• Follow Us on

Home တပ္ခ်ဳပ္ေျပာစကားနဲ႔ပတ္သက္၍ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး ၏ ရွင္းလင္းခ်က္

တပ္ခ်ဳပ္ေျပာစကားနဲ႔ပတ္သက္၍ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး ၏ ရွင္းလင္းခ်က္

Share this post

ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွာ ေရြးေကာက္ပြဲေတြက အေရးႀကီးပါတယ္။ ကၽြန္ေတာ္တို႔ျမန္မာနိုင္ငံလို ကူး ေျပာင္းစနိုင္ငံေတြအတြက္ လူထုက ကိုယ္ႀကိဳက္တဲ့သူကို မဲေပးေရြးခ်ယ္နိုင္ဖို႔ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး ျပည္သူေတြ အေနနဲ႔ ေစာင့္ဆိုင္းခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ အေရးႀကီးသလို တန္ဖိုးလည္းထားရပါမယ္။ လြတ္လပ္ၿပီး တရားမၽွတတဲ့ ေရြးေကာက္ပြဲေတြျဖစ္ေရးဟာ လက္ရွိနိုင္ငံေတာ္အစိုးရရဲ့ ဦးစားေပးမူဝါဒလည္းျဖစ္ပါတယ္။ လြတ္လပ္ၿပီးတရားမၽွတတဲ့ ေရြးေကာက္ပြဲက်င္းပနိုင္ေရးအတြက္ တစ္နိုင္ငံလုံးဝိုင္း၀န္းေဆာင္ရြက္ရမယ့္ အခ်ိန္ လည္းျဖစ္ပါတယ္။ အျပဳသေဘာေဆာင္တဲ့ ေဝဖန္ေထာက္ျပမႈေတြကိုလည္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္ မရွင္က လ်စ္လ်ဴရႈထားမွာ မဟုတ္ပါဘူး။ တပ္မေတာ္ရဲ့ ေနာက္ဆုံးဆုံးျဖတ္ျခင္းဟာ နိုင္ငံေရးပါတီနဲ႔ လူပုဂၢိဳလ္ အခ်ိဳ႕ရဲ့ တိက်ေရရာေသခ်ာမႈမရွိတဲ့ ေျပာၾကားခ်က္မ်ားကို အေျခခံထားပါတယ္။ လြတ္လပ္ၿပီးတရားမၽွတတဲ့ ေရြးေကာက္ပြဲျဖစ္ေျမာက္ေရးကို အေထာက္အကူမျဖစ္ေစဘဲ စိုးရိမ္စိတ္ေတြ၊ မတည္ၿငိမ္မႈေတြျဖစ္ေစေရးကို အားေပးရာေရာက္ပါတယ္။ တပ္မေတာ္ရဲ့ထုတ္ျပန္ခ်က္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ့ ေပၚျပဴလာမဂၢ ဇင္းတို႔ ေတြ႕ဆုံေမးျမန္းခန္းမွာ ေျပာၾကားခ်က္ေတြက ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ နိုင္ငံ့ဥပေဒမ်ားရဲ့ အႏွစ္သာရနဲ႔ ကိုက္ညီမႈမရွိပါဘူး။ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၆ ပုဒ္မခြဲ(က) အရ နိုင္ငံ့၀န္ထမ္းမ်ားသည္ ပါတီနိုင္ငံေရးႏွင့္ကင္းရွင္းရမယ္လို႔ ျပ႒ာန္းထားပါတယ္။ နိုင္ငံ့၀န္ထမ္းဥပေဒ ပုဒ္မ(၁) ပုဒ္မခြဲ(င)အရ နိုင္ငံ့၀န္ ထမ္းဆိုသည္မွာ ၀န္ထမ္းဖြဲ႕စည္းတစ္ခု၏ တစ္ရပ္ရပ္၏ ဖြဲ႕စည္းပုံပါ ရာထူးတစ္ခုခုတြင္ ခန္႔အပ္ျခင္းခံရသည့္ နိုင္ငံ့၀န္ထမ္းကိုဆိုသည္။ တပ္မေတာ္သားမ်ားႏွင့္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၀င္မ်ားသည္ နိုင္ငံ့၀န္ထမ္းမ်ားျဖစ္ေသာ္ လည္း ယင္းတို႔၏လုပ္ငန္းသဘာ၀ႏွင့္ တာ၀န္တို႔အရ ဤဥပေဒပါကိစၥရပ္မ်ားႏွင့္ အက်ဳံး၀င္ျခင္းမရွိေစရလို႔ ျပ႒ာန္းထားပါတယ္။ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဟာ လြတ္လပ္ေသာအဖြဲ႕အစည္းျဖစ္ၿပီး ျပည္ေထာင္စုအစိုးရကို တာ၀န္ခံရမည္လို႔ ဥပေဒေတြမွာ လုံးဝျပ႒ာန္းထားျခင္းမရွိတာကို သတိျပဳသင့္ပါတယ္။
photo – ဦးေဇာ္ေဌး(FB)
#PeopleMedia #Political #2020election
(unicode)
တပ်ချုပ်ပြောစကားနဲ့ပတ်သက်၍ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ၏ ရှင်းလင်းချက်
……………………………………………………………
ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ရွေးကောက်ပွဲတွေက အရေးကြီးပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံလို ကူး ပြောင်းစနိုင်ငံတွေအတွက် လူထုက ကိုယ်ကြိုက်တဲ့သူကို မဲပေးရွေးချယ်နိုင်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး ပြည်သူတွေ အနေနဲ့ စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးသလို တန်ဖိုးလည်းထားရပါမယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ရေးဟာ လက်ရှိနိုင်ငံတော်အစိုးရရဲ့ ဦးစားပေးမူဝါဒလည်းဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံးဝိုင်း၀န်းဆောင်ရွက်ရမယ့် အချိန် လည်းဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က လျစ်လျူရှုထားမှာ မဟုတ်ပါဘူး။ တပ်မတော်ရဲ့ နောက်ဆုံးဆုံးဖြတ်ခြင်းဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ် အချို့ရဲ့ တိကျရေရာသေချာမှုမရှိတဲ့ ပြောကြားချက်များကို အခြေခံထားပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူမဖြစ်စေဘဲ စိုးရိမ်စိတ်တွေ၊ မတည်ငြိမ်မှုတွေဖြစ်စေရေးကို အားပေးရာရောက်ပါတယ်။ တပ်မတော်ရဲ့ထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပေါ်ပြူလာမဂ္ဂ ဇင်းတို့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ ပုဒ်မခွဲ(က) အရ နိုင်ငံ့၀န်ထမ်းများသည် ပါတီနိုင်ငံရေးနှင့်ကင်းရှင်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံ့၀န်ထမ်းဥပဒေ ပုဒ်မ(၁) ပုဒ်မခွဲ(င)အရ နိုင်ငံ့၀န် ထမ်းဆိုသည်မှာ ၀န်ထမ်းဖွဲ့စည်းတစ်ခု၏ တစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့၀န်ထမ်းကိုဆိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များသည် နိုင်ငံ့၀န်ထမ်းများဖြစ်သော် လည်း ယင်းတို့၏လုပ်ငန်းသဘာ၀နှင့် တာ၀န်တို့အရ ဤဥပဒေပါကိစ္စရပ်များနှင့် အကျုံး၀င်ခြင်းမရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်သောအဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရကို တာ၀န်ခံရမည်လို့ ဥပဒေတွေမှာ လုံးဝပြဋ္ဌာန်းထားခြင်းမရှိတာကို သတိပြုသင့်ပါတယ်။
photo – ဦးဇော်ဌေး(FB)

Share this post