• Follow Us on
Latest News

Home တပ်မတော်တစ်ရပ်လုံး၏ ပညာရည်မြင့်မားရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း န.စ.ကဥက္ကဋ္ဌ ပြောဆို

တပ်မတော်တစ်ရပ်လုံး၏ ပညာရည်မြင့်မားရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း န.စ.ကဥက္ကဋ္ဌ ပြောဆို

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇ (People Media)

 

တပ်မတော်အနေဖြင့် တပ်မတော်တစ်ရပ်လုံး၏ ပညာရည်မြင့်မားရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့ပြီးနောက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

“ခေါင်းဆောင်များအနေနဲ့ မိမိကိုယ်တိုင် စာဖတ်ဖို့ လိုအပ်သလို မိမိကွပ်ကဲအုပ်ချုပ်နေရသူတွေရဲ့ ပညာရည် အဆင့်အတန်းမြင့်မားဖို့အတွက်လည်း အားပေးဆောင်ရွက်နေရမှာဖြစ်တယ်။ စာပေဗဟုသုတရှိမှသာ အမှား အမှန်ခွဲခြားသိမြင်နိုင်မှာဖြစ်ပြီး တစ်ဦးချင်း ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို ကျိုးကြောင်းဆီလျော်စွာနဲ့ ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်တယ်။ တပ်မတော်အနေနဲ့လည်း တပ်မတော်တစ်ရပ်လုံးရဲ့ ပညာရည်မြင့်မား ရေးကို အားပေးဆောင်ရွက်လျက်ရှိတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဒေသတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်း ဆောင်ရာတွင် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေနိုင်သည်မှန်သမျှကို ကာကွယ်တားဆီးနိုင်ရေး ဆောင် ရွက်ကြရန်လိုကြောင်း၊ မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ လျော့နည်းစေရေး လုပ်ဆောင်နေခြင်းသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်နေခြင်းပင်ဖြစ်ကြောင်း ပြောသည်။

 

စစ်သားပီသသည့် စစ်ခေါင်းဆောင်များဖြစ်အောင် နေထိုင်ကျင့်ကြံကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ နယ်မြေခံ ပြည်သူလူထု၏ အကျိုးစီးပွားကို လည်း ဖော်ဆောင်ပေးရန်လိုကြောင်း၊ ပညာရေးအားပေးမှုနည်းပါးသည့် နယ်မြေဒေသဖြစ်စ်သည့်အတွက် ပညာရည်အဆင့်အတန်းမြင့်မားလာစေရေး တွန်းအားပေးဆောင်ရွက်ကြ စေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေခံလူထု၏ အကျိုးစီးပွားဖော်ဆောင်ရေးတို့ကို တတ်စွမ်းသရွေ့ ကြိုး ပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #နစက

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post