• Follow Us on

Home တပ္ခ်ဳပ္ႏွင့္ႏုိင္ငံေရးပါတီမ်ားေတြ႕ဆုံမႈသည္ တပ္မေတာ္ႏွင့္ပူးေပါင္းမည့္ႏုိင္ငံေရးပါတီမ်ားကုိ ထုတ္ျပသည့္ ပြဲ ျဖစ္ေၾကာင္း ျပည္သူ႔ပါတီ ဒု-ဥကၠ႒ဆုိ

တပ္ခ်ဳပ္ႏွင့္ႏုိင္ငံေရးပါတီမ်ားေတြ႕ဆုံမႈသည္ တပ္မေတာ္ႏွင့္ပူးေပါင္းမည့္ႏုိင္ငံေရးပါတီမ်ားကုိ ထုတ္ျပသည့္ ပြဲ ျဖစ္ေၾကာင္း ျပည္သူ႔ပါတီ ဒု-ဥကၠ႒ဆုိ

Share this post

ရန္ကုန္၊ ၾသဂုတ္ ၁၅

တပ္ခ်ဳပ္ႏွင့္ျပည္ခုိင္ျဖိဳးပါတီအပါအဝင္ႏုိင္ငံေရးပါတီ (၃၄)ပါတီ ေတြ႔ဆုံမႈသည္ တပ္မေတာ္ႏွင့္ပူးေပါင္းမည့္ ႏုိင္ငံေရးပါတီမ်ားကုိ ထုတ္ေဖာ္ျပသသည့္ ပြဲတစ္ခုျဖစ္ေၾကာင္း ျပည္သူ႔ပါတီ ဒု-ဥကၠ႒ ဦးမင္းေဇယ်က ေျပာပါတယ္။

ၾသဂုတ္လ(၁၄)ရက္ေန႔၌ ေနျပည္ေတာ္ရွိ စစ္ရုံး၌ တပ္ခ်ဳပ္သည္ ျပည္ခုိင္ျဖိဳးပါတီအပါအဝင္ ႏုိင္ငံေရးပါတီ(၃၄)ပါတီတုိ႔ ေတြ႔ဆုံခဲ့ၾကတာလည္း ျဖစ္ပါတယ္။

“တပ္ခ်ဳပ္နဲ႔ႏိုင္ငံေရးပါတီအခ်ိဳ႔ေတြ႕ဆုံမႈနဲ႔ပတ္သက္ၿပီးေတာ့တကယ္တမ္းေျပာမယ္ဆိုရင္ ဒါဒုတိယအႀကိမ္ေတြ႕တာေပါ့။ မွတ္မွတ္ရရေပါ့။တစ္ခါေတြ႕တဲ့ဟာကလည္းသူတို႔သီးျခား သက္မွတ္ထားတဲ့ပါတီေတြနဲ႔သီးျခားေခၚေတြ႕တာေပါ့။ ပထမအႀကိမ္သူတို႔ေတြ႕တုန္းကေျပာတဲ့စကားနဲ႔ဒုတိယအႀကိမ္ေတြ႕ေတာ့ေျပာတဲ့စကားေတြဟာတကယ္တမ္းေျပာမယ္ဆိုရင္ၾကဳိမွန္းလို႔ရေနတာေပါ့။ဆိုလိုတာက တပ္မေတာ္ရဲ႔ ႏိုင္ငံေရးမွာ ပါ၀င္ေနတဲ့အခန္းက႑ ကို အျခားေသာႏိုင္ငံေရးပါတီေတြ နဲ႔ဘယ္လိုပူးေပါင္းလုပ္ေဆာင္သြားမယ္ဆိုတာကိုထုတ္ျပတဲ့ သေဘာမ်ိဳးပဲလို႔ျမင္တယ္ေပါ့။ ေနာက္တစ္ခုက အဲဒီမွာေျပာဆို ေဆြးေႏြးမႈေတြက တပ္မေတာ္ရဲ႔သေဘာထားေတြကို ေတာ္ေတာ္မ်ားမ်ား ထင္ဟပ္တယ္လို႔ပဲျမင္တယ္။ တကယ္တမ္းသူတို႔ သြားေနတဲ့ လမ္းေၾကာင္း ကျပည္သူေတြလိုလားတဲ့ ဖြဲ႔စည္းပုံျပင္ဆင္ေျပာင္းလဲေရးနဲ႔ စစ္မွန္တဲ့ဒီမိုကေရစီ လမ္းေၾကာင္း ကိုဘယ္လိုမွအက်ိဳးမျပဳဘူးလို႔လည္းျမင္တယ္။ေရြးေကာက္ပြဲနီးတဲ့အခ်ိန္အခုလိုေတြ႕တာက တပ္မေတာ္နဲ႔ပူးေပါင္းမဲ့ ႏုိင္ငံ ေရးအင္အားစုကိုေဖာ္ေဆာင္တယ္လို႔ပဲ သုံးသပ္ပါတယ္”လုိ႔ ဦးမင္းေဇယ်က ေျပာပါတယ္။

ထုိကဲ့သုိ႔ တပ္ခ်ဳပ္ႏွင့္ႏုိင္ငံေရးပါတီ(၃၄)ပါတီေတြ႔ဆုံမႈ၌ NLD ပါတီ၊ျပည္သူ႔ပါတီအပါအဝင္ အျခားေသာ တုိင္းရင္းသားပါတီမ်ား ပါဝင္မႈ မရွိခဲ့ပါဘူး။

“ကြ်န္ေတာ္တို႔ကေျပာခ်င္တာကေတာ့ျမန္မာႏိုင္ငံရဲ႔ႏိုင္ငံေရးဟာ၂၀၀၈ဖြဲ႔စည္းပုံအရ အျခားႏိုင္ငံမ်ားနဲ႔မတူကြဲျပားေန ပါတယ္။အဲဒီဖြဲ႔စည္းပုံအရ ကာခ်ဳပ္နဲ႔ႏိုင္ငံေရးပါတီေတြဆုံတဲ့အျဖစ္အပ်က္ေတြျဖစ္လာတာပါခင္ဗ်။ ႏိုင္ငံေရးေနာ က္ခံအေပၚမူတည္ပါတယ္။ကြ်န္ေတာ္တို႔ဘယ္လိုရည္ရြယ္ခ်က္နဲ႔ေတြ႕ဆုံတယ္ဆိုတာေတာ့ ကြ်န္ေတာ္မွတ္ခ် က္မေပးလိုပါဘူးခင္ဗ်’’ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီဗဟိုေကာ္မတီ၀င္ ေဒါက္တာမ်ိဳး ၫြန္႔ကေျပာပါတယ္။

#PeopleMedia #2020elelction #Political

(unicode)
တပ်ချုပ်နှင့်နိုင်ငံရေးပါတီများတွေ့ဆုံမှုသည် တပ်မတော်နှင့်ပူးပေါင်းမည့်နိုင်ငံရေးပါတီများကို ထုတ်ပြသည့် ပွဲ ဖြစ်ကြောင်း ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌဆို
………………………………………………………

ရန်ကုန်၊ ဩဂုတ် ၁၅

တပ်ချုပ်နှင့်ပြည်ခိုင်ဖြိုးပါတီအပါအဝင်နိုင်ငံရေးပါတီ (၃၄)ပါတီ တွေ့ဆုံမှုသည် တပ်မတော်နှင့်ပူးပေါင်းမည့် နိုင်ငံရေးပါတီများကို ထုတ်ဖော်ပြသသည့် ပွဲတစ်ခုဖြစ်ကြောင်း ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောပါတယ်။

ဩဂုတ်လ(၁၄)ရက်နေ့၌ နေပြည်တော်ရှိ စစ်ရုံး၌ တပ်ချုပ်သည် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၃၄)ပါတီတို့ တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

“တပ်ချုပ်နဲ့နိုင်ငံရေးပါတီအချို့တွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့တကယ်တမ်းပြောမယ်ဆိုရင် ဒါဒုတိယအကြိမ်တွေ့တာပေါ့။ မှတ်မှတ်ရရပေါ့။တစ်ခါတွေ့တဲ့ဟာကလည်းသူတို့သီးခြား သက်မှတ်ထားတဲ့ပါတီတွေနဲ့သီးခြားခေါ်တွေ့တာပေါ့။ ပထမအကြိမ်သူတို့တွေ့တုန်းကပြောတဲ့စကားနဲ့ဒုတိယအကြိမ်တွေ့တော့ပြောတဲ့စကားတွေဟာတကယ်တမ်းပြောမယ်ဆိုရင်ကြိုမှန်းလို့ရနေတာပေါ့။ဆိုလိုတာက တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတဲ့အခန်းကဏ္ဍ ကို အခြားသောနိုင်ငံရေးပါတီတွေ နဲ့ဘယ်လိုပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုတာကိုထုတ်ပြတဲ့ သဘောမျိုးပဲလို့မြင်တယ်ပေါ့။ နောက်တစ်ခုက အဲဒီမှာပြောဆို ဆွေးနွေးမှုတွေက တပ်မတော်ရဲ့သဘောထားတွေကို တော်တော်များများ ထင်ဟပ်တယ်လို့ပဲမြင်တယ်။ တကယ်တမ်းသူတို့ သွားနေတဲ့ လမ်းကြောင်း ကပြည်သူတွေလိုလားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ပြောင်းလဲရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီ လမ်းကြောင်း ကိုဘယ်လိုမှအကျိုးမပြုဘူးလို့လည်းမြင်တယ်။ရွေးကောက်ပွဲနီးတဲ့အချိန်အခုလိုတွေ့တာက တပ်မတော်နဲ့ပူးပေါင်းမဲ့ နိုင်ငံ ရေးအင်အားစုကိုဖော်ဆောင်တယ်လို့ပဲ သုံးသပ်ပါတယ်”လို့ ဦးမင်းဇေယျက ပြောပါတယ်။

ထိုကဲ့သို့ တပ်ချုပ်နှင့်နိုင်ငံရေးပါတီ(၃၄)ပါတီတွေ့ဆုံမှု၌ NLD ပါတီ၊ပြည်သူ့ပါတီအပါအဝင် အခြားသော တိုင်းရင်းသားပါတီများ ပါဝင်မှု မရှိခဲ့ပါဘူး။

“ကျွန်တော်တို့ကပြောချင်တာကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးဟာ၂၀၀၈ဖွဲ့စည်းပုံအရ အခြားနိုင်ငံများနဲ့မတူကွဲပြားနေ ပါတယ်။အဲဒီဖွဲ့စည်းပုံအရ ကာချုပ်နဲ့နိုင်ငံရေးပါတီတွေဆုံတဲ့အဖြစ်အပျက်တွေဖြစ်လာတာပါခင်ဗျ။ နိုင်ငံရေးနော က်ခံအပေါ်မူတည်ပါတယ်။ကျွန်တော်တို့ဘယ်လိုရည်ရွယ်ချက်နဲ့တွေ့ဆုံတယ်ဆိုတာတော့ ကျွန်တော်မှတ်ချ က်မပေးလိုပါဘူးခင်ဗျ’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုကော်မတီဝင် ဒေါက်တာမျိုး ညွန့်ကပြောပါတယ်။

#PeopleMedia #2020elelction #Political


Share this post