယ်ယာဉ်များ တိုက်ပြတိုက်ခံရသည့်ဖြစ်စဉ်အပေါ် ကျူးလွန်သူများကို တာဝန်ရှိသူများက ဖော်ထုတ်နိုင်သော်လည်း ဖြစ်စဉ်အချို့ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။

 

Photo – credit

 

#PeopleMedia #တန့်ဆည်မြို့

 

(unicode)


…………………………………………………………..

 


 


 


 


 


 

Photo – credit

 



Share this post