• Follow Us on

Home တပ်ချုပ်အပါအဝင် တပ်မတော်ခေါင်းဆောင်များ သွေးလှူ


Share this post

ရန်ကုန်၊ သြဂုတ် – ၁၂





(unicode)
တပ်ချုပ်အပါအဝင် တပ်မတော်ခေါင်းဆောင်များ သွေးလှူ
…………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်အပါအဝင် တပ်မတော်ခေါင်း ဆောင်များသည် အမျိုးသားသွေးဌာန(ရန်ကုန်)၌ စုပေါင်းသွေးလှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များက ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားသွေးဌာန(ရန်ကုန်)၌ စုပေါင်းသွေးလှူဒါန်းနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ပါဝင်သွေးလှူဒါန်းခဲ့မှုလည်း ဖြစ်ပါတယ်။

သွေးလှူဒါန်းမှုအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သွေးလှူဒါန်းကြသည့် အရာရှိ၊ စစ်သည်များ၊ စေတနာရှင်ပြည်သူများအား အင်အားဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြပါတယ်။

#PeopleMedia #တပ်ချုပ် #တပ်မတော် #သွေးလှူဒါန်း


Share this post