• Follow Us on

Home တပ်မတော်က နိုင်ငံ့တာဝန်ကို တစ်နှစ်တာဝန်ယူပြီးနောက် နိုင်ငံတော်ပိုင်ကြေးမုံ သတင်းစာလိုဂိုကာလာ အနီ ရောင်မှ အပြာရောင်သို့ ပြောင်းလဲထုတ်ဝေ

တပ်မတော်က နိုင်ငံ့တာဝန်ကို တစ်နှစ်တာဝန်ယူပြီးနောက် နိုင်ငံတော်ပိုင်ကြေးမုံ သတင်းစာလိုဂိုကာလာ အနီ ရောင်မှ အပြာရောင်သို့ ပြောင်းလဲထုတ်ဝေ

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တပ်မတော်မှ နိုင်ငံ့တာဝန်ကို တစ်နှစ်ထိန်းသိမ်းပြီးနောက် နိုင်ငံတော်ပိုင်မီဒီယာဖြစ်သည့် ကြေးမုံသတင်းစာ လိုဂိုကာလာအနီရောင်မှ အပြာရောင်သို့ ပြောင်းလဲထုတ်ဝေခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီသည် အစိုးရတာဝန်ယူပြီးနောက် နိုင်ငံပိုင်သတင်းစာမျက်နှာဖုံး လိုဂိုများကို အနီရောင်သို့ ပြောင်းလဲထားသော်လည်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့၌ တပ်မတော်က နိုင်ငံ တာဝန်ကို ယာယီထမ်းဆောင်သည့်ကာလ၌ ကြေးမုံသတင်းစာ၏ လိုဂိုအရောင်ကို အပြာရောင်သို့ ပြောင်း လဲလိုက်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့၌ တပ်မတော်ပိုင် မြဝတီရုပ်သံ၏ထုတ်ပြန်ချက်အရ နိုင်ငံ့အာဏာကို ဖေဖော်ဝါရီ ၁ ရက် နေ့တွင် နိုင်ငံတော်သမ္မတ(ယာယီ)ဦးမြင့်ဆွေက နိုင်ငံတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အပ်နှင်းခဲ့သည်။

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများရှိသည်ဟုဆိုကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် အစိုးရထိပ်တန်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း ပြီးနောက် မြန်မာ့တပ်မတော်က တစ်နှစ်သက်တမ်းရှိ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့သည်။

အရေးပေါ်အခြေအနေကုန်ဆုံးလျှင် ရွေးကောက်ပွဲအသစ်ကျင်းပကာ အစိုးရသစ်ထံ အာဏာအပ်နှင်းမည်ဟု မြန်မာ့တပ်မတော်မှ ပြောသည်။

#PeopleMedia #နိုင်ငံပိုင်သတင်းစာ

(unicode)
………………………………………………………









Share this post