• Follow Us on

Home တပ်ကုန်းမြို့၊ မြို့နယ်စည်ပင်ရုံးရှေ့၌ အမျိုးသားတစ်ဦး မိုင်းထောင်စဉ် မိုင်းပေါက်ကွဲ၍ သေဆုံး

တပ်ကုန်းမြို့၊ မြို့နယ်စည်ပင်ရုံးရှေ့၌ အမျိုးသားတစ်ဦး မိုင်းထောင်စဉ် မိုင်းပေါက်ကွဲ၍ သေဆုံး

Share this post

မန္တလေး၊ ဇန်နဝါရီ ၁၀ (People Media)

 

ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့၊ မြို့နယ်စည်ပင်သာ ယာရေးရုံးရှေ့၌ အမည်မသိ အမျိုးသားတစ်ဦးသည် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်၍ သေဆုံးခဲ့ သည်။

 

ဖြစ်စဉ်မှာ ဇန်ဝါရီလ ၉ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် တပ်ကုန်းမြို့၊ မြဝတီရပ်ကွက်ရှိ မြို့နယ်စည်ပင်သာ ယာရေးရုံးရှေ့၌ အမျိုးသားတစ်ဦးသည် မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ကြောင့် ၎င်း၏ လက်ချောင်းများ ပြတ်ကာ မျက်နှာ၌ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

 

ဖြစ်စဉ်အပေါ် တာဝန်ရှိသူများက အဆိုပါအမျိုးသားကို ဆေးကုမှုခံယူနိုင်ရန် တပ်ကုန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

 

ထို့နောက် တာဝန်ရှိသူများက စည်ပင်ရုံး ပတ်ဝန်းကျင်ကို  လိုက်လံစစ်ဆေးခဲ့ရာ စည်ပင်ရုံး ဝင်ပေါက်ယာ ဘက်ခြမ်း ပန်းခြံအတွင်းမှ ကီးပက်ဖုန်း ၁ လုံး၊ ဓါတ်ခဲ ၃ လုံး၊  ဒီတိုနေတာ ၁ ခု၊ အားမြှင့်ယမ်းကြိုး ၁ ချောင်း တို့ဖြင့် ချိတ်ဆက်ထားပြီး PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံးအား ထောင်ထားသည်ကို ထပ်မံ တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ပြီး သိမ်းဆည်းခဲ့သည်။

 

#PeopleMedia #တပ်ကုန်းမြို့

 

(unicode)


……………………………………………………………

 

မန်တလေး၊ ဇနျနဝါရီ ၁၀ (People Media)

 


 


 


 


 



Share this post