• Follow Us on

Home တပ်မတော်ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်၊ တနိုင်းမြို့အတွင်း၌ တရားမဝင်ရွှေတူးဖော်ခြင်း၊ တရားမဝင်ဆီ တင်ပို့ရောင်းချခြင်းများပြုလုပ်နေကြောင်း ဒီချုပ်အမတ်ပြောဆို

တပ်မတော်ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်၊ တနိုင်းမြို့အတွင်း၌ တရားမဝင်ရွှေတူးဖော်ခြင်း၊ တရားမဝင်ဆီ တင်ပို့ရောင်းချခြင်းများပြုလုပ်နေကြောင်း ဒီချုပ်အမတ်ပြောဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တပ်မတော်ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်၊ တနိုင်းမြို့အတွင်း၌ တရားမဝင်ရွှေတူးဖော်ခြင်း၊ တရားမဝင်ဆီ တင်ပို့ရောင်းချခြင်းများပြုလုပ်နေကြကြောင်း တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးလင်းလင်းဦး ပြော ကြားသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ၊ ဟူးကောင်းချိုင့်ဝှမ်းနယ်မြေ၌ တရားမဝင်ရွှေတူးဖော်ခြင်းများပြုလုပ် နေသည့်ကိစ္စနှင့်ပတ်သက်ပြီး People Media မှ ဆက်သွယ်မေးမြန်းရာ ၎င်းမှအတည်ပြုပြောကြားခဲ့ခြင်းဖြစ် သည်။

“ရှိတာကတော့ တရားမဝင်ရွှေမှော်ပယင်းကတော့ ရှိတာပေါ့နော်။ တရားမဝင်လုပ်ကိုင်နေတာတွေ။ အဲဒီ နေရာက တပ်ကထိန်းချုပ်ထားတဲ့နေရာပေါ့။ ဆီတင်ပို့နေတာတွေလည်းရှိတယ်လို့ သိရတယ်။ ကျွန်တော်တို့ လည်းသွားလို့မရဘူး။ ဝင်လို့လည်းမရဘူး၊ အဝင်လည်းမခံဘူး။ သူတို့အကျိုးစီးပွားတွေဖြစ်ထွန်းတာပေါ့လေ။ ပြီးခဲ့တဲ့ တပ်မတော်နဲ့ KIO နဲ့ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ၂၀၁၈ နောက်ပိုင်းကနေစပြီး အဲဒီနားက ကျေးရွာတွေကို တပ်ကထိန်းချုပ်ထားတဲ့ သဘောဖြစ်တယ်လို့ ပြည်သူတွေကတင်ပြလာလို့ သိရှိရပါတယ်” ဟု ကချင်ပြည်နယ်၊ တနိုင်းပြည်သူ့လွှတ်တော်အမတ် ဦးလင်းလင်းဦးက ပြောသည်။

အဆိုပါနေရာတွင် လာရောက်လုပ်ကိုင်နေကြသူများမှာ ဒေသခံများမဟုတ်ဘဲ တခြားမြို့နယ်များမှ လာရောက် လုပ်ကိုင်နေကြသူများဖြစ်ပြီး တပ်မတော်နှင့် နီးစပ်ရာလူများဖြစ်ကြောင်း ၎င်းမှဆိုသည်။

“တစ်နိုင်ငံလုံး ခွင့်ပြုထားတာ ဘာမှမရှိပါဘူး။ အစိုးရကခွင့်ပြုတဲ့ဟာတွေဆို စနစ်တကျသွားမယ်လေနော်၊ အစိုးရကခွင့်ပြုချက်မရှိဘဲ လုပ်တဲ့ဟာတွေကျတော့ သိတဲ့အတိုင်းလုပ်ကွက်တွေ စနစ်တကျမလုပ်ဘဲနဲ့ တာ ဝန်ခံမှု၊ တာဝန်ယူမှုမရှိတဲ့အခါကျတော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်။ နိုင်ငံတော်ကလည်း အခွန်မရဘူး ပေါ့။ ဒီဒေသခံတွေမဟုတ်ဘူး။ အပြင်ကနေလာတယ်၊ တခြားမြို့နယ်တွေကလာလုပ်နေကြတာ။ သူတို့နဲ့နီး စပ်ရာပေါ့နော်” ဟု ဦးလင်းလင်းဦးမှ ပြောသည်။

အလားတူ တနိုင်းမြို့၊ ကချင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးအင်ဝမ်ခန်းဇော် တန်က “ဟူးကောင်းချိုင့်ဝှမ်း တနိုင်းမြို့ နယ်တွင် တရာမဝင်ရွှေတူးဖော်ခြင်း၊ တရားမဝင်ရွှေတူးဖော်ရာသို့ တ ရားမဝင်ဆီတင်ပို့ရောင်းနေခြင်းတို့ကြောင့် ဟူးကောင်းချိုင့်ဝှမ်းသဘာ၀ သစ်တောပြုန်းတီးမှုဖြစ်နေပြီး သဘာ ဝပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးနိုင်သည်။ ထိုသို့ တရားမဝင်လုပ်ရပ်ကြောင့် ဟူးကောင်းချိုင့်ဝှမ်းသဘာ၀ ပတ်ဝန်းကျင် ပျက်စီးခြင်းအား အချိန်မီကာကွယ်ထိန်းသိမ်းရန်လိုအပ်ကြောင်း” သူ၏လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။

Photo – Zau Tang WangHkang

#PeopleMedia #တနိုင်းမြို့ #တပ်မတော်ထိန်းချုပ်နယ်မြေ

(unicode)
………………………………………………








Photo – Zau Tang WangHkang



Share this post