• Follow Us on

Home တပ္မေတာ္က UEC ထံံ စာရြက္စာတမ္းမ်ား ကူးယူခြင့္ေတာင္းခံျခင္းသည္ မွန္ကန္ေၾကာင္း PPP ပါတီ ဒုတိယ ဥကၠ႒ ဦးေက်ာ္ေဇယ် ေျပာဆို

တပ္မေတာ္က UEC ထံံ စာရြက္စာတမ္းမ်ား ကူးယူခြင့္ေတာင္းခံျခင္းသည္ မွန္ကန္ေၾကာင္း PPP ပါတီ ဒုတိယ ဥကၠ႒ ဦးေက်ာ္ေဇယ် ေျပာဆို

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁
၂၀၂၀ ေရြးေကာက္ပြဲ မဲစာရင္းႏွင့္ပတ္သက္၍ တပ္မေတာ္က UEC ထံ စာရြက္စာတမ္းမ်ား ကူးယူခြင့္ေတာင္းခံ ျခင္းသည္ မွန္ကန္ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီဒုတိယဥကၠ႒ ဦးေက်ာ္ေဇယ်မွေျပာသည္။
ႏို၀င္ဘာ ၈ ရက္ေန႔တြင္ က်င္းပၿပီးစီးခဲ့သည့္ အေထြေထြေရြးေကာက္ပြဲႏွင့္စပ္လ်ဥ္းၿပီး လြတ္လပ္၍ တရား မွ်တမႈရွိေသာ ေရြးေကာက္ပြဲတစ္ခုအျဖစ္ သံသယကင္းရွင္းစြာအသိအမွတ္ျပဳႏိုင္ေရးအတြက္ ေရြးေကာက္ပြဲ ျဖစ္စဥ္အား စိစစ္သံုးသပ္ရာတြင္ လိုအပ္သည့္ စာရြက္စာတမ္းမ်ားကို ကူးယူခြင့္ေတာင္းခံသည့္အခါ သက္ ဆိုင္ရာေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲအဆင့္ဆင့္အေနျဖင့္ အမ်ားျပည္သူႏွင့္သက္ဆိုင္သည့္ စာတမ္း အမွတ္အသားမ်ားကို ဥပေဒႏွင့္အညီကူးယူခြင့္ေပးရန္ UEC မွ ၫႊန္ၾကားေပးႏိုင္ရန္ ေတာင္းဆိုမႈႏွင့္ ပတ္ သက္ၿပီး People Media မွ ၎အား ဆက္သြယ္ေမးျမန္းရာ အထက္ပါအတိုင္း ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“မဲစာရင္းဆိုတာတိတိက်က်ရွိရမယ္။ လြဲလို႔မရဘူး။ ဘာလို႔ဆိုေတာ့ အခုစနစ္ႀကီးက တစ္မဲသာ အႏိုင္ေလ။ ေကာ္မရွင္ရဲ႕ဥပေဒအရလည္း မဲစာရင္းရဲ႕ ကိန္းဂဏန္းေတြက သိပ္အေရးႀကီးတယ္။ ဒီတစ္မဲက စကားေျပာ မွာျဖစ္တဲ့အတြက္ စာရင္းကတိက်ဖို႔လိုတယ္။ ေကာ္မရွင္အေနနဲ႔ တိတိက်က်ရွိလို႔ရွိရင္ စာရင္းကိုေပးသင့္တယ္။ ခုတပ္မေတာ္ကစာရင္းေတြ ေတာင္းတယ္။ ဒါမွန္တယ္။ အမွန္ဆိုေတာင္းစရာေတာင္မလိုဘူး။ ကိုယ္စား လွယ္ေလာင္းရဲ႕ ရသင့္တဲ့အခြင့္အေရး၊ ေတာင္းရင္ေပးကို ေပးရမယ့္ဟာ။ ၿပီးေတာ့ ဒါကို တပ္မေတာ္က သူရဲ႕ဖိအားနဲ႔ ေျပာၿပီးေတာင္းေနရတာကိုက UEC အတြက္ မေကာင္းဘူး” ဟု PPP ပါတီ ဒုတိယဥကၠ႒ ဦးေက်ာ္ ေဇယ်မွေျပာသည္။
၎မွဆက္လက္ၿပီး “တပ္မေတာ္ရဲ႕ ညကထုတ္ျပန္ခ်က္ဆိုရင္လည္း အမွန္ဆိုထုတ္ျပန္စရာေတာင္ မလိုဘူး။ သူ႔ဟာသူအဆင္ေျပေခ်ာေမြ႕ေနရင္ ဘာမွေျပာစရာေတာင္ မလိုဘူး။ အခုဟာက အဆင္မေျပမေခ်ာေမြ႕တဲ့ အတြက္ကို ေျပာေနရတာ။ စစ္တပ္ကအာဏာသိမ္းခ်င္လို႔ ဖိၿပီးလုပ္ေနတယ္လို႔ ထင္ေနၾကတယ္။ ျပည္ သူေတြက မသိၾကဘူး။ မဟုတ္ဘူး မွားေနတယ္။ တပ္ကလည္း သံသယ၀င္သြားတာက ဒီ ၂၀၂၀ မွာ တပ္မဲ ႐ံုေတြအျပင္ထုတ္လိုက္တာဟာ ဒီလိုမသမာမႈ လုပ္ဖို႔ရည္ရြယ္ခ်က္လားဆိုၿပီးေတာ့ ကာကြယ္ေရးဦးစီးခ်ဳပ္ အေနနဲ႔ ေတြးမိတယ္လို႔ ကၽြန္ေတာ္ထင္တယ္” ဟု ဆိုသည္။
ေရြးေကာက္ပြဲအၿပီး ႏို၀င္ဘာ ၁၀ ရက္ေန႔တြင္ မဲဆႏၵရွင္စုစုေပါင္း ၃၇၂၆၈၈၇၆ ဦးရွိေၾကာင္း ထုတ္ျပန္ခဲ့ၿပီး ေအာက္တိုဘာ ၃၀ ရက္ေန႔တြင္ မဲေပးခြင့္ရွိသူစုစုေပါင္း ၃၈၂၇၁၄၄၇ ဦးျဖစ္ေၾကာင္း ျပည္ေထာင္စုေရြး ေကာက္ပြဲေကာ္မရွင္မွ ထုတ္ျပန္ေၾကညာခဲ့သည္။
ယင္းထုတ္ျပန္ေၾကညာခ်က္တြင္ မဲေပးခြင့္ရွိသူဦးေရ ၁၀၀၂၅၇၁ ဦးကြာဟလ်က္ရွိသည္။
#PeopleMedia #PPP #UEC #တပ္မေတာ္
(Unicode)
တပ်မတော်က UEC ထံံ စာရွက်စာတမ်းများ ကူးယူခွင့်တောင်းခံခြင်းသည် မှန်ကန်ကြောင်း PPP ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဇေယျ ပြောဆို
…………………………………………………………………
ရန်ကုန်၊ ဒီဇင်ဘာ ၁
၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းနှင့်ပတ်သက်၍ တပ်မတော်က UEC ထံ စာရွက်စာတမ်းများ ကူးယူခွင့်တောင်းခံ ခြင်းသည် မှန်ကန်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျမှပြောသည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီး လွတ်လပ်၍ တရား မျှတမှုရှိသော ရွေးကောက်ပွဲတစ်ခုအဖြစ် သံသယကင်းရှင်းစွာအသိအမှတ်ပြုနိုင်ရေးအတွက် ရွေးကောက်ပွဲ ဖြစ်စဉ်အား စိစစ်သုံးသပ်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများကို ကူးယူခွင့်တောင်းခံသည့်အခါ သက် ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့် အများပြည်သူနှင့်သက်ဆိုင်သည့် စာတမ်း အမှတ်အသားများကို ဥပဒေနှင့်အညီကူးယူခွင့်ပေးရန် UEC မှ ညွှန်ကြားပေးနိုင်ရန် တောင်းဆိုမှုနှင့် ပတ် သက်ပြီး People Media မှ ၎င်းအား ဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“မဲစာရင်းဆိုတာတိတိကျကျရှိရမယ်။ လွဲလို့မရဘူး။ ဘာလို့ဆိုတော့ အခုစနစ်ကြီးက တစ်မဲသာ အနိုင်လေ။ ကော်မရှင်ရဲ့ဥပဒေအရလည်း မဲစာရင်းရဲ့ ကိန်းဂဏန်းတွေက သိပ်အရေးကြီးတယ်။ ဒီတစ်မဲက စကားပြော မှာဖြစ်တဲ့အတွက် စာရင်းကတိကျဖို့လိုတယ်။ ကော်မရှင်အနေနဲ့ တိတိကျကျရှိလို့ရှိရင် စာရင်းကိုပေးသင့်တယ်။ ခုတပ်မတော်ကစာရင်းတွေ တောင်းတယ်။ ဒါမှန်တယ်။ အမှန်ဆိုတောင်းစရာတောင်မလိုဘူး။ ကိုယ်စား လှယ်လောင်းရဲ့ ရသင့်တဲ့အခွင့်အရေး၊ တောင်းရင်ပေးကို ပေးရမယ့်ဟာ။ ပြီးတော့ ဒါကို တပ်မတော်က သူရဲ့ဖိအားနဲ့ ပြောပြီးတောင်းနေရတာကိုက UEC အတွက် မကောင်းဘူး” ဟု PPP ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော် ဇေယျမှပြောသည်။
၎င်းမှဆက်လက်ပြီး “တပ်မတော်ရဲ့ ညကထုတ်ပြန်ချက်ဆိုရင်လည်း အမှန်ဆိုထုတ်ပြန်စရာတောင် မလိုဘူး။ သူ့ဟာသူအဆင်ပြေချောမွေ့နေရင် ဘာမှပြောစရာတောင် မလိုဘူး။ အခုဟာက အဆင်မပြေမချောမွေ့တဲ့ အတွက်ကို ပြောနေရတာ။ စစ်တပ်ကအာဏာသိမ်းချင်လို့ ဖိပြီးလုပ်နေတယ်လို့ ထင်နေကြတယ်။ ပြည် သူတွေက မသိကြဘူး။ မဟုတ်ဘူး မှားနေတယ်။ တပ်ကလည်း သံသယဝင်သွားတာက ဒီ ၂၀၂၀ မှာ တပ်မဲ ရုံတွေအပြင်ထုတ်လိုက်တာဟာ ဒီလိုမသမာမှု လုပ်ဖို့ရည်ရွယ်ချက်လားဆိုပြီးတော့ ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ တွေးမိတယ်လို့ ကျွန်တော်ထင်တယ်” ဟု ဆိုသည်။
ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ ရက်နေ့တွင် မဲဆန္ဒရှင်စုစုပေါင်း ၃၇၂၆၈၈၇၆ ဦးရှိကြောင်း ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၃၀ ရက်နေ့တွင် မဲပေးခွင့်ရှိသူစုစုပေါင်း ၃၈၂၇၁၄၄၇ ဦးဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းထုတ်ပြန်ကြေညာချက်တွင် မဲပေးခွင့်ရှိသူဦးရေ ၁၀၀၂၅၇၁ ဦးကွာဟလျက်ရှိသည်။
#PeopleMedia #PPP #UEC #တပ်မတော်


Share this post