• Follow Us on

Home တပ္မေတာ္ကို ေထာက္ခံျခင္းမဟုတ္ဘဲ အမ်ိဳးဘာသာ၊သာႆနာ အတြက္ ရင္ဘတ္ခ်င္းတူညီျခင္းသာျဖစ္ ေၾကာင္း YMBA အတြင္းေရးမွဴးေျပာၾကား

တပ္မေတာ္ကို ေထာက္ခံျခင္းမဟုတ္ဘဲ အမ်ိဳးဘာသာ၊သာႆနာ အတြက္ ရင္ဘတ္ခ်င္းတူညီျခင္းသာျဖစ္ ေၾကာင္း YMBA အတြင္းေရးမွဴးေျပာၾကား

Share this post

ရန္ကုန္၊ ဇူလိုင္ ၂၂

တပ္မေတာ္ကို ေထာက္ခံျခင္းမဟုတ္ဘဲ အမ်ိဳးဘာသာ၊ သာႆနာအတြက္ရင္ဘတ္ခ်င္းတူညီျခင္းသာ ျဖစ္ ေၾကာင္း YMBA အတြင္းေရးမွဴး ဦးေသာင္း၀င္းကေျပာသည္။

ဇူလိုင္ ၂၂ ရက္ people media ႏွင့္ ေတြ႕ဆုံရာတြင္ YMBA အတြင္းေရးမွဴး ဦးေသာင္း၀င္းကေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“တို႔က တပ္ေထာက္ခံတယ္ဆိုတာမဟုတ္ဘူး။ သေဘာထားတူတာ။ အမ်ိဳးဘာသာ၊ သာသနာေလ။ သူလည္း အမ်ိဳး၊ ဘာသာသာသနာပဲ။ ႏိုင္ငံေတာ္ကာကြယ္ေရးလုပ္ငန္းဆိုေပမဲ့ အမ်ိဳးဘာသာ သာသနာပဲ လုပ္ၾကတာ ေလ။ တူညီတဲ့သေဘာထားရွိလို႔။ ေနာက္ဆုံးေတာ့ရင္ဘတ္ခ်င္းတူတာ။ ဒါပဲေပါ့။ ေနာက္ၿပီး တို႔အဖြဲ႔က ႏိုင္ငံ ေရးနဲ႔ လုံး၀မပတ္သက္ဘူး။ စည္းမ်ဥ္းထဲမွာကိုပါတာ။ ဘယ္ပါတီကိုမွလည္းမ၀င္ဘူး။ ႏိုင္ငံေရးမွာပါရင္ ထုတ္ ပယ္မွာျဖစ္တယ္” ဟု ၎ကေျပာသည္။

လတ္တေလာတြင္ YMBA အသင္းမ်ားကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ တိုးခ်ဲ႕ဖြဲ႔စည္းသြားမည္ျဖစ္ၿပီး ၎အသင္းအဖြဲ႔မ်ားမွ အမ်ိဳးဘာသာ၊သာသနာလုပ္ငန္းမ်ားျဖစ္သည့္ ယဥ္ေက်းလိမၼာသင္တန္းမ်ား၊ ဘာသာ ေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

“ထပ္ဖြဲ႕မဲ့ YMBA အသင္းေတြကို လူေတြက အဲဒီေလာက္အမ်ားႀကီး ႏိုင္ငံေရးလုပ္မလို႔လား။ ဒီလိုဆိုတယ္။ အမွန္က တို႔အသင္းအဖြဲ႕စည္းမ်ဥ္းကိုမွာက အဲဒီႏိုင္ငံေရးဆိုတာ ကင္းရွင္းရမယ္။ ပါလာခဲ့ရင္ အဲဒီလူကို ဖယ္ ပစ္မယ္။ ေရြးေကာက္ပြဲမဲေပးတာကေတာ့ ၾကဳိက္တဲ့ပါတီေပးေပါ့’’ ဟု YMBA အတြင္းေရးမွဴး ဦးေသာင္း၀င္းက ထပ္မံေျပာသည္။

#PeopleMedia

(unicode)
တပ်မတော်ကို ထောက်ခံခြင်းမဟုတ်ဘဲ အမျိုးဘာသာ၊သာဿနာ အတွက် ရင်ဘတ်ချင်းတူညီခြင်းသာဖြစ် ကြောင်း YMBA အတွင်းရေးမှူးပြောကြား
……………………………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၂

တပ်မတော်ကို ထောက်ခံခြင်းမဟုတ်ဘဲ အမျိုးဘာသာ၊ သာဿနာအတွက်ရင်ဘတ်ချင်းတူညီခြင်းသာ ဖြစ် ကြောင်း YMBA အတွင်းရေးမှူး ဦးသောင်းဝင်းကပြောသည်။

ဇူလိုင် ၂၂ ရက် people media နှင့် တွေ့ဆုံရာတွင် YMBA အတွင်းရေးမှူး ဦးသောင်းဝင်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

“တို့က တပ်ထောက်ခံတယ်ဆိုတာမဟုတ်ဘူး။ သဘောထားတူတာ။ အမျိုးဘာသာ၊ သာသနာလေ။ သူလည်း အမျိုး၊ ဘာသာသာသနာပဲ။ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းဆိုပေမဲ့ အမျိုးဘာသာ သာသနာပဲ လုပ်ကြတာ လေ။ တူညီတဲ့သဘောထားရှိလို့။ နောက်ဆုံးတော့ရင်ဘတ်ချင်းတူတာ။ ဒါပဲပေါ့။ နောက်ပြီး တို့အဖွဲ့က နိုင်ငံ ရေးနဲ့ လုံးဝမပတ်သက်ဘူး။ စည်းမျဉ်းထဲမှာကိုပါတာ။ ဘယ်ပါတီကိုမှလည်းမဝင်ဘူး။ နိုင်ငံရေးမှာပါရင် ထုတ် ပယ်မှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

လတ်တလောတွင် YMBA အသင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး ၎င်းအသင်းအဖွဲ့များမှ အမျိုးဘာသာ၊သာသနာလုပ်ငန်းများဖြစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းများ၊ ဘာသာ ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

“ထပ်ဖွဲ့မဲ့ YMBA အသင်းတွေကို လူတွေက အဲဒီလောက်အများကြီး နိုင်ငံရေးလုပ်မလို့လား။ ဒီလိုဆိုတယ်။ အမှန်က တို့အသင်းအဖွဲ့စည်းမျဉ်းကိုမှာက အဲဒီနိုင်ငံရေးဆိုတာ ကင်းရှင်းရမယ်။ ပါလာခဲ့ရင် အဲဒီလူကို ဖယ် ပစ်မယ်။ ရွေးကောက်ပွဲမဲပေးတာကတော့ ကြိုက်တဲ့ပါတီပေးပေါ့’’ ဟု YMBA အတွင်းရေးမှူး ဦးသောင်းဝင်းက ထပ်မံပြောသည်။

#PeopleMedia


Share this post