• Follow Us on

Home တပ်မတော်က NLD အမတ်ကို ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားမှုအပေါ် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ပြောဆို

တပ်မတော်က NLD အမတ်ကို ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားမှုအပေါ် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ပြောဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တပ်မတော်အကြီးအကဲများ ဂုဏ်သိက္ခာညိုးနွမ်းစေအောင် ပြုလုပ်ဟုဆိုကာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်အား ပုဒ်မ ၅၀၀ ဖြင့် တရား ဆွဲဆိုထားခြင်းကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က People Media သို့ ပြောသည်။

ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဖားကန့်မြို့နယ် ဟောင်းပါကျေးရွာအုပ်စုအတွင်း၌ ၂၀၁၇ ခုနှစ် နိုဝင်ဘာ လအတွင်းက ဖမ်းဆီးရမိခဲ့သော ဘက်ဖိုးယာဉ်၊ မြေသယ်ယာဉ်များ၊ ယန္တရားစက်ကြီးများ ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး တင်ပြခဲ့မှုများတွင် တပ်မတော်အကြီးအကဲများ၏ ဂုဏ်သိက္ခာညိုးနွမ်းထိခိုက်စေရန် တမင်လုပ် ကြံတင်ပြခဲ့မှုများ ပါရှိခဲ့သည်ဟုဆိုကာ ဥပဒေအရ အရေးယူပေးပါရန်ဟု တိုင်ကြားထားသည့်အမှုလည်း ဖြစ်သည်။

“ဥပဒေအရ တရားစွဲဆိုထားရင် တရားရုံးမှာ ဖြေရှင်းရမှာပေါ့။ ကျွန်တော်တို့ကတော့ ဆွဲဆိုထားတဲ့ ပြစ်မှု အတွက် ပြစ်မှုမမြောက်ကြောင်း ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ကတော့ ဥပဒေနဲ့အညီပဲ ဆောင်ရွက်ပါတယ်။ ဒီလိုတရားစွဲဆိုမှုတွေရှိနေတဲ့အတွက်တော့ စိတ်မကောင်းပါဘူးလို့ဘဲ ပြောချင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

အထက်ပါအချက်များကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က တရားလိုပြု လုပ်၍ ဖားကန့်မြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၀ ဖြင့် ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာ ၈ ရက်၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အမှုဖွင့်ခဲ့ခြင်းကို ဇန်နဝါရီလ ၈ ရက်နေ့က ရုံးချိန်းတွင် စစ်ဆေးခဲ့ပြီး တရားစွဲဆိုခံရသည့် ဦးခင်မောင် မြင့်မှ အာမခံလျှောက်ထားခဲ့ခြင်းကို တရားသူကြီးမှ အာမခံပေးခဲ့ပြီး နောက်ထပ်ရုံးချိန်းကိုတော့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ချိန်းဆိုထားသည်။

NLD ပါတီမှ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၉) ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌လည်း ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာကို ထပ်မံအနိုင်ရရှိထားသူတစ်ဦးလည်းဖြစ်သည်။

#PeopleMedia #ဖားကန့်မြို့ #NLD #ဖားကန့်မြို့ #ပုဒ်မ၅၀၀

(unicode)
………………………………………………………..










Share this post