• Follow Us on

Home တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ခြင်းသည် လက်ရှိအကျပ်အတည်းဖြေရှင်း နိုင်ရေးအတွက် ရည်မှန်းပါက ကြိုဆိုကြောင်း RCSS ထုတ်ပြန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ခြင်းသည် လက်ရှိအကျပ်အတည်းဖြေရှင်း နိုင်ရေးအတွက် ရည်မှန်းပါက ကြိုဆိုကြောင်း RCSS ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈ (People Media)

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်သည် လက်ရှိ အထွေထွေနိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေးနှင့် ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အတွက် ရည်မှန်းပါက ကြိုဆိုကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က သတင်းထုတ်ပြန် လိုက်သည်။

 

စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လက်တွေ့ကျကျ တည်ဆောက်နိုင်မှသာလျှင် ပြည်တွင်း ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

အလားတူ လက်ရှိ အထွေထွေနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေး အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ၏ ဆောင်ရွက်ချက်များကို ကြိုဆိုပြီး လိုအပ်သလို ပံ့ပိုးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

သျှမ်းပြည်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအချို့နှင့် တိုက်ပွဲဖြစ်ပွားခြင်းအား ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ပြဿနာဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း RCSS မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #RCSS #Peace

 

(unicode)


………………………………………………………………

 


 


 


 


 


 

#PeopleMedia #RCSS #Peace


Share this post