• Follow Us on
Home တပ်ချုပ်ရဲ့ အခုတစ်ခေါက်ရုရှားခရီးစဉ်မှာ မြန်မာ့တပ်မတော်အတွက် ပိုပြီးစွမ်းအားမြင့်တဲ့ လက်နက်တွေရလာ နိုင်ဦးမလား
Share this post
#PeopleMedia
(unicode)
တပ်ချုပ်ရဲ့ အခုတစ်ခေါက်ရုရှားခရီးစဉ်မှာ မြန်မာ့တပ်မတော်အတွက် ပိုပြီးစွမ်းအားမြင့်တဲ့ လက်နက်တွေရလာ နိုင်ဦးမလား
………………………………………………………
ရေတပ်ဗိုလ်ချုပ် ဂရီဂိုရိုဗစ်ခ်ျအမျိုးအစား ဗိုလ်ချုပ်အက်ဆန်ဟာ ရုရှားရဲ့ပင်လယ်နက်သင်္ဘောစုကဖြစ်ပြီးတော့ အဲဒီသင်္ဘောစုရဲ့အတွေ့အကြုံအရှိဆုံးတိုက်ခိုက်ရေးသုံးစစ်သင်္ဘောဖြစ်ပါတယ်။
အဲဒီသင်္ဘောမှာ တပ်ဆင်ထားတဲ့ ကာလီဘာဒုံးကျည်ကနေပစ်လွှတ်တဲ့ UKSK VLS ဒုံးကျည်စနစ်ဟာ IS အခြေ စိုက်စခန်းတစ်ခုကို ထိမှန်ခဲ့ပါတယ်။
Igla မြေပြင်ကနေဝေဟင်ပစ်ဒုံးပျံတွေနဲ့တူတဲ့ဦးပိုင်းရှိပြီး ဒီနေ့ခေတ်အသုံးအနှုန်းနဲ့ပြောရမယ်ဆိုရင်တော့ တာ ထွက်ကောင်းတယ်လို့ပြောရမှာပါ။
ဆီးရီးယားမှာတုန်းက တူရကီရဲ့ F-16 ဂျက်တိုက်လေယာဉ်က ပစ်ချတဲ့အချိန်မှာ Slava CG သင်္ဘောကနေ S-300 ဒုံးကျည်တွေပစ်လွှတ်ပြီးတုံ့ပြန်ခဲ့ပါတယ်။
ဒါကလည်း လေကြောင်းကာကွယ်ရေးကဏ္ဍမှာ ကြောက်စရာအကောင်းဆုံးလက်နက်ပါ။
ပင်လယ်နက်သင်္ဘောစုမှာ Kilo အမျိုးအစားရေငုပ်သင်္ဘောတွေလည်းရှိပါတယ်။
အခုခရီးစဉ်မှာ ရေတပ်သုံးလက်နက်တွေကို လေ့လာသွားမယ်လို့ မျှော်လင့်ရပြီးတော့ အတွေ့အကြုံအများကြီး ရမယ်လို့လည်း သူတို့ကမျှော်လင့်နေပါတယ်။
ရေငုပ်သင်္ဘောကရော Kilo အမျိုးအစားထဲကပဲဖြစ်မလား။ Su-30 များဖြစ်နေမလား။ Su-25 များဖြစ်နေမလား။
Ref : Myanmar Army can get more powerful weapons from Russian Federation
#PeopleMedia
Share this post