• Follow Us on

Home တပ်မတော်က ထုတ်ပြန်သည့် မဲစာရင်းသည် အထွေထွေရွေးကောက်ပွဲ၌ နောက်ဆုံးမဲပေးခဲ့သည့် စာရင်း မဟုတ်ကြောင်း UEC ငြင်းဆို၊ ရွေးကောက်ပွဲကို လက်မခံသည့် သဘောထားထုတ်ပြန်ချက်များကို နိုင်ငံရေး ပါတီများအပါအဝင် အဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်ခြင်းမပြုလုပ်ရန် UEC သတိပေး

တပ်မတော်က ထုတ်ပြန်သည့် မဲစာရင်းသည် အထွေထွေရွေးကောက်ပွဲ၌ နောက်ဆုံးမဲပေးခဲ့သည့် စာရင်း မဟုတ်ကြောင်း UEC ငြင်းဆို၊ ရွေးကောက်ပွဲကို လက်မခံသည့် သဘောထားထုတ်ပြန်ချက်များကို နိုင်ငံရေး ပါတီများအပါအဝင် အဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်ခြင်းမပြုလုပ်ရန် UEC သတိပေး

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ (People Media)
 
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၃ ကြိမ်တိုင်တိုင် မဲစာရင်းများ ထုတ်ပြန်မှုနှင့်ပတ်သက်၍ ထုတ်ပြန်မှုတွင် ရရှိခဲ့သာ အချက်အလက်များသည် အထွေထွေရွေးကောက်ပွဲ၌ နောက်ဆုံးမဲပေးခဲ့သည့် မဲ စာရင်းများမဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယနေ့တွင် သတင်းထုတ်ပြန်သည်။
 
အလားတူ ရွေးကောက်ပွဲအား ပျက်ပြားစေနိုင်သည့် ဆောင်ရွက်ချက်များနှင့် ရွေးကောက်ပွဲအား လက်မခံ သဘောထား သက်ရောက်စေနိုင်သည့် ထုတ်ပြန်ချက်များကို နိုင်ငံရေးပါတီများအပါအဝင် အဖွဲ့အစည်းများ အနေဖြင့် ဆောင်ရွက်ခြင်းမပြုလုပ်ရန် အထက်ပါထုတ်ပြန်ချက်တွင်ပါဝင်သည်။
 
ပြီးသည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်ကာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲဖြစ် သော်လည်း ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများအပါအဝင် နိုင်ငံခြားသံရုံးများ၊ နိုင်ငံ တကာခေါင်းဆောင်းများ၊ မဲဆန္ဒရှင်များကိုယ်တိုင် အသိအမှတ်ပြုသော ရွေးကောက်ပွဲဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ပါရှိသည်။
 
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအား ကျင်းပသည့်အခါတွင် မဲရုံမှူးများအပါအဝင် မဲရုံအဖွဲ့ဝင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် နိုင်ငံရေးပါတီများမှ မဲရုံ ကိုယ်စားလှယ်များစသည့် ကိုယ်စားလှယ်များရှေ့တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ပါဝင်ထားသည်။
 
Photo – UEC
 
#PeopleMedia #UEC #တပ်မတော် #2020electionresults
 
(unicode)
…………………………………………………………
 
 
 
 
 
 
Photo – UEC
 

Share this post