• Follow Us on

Home တပ်မတော်က နေပြည်တော်စည်ပင်ရိပ်သာရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို ထိန်းသိမ်းထား သော်လည်း စိုးရိမ်မှုမရှိကြောင်း ပြောဆိုလိုက်သည့် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်

တပ်မတော်က နေပြည်တော်စည်ပင်ရိပ်သာရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို ထိန်းသိမ်းထား သော်လည်း စိုးရိမ်မှုမရှိကြောင်း ပြောဆိုလိုက်သည့် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို ၎င်းတို့ တည်းခိုသည့် နေပြည်တော်စည်ပင်ရိပ်သာကို တပ်မတော်က ဖေဖော်ဝါရီ(၁)ရက်နေ့ နံနက်ပိုင်းအချိန်၌ ထိန်းသိမ်းထားပြီးနောက် လက်ရှိအခြေအနေများနှင့် ပတ်သက်၍ People Media က ရခိုင်အမျိုးသားပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင် ကျော်ကို ဆက်သွယ်မေးမြန်းခဲ့သည်။

People Media ။ ။ စည်ပင်ရိပ်သာမှာ ကိုယ်စားလှယ်တွေရဲ့အခြေအနေ ဘယ်လိုရှိလဲ။

ဦးထွန်းအောင်ကျော် ။ ။ ကျွန်တော်တို့ လွှတ်တော်တက်ရောက်ဖို့ ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး နေပြည် တော် စည်ပင်ရိပ်သာမှာ ရောက်တယ်။ အဲ့ကတည်းက စည်ပင်ဝန်းအပြင်မှာ ရဲတွေ ချထားတာတွေ့တယ်ပေါ့။ ကျွန်တော်တို့ ကြားထားတာ လဆန်းတစ်ရက်နေ့ လွှတ်တော်တက်ရမယ်။ ပြည်သူ့လွှတ်တော်က ဖေဖော်ဝါရီလ ၁ ရက်တက်မှာ ဖြစ်ပေမယ့်။ အမျိုးသားလွှတ်တော်ကိုတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့ တက်ရမယ်ဆိုပြီး တစ်ရက် နောက်ဆုတ်လိုက်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ခင် မနက်အစောကြီး မှာဘဲ တပ်မတော်ကနေ စည်ပင်ရိပ်သာ ဂိတ်နှစ်ခုကို လုံခြုံရေး ယူလိုက်တယ်။ အဲ့နေ့မှာဘဲ အဆက်အသွယ် တွေလည်း လုံးဝမရတော့ဘူး။ ဖုန်းလိုင်းတွေလည်း ပျက်ကုန်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့ စည်ပင်ဝင်းထဲမှာ ဘဲ နေရတယ်။ သွားတာလာတာ စားတာသောက်တာ နေရထိုင်ရတာ လွတ်လွတ်လပ်လပ်ပါပဲ ဘာအနှောက် အယှက်မှ မရှိပါဘူး။ ကိုယ်စားလှယ်တွေအားလုံး ကျန်းကျန်းမာမာပါဘဲ အခတ်အခဲကြီးကြီးမားမားမရှိပါဘူး။ စားသောက်ဆိုင်တို့ သွားလို့ရတယ်။

People Media ။ ။ ရွေးကောက်ပွဲနဲ့ပက်သက်ပြီး တပ်မတော်က ပြန်ပြီး ကျင်းပမယ်လို့ ပြောတဲ့အပေါ်မှာရော ဘာများ ပြောချင်လဲ။

ဦးထွန်းအောင်ကျော် ။ ။ တပ်မတော်ကနေ အငြင်းပွားနေတဲ့ တရားမမျှတဘူးထင်တဲ့ ရွေးကောက်ပွဲ နယ်မြေ တွေကို အချက်အလက်တွေနဲ့ အားလုံးကို သတင်းစားရှင်းလင်းပွဲ လုပ်ထားတာပဲ။ ဒါကတစ်နိုင်ငံလုံး သိတယ်လေ။ အဲ့တော့ ရွေးကောက်ပွဲရလဒ်အားလုံးကို ဖျက်ပြစ်တာကတော့ မှန်ကန်တဲ့ ရွေးကောက်ခံထားတဲ့ သူတွေအတွက် နစ်နာမှုတွေရှိတယ်လို့ မြင်တယ်။ အငြင်းမပွားဘူး မျှတတယ်ဆိုတဲ့ ရွေးကောက်ခံနေရာတွေကို ကျွန်တော်တို့အနေနဲ့ကတော့ ဆက်လုပ်စရာ မလိုဘူးလို့ ထင်တယ်။ အဲ့ဒီတော့ ရွေးကောက်ပွဲ ပြန်လုပ်ရမှာက မလုပ်ရသေးတဲ့ နယ်မြေတွေနဲ့ အခုမျှတမှုမရှိဘူးဆိုတဲ့ နယ်မြေတွေကို လုပ်တာကတော့ မှန်ကန်တယ်လို့ ပြောချင်ပါတယ်။ အားလုံး သိမ်းကြုံးပြီး ရလဒ်တွေကို ဖျက်ပြစ်မယ်ဆိုရင်တော့ မှန်ကန်တဲ့သူတွေအတွက် အရမ်းနစ်နာမယ့်အခြေအနေရှိပါတယ်။

People Media ။ ။ လက်ရှိ တပ်မတော်က စည်ပင်ရိပ်သာကို ထိန်းသိမ်းထားတဲ့အပေါ် ကိုယ်စားလှယ်တွေ စိုးရိမ်နေကြအပေါ် ဘာများပြောချင်ပါသလဲ။

ဦးထွန်းအောင်ကျော် ။ ။ နိုင်ငံရေးဆိုတာကတော့ ပြောလို့မရဘူးလေ။ လက်ရှိ တာဝန်ယူထားတဲ့ တပ်မ တော်က ဘယ်လို သဘောထားမလဲဆိုတာ တပ်အပ်သေချာတော့ ပြောလို့မရဘူး။ ကျွန်တော်တို့ အနေနဲ့ ကတော့ စိုးရိမ်မှုမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က တပ်မတော်နဲ့ရော NLD နဲ့ရော ဘယ်အ ဖွဲ့အစည်းနဲ့မှ ထိပ်တိုက်တွေ့ခဲ့တဲ့ ပြဿနာမှ လုံးဝမရှိခဲ့အတွက် ကျွန်တော်တို့အတွက် ပြင်းပြင်းထန်ထန် ဖြစ်မလာဘူးလို့ ယူဆတယ်။

People Media ။ ။ ဒါတွေနဲ့ပက်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဦးထွန်းအောင်ကျော် ။ ။ တာဝန်အရ တပ်မတော်က လိုအပ်သလို ဆောင်ရွက်သွားပြီ။ အဲ့ဒီတော့ ကျွန်တော် တို့ကတော့ ကိုယ့်နိုင်ငံနဲ့ ပြည်သူတွေအတွက် အကြပ်အတည်းတွေ အများကြီးဖြစ်လာနိုင်တယ်။ အောက်ခြေ ပြည်သူတွေ စားဝတ်နေရေးအတွက် အခက်အခဲ ရှိလာနိုင်တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာနိုင်ငံသား အားလုံးရဲ့ အခက်အခဲတွေအတွက် စိတ်ကောင်းစေတနာကောင်းထားပြီးတော့ မှန်ကန်သက်ညှာတဲ့ သဘော ထားကြီးတဲ့ ဆောင်ရွက်ချက်တွေကိုသာ ဆောင်ရွက်ကြပါလို့ပဲ အနှုးအညွန့် မေတ္တာရပ်ခံချင်ပါတယ်။

#PeopleMedia #ဦးထွန်းအောင်ကျော် #ရခိုင်အမျိုးသားပါတီ

(unicode)
…………………………………………………………













Share this post