• Follow Us on

Home တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်သောအဖွဲ့ တွေ့ဆုံမှုသည် ရခိုင်အမျိုးသားပါတီကို ကိုယ်စားမပြုဟုဆို


Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ – ၁၅






(Unicode)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်သောအဖွဲ့ တွေ့ဆုံမှုသည် ရခိုင်အမျိုးသားပါတီကို ကိုယ်စားမပြုဟုဆို
……………………………………………………

ရန်ကုန်၊ ဖေဖော်ဝါရီ – ၁၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော် အေးမောင်ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံခဲ့မှုသည် ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုမှုမရှိကြောင်း ပါတီမူဝါဒ ရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်အောင်ကျော်က ပြောပါတယ်။

ရန်ကုန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ဦးဆောင်သည့်အဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် နေပြည်တော်ရှိ စစ်ရုံး၌ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ထိုကဲ့သို့ တွေ့ဆုံမှုကို ဦးဇော်အေးမောင်အနေဖြင့် ရခိုင်အမျိုးသားပါတီကို တင်ပြရမည်ဖြစ်ပြီး မိမိစိတ်ဆန္ဒအရ ဆောင်ရွက်ခွင့်မရှိကြောင်း ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ထိုကဲ့သို့် ပါတီကို တင်ပြခြင်းမရှိဘဲ နိုင်ငံတော်အဆင့်အကြီးအကဲနှင့် သွားရောက်တွေ့ဆုံခဲ့သည့် ဦးဇော်အေး မောင်ကို ပါတီစည်းကမ်းအရ ခေါ်ယူမေးမြန်းသွားမယ်လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

#PeopleMedia #ရခိုင်အမျိုးသားပါတီ


Share this post