• Follow Us on

Home တန့်ဆည်မြို့၌ ရွှေလုပ်ကွက်ပိုင်ရှင် မိသားစု (၅) ဦး အသတ်ခံရ၊ အသတ်ခံရမှုတွင် (၁၁) နှစ်အရွယ် ကလေး ငယ် ပါဝင်

တန့်ဆည်မြို့၌ ရွှေလုပ်ကွက်ပိုင်ရှင် မိသားစု (၅) ဦး အသတ်ခံရ၊ အသတ်ခံရမှုတွင် (၁၁) နှစ်အရွယ် ကလေး ငယ် ပါဝင်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ ခပေါင်းကျရွာ၌ နေထိုင်သည့် ရွှေလုပ်ကွက်ပိုင်ရှင် ကိုစန်းဝင်း မိသားစု ၅  ဦးသည် ရွှေမျောလုပ်ကိုင်ရာနေရာ၌ အမည်မသိအဖွဲ့မှ တူမီးသေနတ်များဖြင့် လာရောက် ပစ်ခတ်လုပ်ကြံခဲ့ သည်။

 

အမည်မသိ တူမီးသေနတ်အဖွဲ့မှ ကိုဆန်းဝင်းမိသားစု (၅) ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သလို အသက် (၁၁) နှစ်အရွယ် ကလေးငယ်ကိုလည်း သတ်ဖြတ်ခဲ့သည်။

 

အဆိုပါ မိသားစုဝင်ကို သတ်ဖြတ်ပြီးနောက် ကိုစန်းဝင်း ပိုင်ဆိုင်သည့် ရွှေနှင့် ငွေများကိုလည်း လာရောက် လုပ်ကြံသည့်အဖွဲ့က ယူဆောင်သွားခဲ့သည်။

 

“အသတ်ခံရတာ ဟုတ်တယ်။ ညက မိသားစု ၅ ယောက်ကို သတ်သွားတာ။ သူ့မှာ သား ၃ ယောက်ရှိတယ်၊  ၁၈ နှစ်၊ ၁၆ နှစ်နဲ့  အငယ်ဆုံးကလေးက ၁၁ နှစ်” ဖြစ်တယ်လို့ ဒေသခံတစ်ဦးက People Mediaကို ပြောဆို သည်။

 

လက်ရှိအချိန်၌ အဆိုပါဒေသတွင် ရွှေမျောလုပ်ကိုင်နေသူများသည် မကြာခဏ သတ်ဖြတ်ခြင်းခံရလျက် ရှိနေသည်။

 

#PeopleMedia #ခပေါင်းကျ

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post