• Follow Us on

Home တပ္ကုန္းၿမိဳ႕နယ္တြင္ တရားမဝင္ ခိုးဝင္လာေသာ တ႐ုတ္ႏိုင္ငံသားမ်ားဖမ္းဆီးရမိ

တပ္ကုန္းၿမိဳ႕နယ္တြင္ တရားမဝင္ ခိုးဝင္လာေသာ တ႐ုတ္ႏိုင္ငံသားမ်ားဖမ္းဆီးရမိ

Share this post

ေနျပည္ေတာ္၊ ဩဂုတ္ – ၁၅

ယေန႔ နံနက္ ၁ နာရီခန္႔တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ တပ္ကုန္းလမ္းခြဲမွ တပ္ကုန္းၿမိဳ႕သို႔ေမာင္းႏွင္လာေသာ လင္ခ႐ူဇာ အမ်ိဳးအစား ေမာ္ေတာ္ယာဉ္တစ္စီးသည္ အိုက္က်ယ္ရြာႏွင့္ ေဂြ႕ႀကီးရြာၾကား အေရာက္၌ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ဝဲဘက္ျခမ္းသို႔ တိမ္းေမွာက္မႈျဖစ္စဉ္ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့သည္။

စစ္ေဆးေမးျမန္းခ်က္မ်ားအရ ယာဉ္ေမာင္းမွာ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း၊ အဆိုပါ ေမာ္ေတာ္ယာဉ္ေပၚ၌ တ႐ုတ္ႏိုင္ငံသား ၁၁ ဦးပါရွိၿပီး ခ်ဴးဟြန္ပီး ၂၈ ႏွစ္၊ ဖူးက်န္ၿမိဳ႕၊ တ႐ုတ္ႏိုင္ငံေနသူ တစ္ဦးတည္းသာ ႏိုင္ငံကူးလက္မွတ္ပါရွိကာ က်န္ ၁၀ ဦးမွာ ႏိုင္ငံကူး လက္မွတ္ႏွင့္ အေထာက္အထားတစ္စုံတစ္ရာ ျပသႏိုင္ျခင္းမရွိေၾကာင္းႏွင့္ ယာဉ္တိမ္းေမွာက္မႈျဖစ္စဉ္ေၾကာင့္ ဒဏ္ရာရရွိေသာတ႐ုတ္ႏိုင္ငံသား ၆ ဦးကို အနီးဝန္းက်င္ရွိ အိုက္က်ယ္ေက်းရြာသားမ်ားက တပ္ကုန္းၿမိဳ႕နယ္ျပည္သူ့ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါျဖစ္စဉ္တြင္ တရားမဝင္ခိုးဝင္လာေသာ တ႐ုတ္ႏိုင္ငံသားမ်ားကို တပ္ကုန္းၿမိဳ႕မ ရဲစခန္းတြင္ တရားဉပေဒႏွင့္အညီအေရးယူႏိုင္ေရး အမႈဖြင့္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

သတင္း၊ ဓါတ္ပုံ(တပ္မေတာ္)

#PeopleMedia

(unicode)
တပ်ကုန်းမြို့နယ်တွင် တရားမဝင် ခိုးဝင်လာသော တရုတ်နိုင်ငံသားများဖမ်းဆီးရမိ
………………………………………………………………………

နေပြည်တော်၊ ဩဂုတ် – ၁၅

ယနေ့ နံနက် ၁ နာရီခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ တပ်ကုန်းလမ်းခွဲမှ တပ်ကုန်းမြို့သို့မောင်းနှင်လာသော လင်ခရူဇာ အမျိုးအစား မော်တော်ယာဉ်တစ်စီးသည် အိုက်ကျယ်ရွာနှင့် ဂွေ့ကြီးရွာကြား အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးမေးမြန်းချက်များအရ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ အဆိုပါ မော်တော်ယာဉ်ပေါ်၌ တရုတ်နိုင်ငံသား ၁၁ ဦးပါရှိပြီး ချူးဟွန်ပီး ၂၈ နှစ်၊ ဖူးကျန်မြို့၊ တရုတ်နိုင်ငံနေသူ တစ်ဦးတည်းသာ နိုင်ငံကူးလက်မှတ်ပါရှိကာ ကျန် ၁၀ ဦးမှာ နိုင်ငံကူး လက်မှတ်နှင့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသောတရုတ်နိုင်ငံသား ၆ ဦးကို အနီးဝန်းကျင်ရှိ အိုက်ကျယ်ကျေးရွာသားများက တပ်ကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် တရားမဝင်ခိုးဝင်လာသော တရုတ်နိုင်ငံသားများကို တပ်ကုန်းမြို့မ ရဲစခန်းတွင် တရားဉပဒေနှင့်အညီအရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း၊ ဓါတ်ပုံ(တပ်မတော်)

#PeopleMedia


Share this post