• Follow Us on

Home တပ္မေတာ္က UEC ကို သတိေပးမႈသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ညီၫႊတ္ေၾကာင္း တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ေျပာၾကား

တပ္မေတာ္က UEC ကို သတိေပးမႈသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ညီၫႊတ္ေၾကာင္း တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ေျပာၾကား

Share this post

“ဘာလို႔မညီၫြတ္ရမလဲ။ တပ္မေတာ္က ႏိုင္ငံေတာ္ကို ကာကြယ္ေစာင့္ေရွာက္ဖို႔တာ၀န္ရွိတယ္။ ေနာက္ အေျခခံဥပေဒကို ကာကြယ္ေစာင့္ေရွာက္ရမယ္လို႔ ျပ႒ာန္းေပးထားတယ္” တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္
 
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္ Popular News သတင္းဌာနတို႔ ေတြ႕ဆုံ ေမးျမန္းခ်က္ကို ေကာက္ႏုတ္ေဖာ္ျပထားျခင္းျဖစ္သည္။
 
Popular news ။ ။ ႏို၀င္ဘာ ၂ ရက္ေန႔ညက တပ္မေတာ္ကေၾကညာခ်က္ႏွစ္ခုကို ထုတ္ျပန္ခဲ့တာရွိပါတယ္၊ တစ္ခုက ဒီေရြးေကာက္ပြဲအႀကိဳကာလမွျဖစ္ေပၚေနတာေတြနဲ႔ပတ္သက္ၿပီးေတာ့ တပ္မေတာ္ရဲ႕ သေဘာထား ကိုထုတ္ျပန္တာျဖစ္တယ္။ ေနာက္တစ္ခုက ဒီေရြးေကာက္ပြဲနဲ႔စပ္ဆက္ၿပီးေတာ့မွ တိုင္းရင္းသားလက္နက္ကိုင္ ေတြကို တပ္မေတာ္ရဲ႕ သေဘာထားထုတ္ျပန္တာရွိတယ္။ ဘာျဖစ္လို႔ ဒီလိုအေျခအေနမ်ဳိးမွာ ဒီလိုသေဘာ ထားေတြ ထုတ္ျပန္ရတာလဲဆိုတာ သိခြင့္ရႏိုင္မလား။
တပ္ခ်ဳပ္ ။ ။ တပ္မေတာ္ဆိုတာကေတာ့ ဖြဲ႕စည္းပံုအေျခခံဥပေဒကိုကာကြယ္ေစာင့္ေရွာက္ဖို႔တာ၀န္ရွိပါတယ္။ ကၽြန္ေတာ္တို႔က အခုက ၂၀၁၀ ျပည့္ႏွစ္က်မွသာ ပါတီစံုဒီမိုကေရစီဆိုတဲ့ လမ္းေၾကာင္းထဲ အသြင္ကူးေျပာင္း တာေပါ့။ ၂၀၁၀ မွာ Election စလိုက္တာေပါ့။ အသြင္ကူးေျပာင္းတယ္ဆိုေတာ့ ကၽြန္ေတာ္တို႔က ဆယ္ႏွစ္တာ ကာလအတြင္းမွာ ပါတီစံုဒီမိုက ေရစီလမ္းေၾကာင္းကိုသြားႏိုင္တဲ့ အေတြ႕အႀကံဳက နည္းပါေသးတယ္။ ဖြဲ႕စည္းပံုအေျခခံဥပေဒက ပါတီစံုဒီမိုကေရစီစနစ္ကို သြားႏိုင္ဖို႔အတြက္ကို ခိုင္ခိုင္မာမာျဖစ္ေစခ်င္တယ္။ ကာလေပါင္းမ်ားစြာ၊ အေတြ႕အႀကံဳမ်ားစြာရွိခဲ့ၿပီးၿပီ။ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ားေနခဲ့တာေတာ့ ဗဟိုဦးစီး စနစ္ေအာက္မွာပဲေနခဲ့ၾကတာ။ အဲ့ဒါေၾကာင့္ ဒီမိုကေရစီလမ္းေၾကာင္းေပၚမွာေနခဲ့တာ ကာလနည္းပါတယ္။ လက္ရွိျပည္သူကေရြးခ်ယ္ထားတဲ့ ပါတီစံုလမ္းေၾကာင္းေပၚမွာ ခိုင္ခိုင္မာမာရွိဖို႔ကေတာ့ ကၽြန္ေတာ္တို႔တပ္မေ တာ္ရဲ႕ လိုလားခ်က္ပဲ။ ဒီအတိုင္းသြားေစခ်င္တယ္။ ဒီမိုကေရစီစနစ္မွာလည္း ေရြးခ်ယ္တင္ေျမာက္ပြဲက အေရးႀကီးတဲ့က႑တစ္ခုျဖစ္တယ္။ အဲဒီေတာ့ ေရြးခ်ယ္တင္ေျမာက္ပြဲက စနစ္တက်မဟုတ္ဘဲနဲ႔ နည္းလမ္းမက်ေတြ၊ စည္းကမ္းခ်ဳိးေဖာက္မႈေတြမ်ားလာရင္ တည္ၿငိမ္တဲ့ဒီမိုကေရစီစနစ္ကို ျဖစ္ဖို႔ဆိုတာကေတာ့ ခဲယဥ္းပါတယ္။ ကမ႓ာမွာျဖစ္ေနတဲ့ အျဖစ္အပ်က္ေတြကိုၾကည့္ မယ္ဆိုရင္ ေတြ႕ႏိုင္တယ္။ မၾကာေသးခင္ကပဲ ဥေရာပမွာျဖစ္ခဲ့တဲ့ျဖစ္စဥ္ႏွစ္ခုရွိတယ္။ ဒီေရြးေကာက္ပြဲနဲ႔ပဲ ေတာ္ေတာ္ေလးအျငင္းပြားေနတဲ့ကိစၥေပါ့။ ကၽြန္ ေတာ္တို႔လည္း ဒါကိုေစာင့္ၾကည့္ေနတာ။ တပ္မေတာ္ကလည္း ဒါကိုေစာင့္ထိန္းေပးဖို႔တာ၀န္ရွိပါတယ္။ ဒါေၾကာင့္ တတိယႀကိမ္လုပ္မယ့္ ေရြးေကာက္ပြဲနဲ႔ပတ္သက္ရင္ စတင္ေၾကညာတဲ့အခ်ိန္ကစၿပီး ကၽြန္ ေတာ္တို႔လည္း သတိႀကီးစြာနဲ႔ေစာင့္ၾကည့္လာခဲ့တယ္။ ကၽြန္ေတာ္တို႔ ေတာ္႐ံုတန္႐ံုေတာ့ မေျပာပါဘူး။ ဘာေၾကာင့္ဆို ႏိုင္ငံေတာ္ကလည္းပဲ ႏိုင္ငံေတာ္အစိုးရရဲ႕ဦးေဆာင္မႈနဲ႔ ႏိုင္ငံေတာ္ကလုပ္တယ္။ သိပ္ၿပီးေတာ့မွ လိုအပ္ရင္လို႔ရွိရင္လည္း အသိေပးမယ့္ကိစၥ ကၽြန္ေတာ္တို႔ အသိေပးတာေတာ့ရွိပါတယ္။ ေရြးေကာက္ပြဲ ကလည္း သိပ္အေရးႀကီးတယ္ဗ်။ ဒီမိုကေရစီရဲ႕အႏွစ္သာရက ခုနကေျပာသလို ေရြးေကာက္ပြဲကလည္း အႏွစ္သာရပဲ။ အစိုးရကလည္း ဒီအေပၚမွာ အဆံုးအျဖတ္ေပးရမယ့္ကိစၥျဖစ္လာၿပီ။ မွတ္ေက်ာက္တင္ရ မယ့္ကိစၥျဖစ္လာၿပီ။ အဲ့ဒီေတာ့ ဒီမွာအားနည္းခ်က္ေတြက ေတာ္ေတာ္မ်ားမ်ားကေတြ႕တယ္။ ဘယ္မွာစေတြ႕ တာလည္းဆိုေတာ့ ၾသဂုတ္လ ၈ ရက္ေနာက္ပိုင္းကစၿပီးေတာ့ မဲဆြယ္စည္း႐ံုးခြင့္ေတြစၿပီးဆိုတဲ့ကာလကစၿပီး အားနည္းခ်က္ေတြ သတိျပဳမိတာေတြ႕တယ္။ COVID ျဖစ္ေနတဲ့ကာလလည္းျဖစ္ေနေတာ့ ပိုၿပီးသတိထားရ တာေပါ့။ တစ္ခါ မဲေပးခြင့္နဲ႔ပတ္သက္ၿပီးေတာ့ ေဆာင္ရြက္တဲ့အခါေတြမွာလည္း ေတာ္ေတာ္မွားယြင္းတာကို ေတြ႕တယ္။ မဲစာရင္းေတြေၾကညာတဲ့အခါမွာလည္း အမွားအယြင္းေတြေတာ္ေတာ္မ်ားမ်ားပါလာတယ္။ မွားသင့္မွားထိုက္တဲ့ ကိစၥဆိုရင္ေတာ့ကိစၥမရွိပါဘူး။ သို႔ေသာ္လည္းပဲ မမွားသင့္တဲ့ကိစၥေတြ။ ျပင္ဆင္ခ်ိန္ေတြ အမ်ားႀကီးရတယ္။ ေရြးေကာက္ပြဲေကာ္မရွင္ဖြဲ႕တာ ၄ ႏွစ္ေက်ာ္ကာလျဖစ္သြားၿပီ။ ၂၀၁၆ ခုႏွစ္၊ မတ္လ ၃၀ ရက္ေန႔မွာစၿပီး ေကာ္မရွင္စဖြဲ႕တာ။ ေလးႏွစ္ေက်ာ္ကာလျပင္ဆင္ခ်ိန္ေတြရပါတယ္။ ၿပီးေတာ့ ၂၀၁၀ ေရြးေကာက္ပြဲ၊ ၂၀၁၅ ေရြးေကာက္ပြဲႏွစ္ခုလုပ္ခဲ့ၿပီးၿပီ။ ေရြးေကာက္ပြဲမွာလည္း အေတြ႕အၾကံဳေတြ အမ်ားႀကီးရခဲ့ၿပီးၿပီ။ ဒီေပၚမွာပိုၿပီးေတာ့ ေကာင္းႏိုင္တဲ့ ေကာင္းတဲ့ေရြးေကာက္ပြဲလို႔ ကၽြန္ေတာ္တို႔တပ္မေတာ္ လည္း ေမွ်ာ္လင့္ထားခဲ့တယ္။ တကယ္ကို လိုလိုလားလားျဖစ္ပါတယ္။ တပ္နဲ႔လည္း အကုန္လံုးျဖစ္ႏိုင္တဲ့နည္း လမ္းေတြကို အကုန္လံုး ကၽြန္ေတာ္ ကူညီေပးပါတယ္။ ဒါေပမဲ့ ေကာ္မရွင္ရဲ႕လုပ္ပိုင္ခြင့္နဲ႔လုပ္တဲ့ဟာေတြမွာ က်ေတာ့ ကၽြန္ေတာ္တို႔၀င္စြက္ဖက္ပိုင္ခြင့္မရွိပါဘူး။ ကၽြန္ေတာ္တို႔က ေကာ္မရွင္ရဲ႕အဆံုးအျဖတ္ပဲ ဥပေဒအရ ေျပာတဲ့စကားကိုပဲ ကၽြန္ေတာ္တို႔လက္ခံတယ္။ ဒါေတြ အားနည္းခ်က္ေတြ ေတြ႕လာတယ္။ ကၽြန္ေတာ္တို႔ျမင္ရ တာရွိတယ္။ ေနာက္ ပါတီေတြကေနၿပီးေတာ့ ထုတ္ျပန္ခ်က္ေတြ ေျပာတာေတြရွိတယ္။ ဒါေတြလည္း ကၽြန္ေတာ္ တို႔စဥ္းစားတာေပါ့။ တတ္ႏိုင္သေလာက္ေတာ့ ဒါကိုထိန္းထိန္းသိမ္းသိမ္းလုပ္ႏိုင္ဖို႔အတြက္လည္း ကၽြန္ေတာ္တို႔ ေျပာပါတယ္။ သတိေပးပါတယ္။ အခုဆိုရင္ လူမႈကြန္ရက္ေတြမွာ ေျပာေနတဲ့ဟာေတြက ေတာ္ေတာ္ကို တစ္ဖက္သတ္ဆန္လြန္းၿပီးေတာ့ ဆိုးလည္းဆိုးပါတယ္။ တခ်ဳိ႕ေရးတာေတြ႕ပါတယ္။ ေျပာရရင္ ဒါေတြက ေရြး ေကာက္ပြဲအေပၚမွာ လူေတြရဲ႕ သံသယျဖစ္မႈေတြ ပိုၿပီးေတာ့ ႀကီးထြားလာေစတယ္လို႔ ကၽြန္ေတာ္တို႔ယံုၾကည္ တယ္။ ဒါေၾကာင့္ ဒါေတြမျဖစ္ေအာင္ဆိုၿပီးေတာ့ ေကာ္မရွင္အေနနဲ႔ ထိန္းသိမ္းေဆာင္ရြက္ႏိုင္ဖို႔အတြက္ ကၽြန္ေတာ္ေျပာတာ။ ကၽြန္ေတာ္တို႔လိုလားခ်က္ကေတာ့ လြတ္လပ္ၿပီးေတာ့ တရားမွ်တတဲ့ေရြးေကာက္ပြဲ ျဖစ္ဖို႔ပဲ။ အခုဆိုရင္ ေတာ္ေတာ္သတိထားရမယ့္အေျခအေနျဖစ္လာတယ္။ ဒါမ်ဳိးေတြမျဖစ္ေစခ်င္ဘူး။ ဒါေၾကာင့္ သတိထားၿပီးလုပ္လို႔ရေအာင္ သတိေပးတဲ့သေဘာေျပာတာပါ။
 
Popular News ။ ။ လက္ရွိအစိုးရရဲ႕ Government ထဲမွာပါ၀င္ေနတဲ့ တပ္မေတာ္အေနနဲ႔ ေကာ္မရွင္ကို ဒီလိုမ်ဳိးသတိေပးတဲ့ဟာက ဥပေဒေၾကာင္းအရ ညီၫြတ္ပါသလား။
 
တပ္ခ်ဳပ္ ။ ။ ဘာလို႔မညီၫြတ္ရမလဲ။ တပ္မေတာ္က ႏိုင္ငံေတာ္ကို ကာကြယ္ေစာင့္ေရွာက္ဖို႔တာ၀န္ရွိတယ္။ ေနာက္ အေျခခံ ဥပေဒကိုကာကြယ္ေစာင့္ေရွာက္ရ မယ္လို႔ ျပ႒ာန္းေပးထားတယ္။ ဒီအေျခခံဥပေဒကပဲ ပါတီစံု ဒီမိုကေရစီလမ္းေၾကာင္းကို သြားေနတယ္။ ဒီအေပၚမွာခိုင္ခိုင္မာမာျဖစ္ဖို႔ တပ္မေတာ္ကလည္း လုပ္ဖို႔တာ၀န္ရွိ တယ္။ အဲဒီေတာ့ မေျပာလို႔ရွိရင္ ကၽြန္ေတာ္တို႔မေျပာရင္ ဘယ္သူေျပာမလဲ။ အခုႏိုင္ငံတကာကလည္း ကၽြန္ေတာ္တို႔အေပၚမွာ ေ၀ဖန္မႈေတြ တျဖည္းျဖည္းနဲ႔ရွိလာၿပီ။ ေျပာရရင္ ႏိုင္ငံရဲ႕သိကၡာလည္းရွိပါတယ္။ ႏိုင္ငံရဲ႕သိကၡာေတာ့ ကၽြန္ေတာ္တို႔ အထိအခိုက္မခံႏိုင္ဘူး။ ဒါေၾကာင့္ မျဖစ္ေစခ်င္ဘူး။ ဒါေၾကာင့္ ကၽြန္ ေတာ္ထုတ္ေျပာတာ။ ေတာ္႐ံုကၽြန္ေတာ္ ေျပာခဲပါတယ္။ မျဖစ္ေစခ်င္လို႔ သတိေပးတာပါ။ တာ၀န္ယူရမွာေတာ့ အစိုးရတာ၀န္ယူရလိမ့္မယ္ ဒီကိစၥကို။
 
#PeopleMedia #တပ္ခ်ဳပ္ #Political #2020election #NLD #UEC
 
(unicode)
တပ်မတော်က UEC ကို သတိပေးမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွှတ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြား
……………………………………………………….
 
“ဘာလို့မညီညွတ်ရမလဲ။ တပ်မတော်က နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ နောက် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ပြဋ္ဌာန်းပေးထားတယ်” တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် Popular News သတင်းဌာနတို့ တွေ့ဆုံ မေးမြန်းချက်ကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။
 
Popular news ။ ။ နိုဝင်ဘာ ၂ ရက်နေ့ညက တပ်မတော်ကကြေညာချက်နှစ်ခုကို ထုတ်ပြန်ခဲ့တာရှိပါတယ်၊ တစ်ခုက ဒီရွေးကောက်ပွဲအကြိုကာလမှဖြစ်ပေါ်နေတာတွေနဲ့ပတ်သက်ပြီးတော့ တပ်မတော်ရဲ့ သဘောထား ကိုထုတ်ပြန်တာဖြစ်တယ်။ နောက်တစ်ခုက ဒီရွေးကောက်ပွဲနဲ့စပ်ဆက်ပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင် တွေကို တပ်မတော်ရဲ့ သဘောထားထုတ်ပြန်တာရှိတယ်။ ဘာဖြစ်လို့ ဒီလိုအခြေအနေမျိုးမှာ ဒီလိုသဘော ထားတွေ ထုတ်ပြန်ရတာလဲဆိုတာ သိခွင့်ရနိုင်မလား။
တပ်ချုပ် ။ ။ တပ်မတော်ဆိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိပါတယ်။ ကျွန်တော်တို့က အခုက ၂၀၁၀ ပြည့်နှစ်ကျမှသာ ပါတီစုံဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းထဲ အသွင်ကူးပြောင်း တာပေါ့။ ၂၀၁၀ မှာ Election စလိုက်တာပေါ့။ အသွင်ကူးပြောင်းတယ်ဆိုတော့ ကျွန်တော်တို့က ဆယ်နှစ်တာ ကာလအတွင်းမှာ ပါတီစုံဒီမိုက ရေစီလမ်းကြောင်းကိုသွားနိုင်တဲ့ အတွေ့အကြုံက နည်းပါသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပါတီစုံဒီမိုကရေစီစနစ်ကို သွားနိုင်ဖို့အတွက်ကို ခိုင်ခိုင်မာမာဖြစ်စေချင်တယ်။ ကာလပေါင်းများစွာ၊ အတွေ့အကြုံများစွာရှိခဲ့ပြီးပြီ။ ဒါပေမဲ့ တော်တော်များများနေခဲ့တာတော့ ဗဟိုဦးစီး စနစ်အောက်မှာပဲနေခဲ့ကြတာ။ အဲ့ဒါကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာနေခဲ့တာ ကာလနည်းပါတယ်။ လက်ရှိပြည်သူကရွေးချယ်ထားတဲ့ ပါတီစုံလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာရှိဖို့ကတော့ ကျွန်တော်တို့တပ်မေ တာ်ရဲ့ လိုလားချက်ပဲ။ ဒီအတိုင်းသွားစေချင်တယ်။ ဒီမိုကရေစီစနစ်မှာလည်း ရွေးချယ်တင်မြောက်ပွဲက အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တယ်။ အဲဒီတော့ ရွေးချယ်တင်မြောက်ပွဲက စနစ်တကျမဟုတ်ဘဲနဲ့ နည်းလမ်းမကျတွေ၊ စည်းကမ်းချိုးဖောက်မှုတွေများလာရင် တည်ငြိမ်တဲ့ဒီမိုကရေစီစနစ်ကို ဖြစ်ဖို့ဆိုတာကတော့ ခဲယဉ်းပါတယ်။ ကမ႓ာမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကိုကြည့် မယ်ဆိုရင် တွေ့နိုင်တယ်။ မကြာသေးခင်ကပဲ ဥရောပမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်နှစ်ခုရှိတယ်။ ဒီရွေးကောက်ပွဲနဲ့ပဲ တော်တော်လေးအငြင်းပွားနေတဲ့ကိစ္စပေါ့။ ကျွန် တော်တို့လည်း ဒါကိုစောင့်ကြည့်နေတာ။ တပ်မတော်ကလည်း ဒါကိုစောင့်ထိန်းပေးဖို့တာဝန်ရှိပါတယ်။ ဒါကြောင့် တတိယကြိမ်လုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ရင် စတင်ကြေညာတဲ့အချိန်ကစပြီး ကျွန် တော်တို့လည်း သတိကြီးစွာနဲ့စောင့်ကြည့်လာခဲ့တယ်။ ကျွန်တော်တို့ တော်ရုံတန်ရုံတော့ မပြောပါဘူး။ ဘာကြောင့်ဆို နိုင်ငံတော်ကလည်းပဲ နိုင်ငံတော်အစိုးရရဲ့ဦးဆောင်မှုနဲ့ နိုင်ငံတော်ကလုပ်တယ်။ သိပ်ပြီးတော့မှ လိုအပ်ရင်လို့ရှိရင်လည်း အသိပေးမယ့်ကိစ္စ ကျွန်တော်တို့ အသိပေးတာတော့ရှိပါတယ်။ ရွေးကောက်ပွဲ ကလည်း သိပ်အရေးကြီးတယ်ဗျ။ ဒီမိုကရေစီရဲ့အနှစ်သာရက ခုနကပြောသလို ရွေးကောက်ပွဲကလည်း အနှစ်သာရပဲ။ အစိုးရကလည်း ဒီအပေါ်မှာ အဆုံးအဖြတ်ပေးရမယ့်ကိစ္စဖြစ်လာပြီ။ မှတ်ကျောက်တင်ရ မယ့်ကိစ္စဖြစ်လာပြီ။ အဲ့ဒီတော့ ဒီမှာအားနည်းချက်တွေက တော်တော်များများကတွေ့တယ်။ ဘယ်မှာစတွေ့ တာလည်းဆိုတော့ သြဂုတ်လ ၈ ရက်နောက်ပိုင်းကစပြီးတော့ မဲဆွယ်စည်းရုံးခွင့်တွေစပြီးဆိုတဲ့ကာလကစပြီး အားနည်းချက်တွေ သတိပြုမိတာတွေ့တယ်။ COVID ဖြစ်နေတဲ့ကာလလည်းဖြစ်နေတော့ ပိုပြီးသတိထားရ တာပေါ့။ တစ်ခါ မဲပေးခွင့်နဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်တဲ့အခါတွေမှာလည်း တော်တော်မှားယွင်းတာကို တွေ့တယ်။ မဲစာရင်းတွေကြေညာတဲ့အခါမှာလည်း အမှားအယွင်းတွေတော်တော်များများပါလာတယ်။ မှားသင့်မှားထိုက်တဲ့ ကိစ္စဆိုရင်တော့ကိစ္စမရှိပါဘူး။ သို့သော်လည်းပဲ မမှားသင့်တဲ့ကိစ္စတွေ။ ပြင်ဆင်ချိန်တွေ အများကြီးရတယ်။ ရွေးကောက်ပွဲကော်မရှင်ဖွဲ့တာ ၄ နှစ်ကျော်ကာလဖြစ်သွားပြီ။ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာစပြီး ကော်မရှင်စဖွဲ့တာ။ လေးနှစ်ကျော်ကာလပြင်ဆင်ချိန်တွေရပါတယ်။ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနှစ်ခုလုပ်ခဲ့ပြီးပြီ။ ရွေးကောက်ပွဲမှာလည်း အတွေ့အကြုံတွေ အများကြီးရခဲ့ပြီးပြီ။ ဒီပေါ်မှာပိုပြီးတော့ ကောင်းနိုင်တဲ့ ကောင်းတဲ့ရွေးကောက်ပွဲလို့ ကျွန်တော်တို့တပ်မတော် လည်း မျှော်လင့်ထားခဲ့တယ်။ တကယ်ကို လိုလိုလားလားဖြစ်ပါတယ်။ တပ်နဲ့လည်း အကုန်လုံးဖြစ်နိုင်တဲ့နည်း လမ်းတွေကို အကုန်လုံး ကျွန်တော် ကူညီပေးပါတယ်။ ဒါပေမဲ့ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်နဲ့လုပ်တဲ့ဟာတွေမှာ ကျတော့ ကျွန်တော်တို့ဝင်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။ ကျွန်တော်တို့က ကော်မရှင်ရဲ့အဆုံးအဖြတ်ပဲ ဥပဒေအရ ပြောတဲ့စကားကိုပဲ ကျွန်တော်တို့လက်ခံတယ်။ ဒါတွေ အားနည်းချက်တွေ တွေ့လာတယ်။ ကျွန်တော်တို့မြင်ရ တာရှိတယ်။ နောက် ပါတီတွေကနေပြီးတော့ ထုတ်ပြန်ချက်တွေ ပြောတာတွေရှိတယ်။ ဒါတွေလည်း ကျွန်တော် တို့စဉ်းစားတာပေါ့။ တတ်နိုင်သလောက်တော့ ဒါကိုထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ပြောပါတယ်။ သတိပေးပါတယ်။ အခုဆိုရင် လူမှုကွန်ရက်တွေမှာ ပြောနေတဲ့ဟာတွေက တော်တော်ကို တစ်ဖက်သတ်ဆန်လွန်းပြီးတော့ ဆိုးလည်းဆိုးပါတယ်။ တချို့ရေးတာတွေ့ပါတယ်။ ပြောရရင် ဒါတွေက ရွေး ကောက်ပွဲအပေါ်မှာ လူတွေရဲ့ သံသယဖြစ်မှုတွေ ပိုပြီးတော့ ကြီးထွားလာစေတယ်လို့ ကျွန်တော်တို့ယုံကြည် တယ်။ ဒါကြောင့် ဒါတွေမဖြစ်အောင်ဆိုပြီးတော့ ကော်မရှင်အနေနဲ့ ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်ပြောတာ။ ကျွန်တော်တို့လိုလားချက်ကတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ပဲ။ အခုဆိုရင် တော်တော်သတိထားရမယ့်အခြေအနေဖြစ်လာတယ်။ ဒါမျိုးတွေမဖြစ်စေချင်ဘူး။ ဒါကြောင့် သတိထားပြီးလုပ်လို့ရအောင် သတိပေးတဲ့သဘောပြောတာပါ။
 
Popular News ။ ။ လက်ရှိအစိုးရရဲ့ Government ထဲမှာပါဝင်နေတဲ့ တပ်မတော်အနေနဲ့ ကော်မရှင်ကို ဒီလိုမျိုးသတိပေးတဲ့ဟာက ဥပဒေကြောင်းအရ ညီညွတ်ပါသလား။
 
တပ်ချုပ် ။ ။ ဘာလို့မညီညွတ်ရမလဲ။ တပ်မတော်က နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ နောက် အခြေခံ ဥပဒေကိုကာကွယ်စောင့်ရှောက်ရ မယ်လို့ ပြဋ္ဌာန်းပေးထားတယ်။ ဒီအခြေခံဥပဒေကပဲ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်။ ဒီအပေါ်မှာခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်ကလည်း လုပ်ဖို့တာဝန်ရှိ တယ်။ အဲဒီတော့ မပြောလို့ရှိရင် ကျွန်တော်တို့မပြောရင် ဘယ်သူပြောမလဲ။ အခုနိုင်ငံတကာကလည်း ကျွန်တော်တို့အပေါ်မှာ ဝေဖန်မှုတွေ တဖြည်းဖြည်းနဲ့ရှိလာပြီ။ ပြောရရင် နိုင်ငံရဲ့သိက္ခာလည်းရှိပါတယ်။ နိုင်ငံရဲ့သိက္ခာတော့ ကျွန်တော်တို့ အထိအခိုက်မခံနိုင်ဘူး။ ဒါကြောင့် မဖြစ်စေချင်ဘူး။ ဒါကြောင့် ကျွန် တော်ထုတ်ပြောတာ။ တော်ရုံကျွန်တော် ပြောခဲပါတယ်။ မဖြစ်စေချင်လို့ သတိပေးတာပါ။ တာဝန်ယူရမှာတော့ အစိုးရတာဝန်ယူရလိမ့်မယ် ဒီကိစ္စကို။
 
#PeopleMedia #တပ်ချုပ် #Political #2020election #NLD #UEC

Share this post