• Follow Us on

Home တပ်ဖွဲ့ဝင်တွေ Facebook နဲ့ WhatApp မသုံးကြဖို့ အိန္ဒိယစစ်တပ် တိုက်တွန်း


Share this post





Ref;RT


(Unicode)
တပ်ဖွဲ့ဝင်တွေ Facebook နဲ့ WhatApp မသုံးကြဖို့ အိန္ဒိယစစ်တပ် တိုက်တွန်း
………………………………………………………………

အိန္ဒိယစစ်တပ်အရာရှိတွေအနေနဲ့ Facebook နဲ့ WhatsApp အက်ပလီးကေးရှင်းတွေကို မသုံးကြဖို့ အိန္ဒိယ စစ်တပ်က သတိပေးလိုက်ပါတယ်။

အိန္ဒိယစစ်တပ်က တပ်ဖွဲ့ဝင်တွေနဲ့ အထူးသဖြင့် အရေးကြီးတဲ့တာဝန်ယူထားတဲ့အရာရှိတွေအနေနဲ့ WhatsApp ကို တာဝန်အတွက် ဆက်သွယ်ရေးမှာ အသုံးပြုမှုက ရှောင်ရှားဖို့နဲ့ အလွယ်တကူ ထောက်လှမ်းခံရနိုင်တဲ့ Face book ကို Deactivating လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

Facebook ဟာ ပြည်ပထောက်လှမ်းရေးအေဂျင်စီတွေအတွက် ရွှေတွင်းတစ်ခုဖြစ်တယ်လို့လည်း အိန္ဒိယ စစ်တပ်က တပ်ဖွဲ့ဝင်တွေကို သတိပေးထားပါတယ်။

တပ်ဖွဲ့ဝင်တွေအနေနဲ့ ဝတ်စုံယူနီဖောင်းနဲ့ ဓာတ်ပုံတင်ခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ရှယ်လွန်းခြင်းနဲ့ တည်နေရာဖော်ပြခြင်းတွေကို ရှောင်ရှားဖို့လည်း အိန္ဒိယစစ်တပ်က ညွှန်ကြားထားပါတယ်။

Ref;RT

#PeopleMedia #International


Share this post