• Follow Us on

Home တပ္မေတာ္ထုတ္ျပန္ခ်က္ကို UEC ေျဖရွင္းသင့္ေၾကာင္း SNLD ေျပာဆိုခြင့္ရွိသူ ဦးစိုင္းလိတ္ေျပာ

တပ္မေတာ္ထုတ္ျပန္ခ်က္ကို UEC ေျဖရွင္းသင့္ေၾကာင္း SNLD ေျပာဆိုခြင့္ရွိသူ ဦးစိုင္းလိတ္ေျပာ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၂၀ ေရြးေကာက္ပြဲ မဲမသမာမႈမ်ားႏွင့္ပက္သက္၍ တပ္မေတာ္ ထုတ္ျပန္ခ်က္ကို ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္အေနျဖင့္ ေျဖရွင္းသင့္သည့္ကိစၥျဖစ္ေၾကာင္း ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ေျပာေရးဆိုခြင့္ရွိသူ ဦးစိုင္းလိတ္က ေျပာသည္။

တပ္မေတာ္သားမ်ား မဲေပးခဲ့သည့္ ၿမိဳ႕နယ္မ်ားအနက္ ၿမိဳ႕နယ္ေလးၿမိဳ႕နယ္တြင္ မဲမသမာမႈ ခုႏွစ္ေသာင္းေက်ာ္ ေတြ႕ရွိခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဒီဇင္ဘာ ၂၃ ရက္ ညပိုင္းတြင္ သတင္းထုတ္ ျပန္ခဲ့ၿပီး ယင္းသို႔ ထုတ္ျပန္မႈႏွင့္ပတ္သက္၍ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) သေဘာအား ေမးျမန္းရာ အထက္ပါကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“တပ္မေတာ္ရဲ့ ေတြ႕ရွိခ်က္ေပၚမွာေတာ့ ထူးထူးျခားျခား မွတ္ခ်က္မေပးလိုပါဘူး၊ ဒါက UEC က ေျဖရွင္းသင့္တဲ့ ကိစၥလိုပဲ ျမင္ပါတယ္” ဟု ဦးစိုင္းလိတ္က ေျပာသည္။

အစိုးရ၏သေဘာထား တစ္စုံတစ္ရာမသိဘဲ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနႏွင့္ မည္သည့္ကိစၥ ကိုမွ လုပ္ေဆာင္နိုင္သည့္အေနအထားမရွိေၾကာင္း အခုရက္ပိုင္းျဖစ္ေနသည့္ အေျခအေနမ်ားကို ၾကည့္ပါက စစ္ဘက္ အရပ္ဘက္ ဆက္ဆံေရးမွာ ေတာ္ေတာ္ေလး အေျခအေနမေကာင္းေၾကာင္း ဦးစိုင္းလိတ္က ဆိုသည္။

လက္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ဥပေဒေပးထားခ်က္အတိုင္း ရပ္တည္ေနသည္ဟု ေျပာဆိုေနေသာ္လည္း အဆိုပါရပ္တည္ခ်က္သည္ မည္မၽခိုင္မာမႈရွိမလဲ မည္ကဲ့သို႔ ရပ္တည္နိုင္မလဲ ဆိုသည္မွာေတာ့ နိုင္ငံေရး၏ ႐ိုက္ခတ္မႈအေပၚ အမ်ားႀကီးမူတည္ေနေၾကာင္း ၎က ထပ္မံေျပာဆိုသည္။

SNLD ပါတီအေနျဖင့္ ၂၀၂၀ ေရြးေကာက္ပြဲကာလအတြင္း ရွမ္းျပည္နယ္ေျမာက္ပိုင္း အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ (၅) ေနရာတြင္ ေရြးေကာက္ပြဲတရားမဲ့ျပဳက်င့္မႈမ်ားရွိခဲ့ျခင္းေၾကာင့္ SNLD ပါတီ ကိုယ္စား ျပဳဝင္ေရာက္ယွဥ္ၿပိဳင္သူ ဦးေမာ္ထြန္းေအာင္မွ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္သို႔ ကန႔္ကြက္လႊာ တင္သြင္းထားေၾကာင္း သိရသည္။

#PeopleMedia

(unicode)
တပ်မတော်ထုတ်ပြန်ချက်ကို UEC ဖြေရှင်းသင့်ကြောင်း SNLD ပြောဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ပြော
……………………………………………………….

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများနှင့်ပက်သက်၍ တပ်မတော် ထုတ်ပြန်ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဖြေရှင်းသင့်သည့်ကိစ္စဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် မြို့နယ်လေးမြို့နယ်တွင် မဲမသမာမှု ခုနှစ်သောင်းကျော် တွေ့ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင် သတင်းထုတ် ပြန်ခဲ့ပြီး ယင်းသို့ ထုတ်ပြန်မှုနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သဘောအား မေးမြန်းရာ အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“တပ်မတော်ရဲ့ တွေ့ရှိချက်ပေါ်မှာတော့ ထူးထူးခြားခြား မှတ်ချက်မပေးလိုပါဘူး၊ ဒါက UEC က ဖြေရှင်းသင့်တဲ့ ကိစ္စလိုပဲ မြင်ပါတယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။

အစိုးရ၏သဘောထား တစ်စုံတစ်ရာမသိဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် မည်သည့်ကိစ္စ ကိုမှ လုပ်ဆောင်နိုင်သည့်အနေအထားမရှိကြောင်း အခုရက်ပိုင်းဖြစ်နေသည့် အခြေအနေများကို ကြည့်ပါက စစ်ဘက် အရပ်ဘက် ဆက်ဆံရေးမှာ တော်တော်လေး အခြေအနေမကောင်းကြောင်း ဦးစိုင်းလိတ်က ဆိုသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဥပဒေပေးထားချက်အတိုင်း ရပ်တည်နေသည်ဟု ပြောဆိုနေသော်လည်း အဆိုပါရပ်တည်ချက်သည် မည်မျခိုင်မာမှုရှိမလဲ မည်ကဲ့သို့ ရပ်တည်နိုင်မလဲ ဆိုသည်မှာတော့ နိုင်ငံရေး၏ ရိုက်ခတ်မှုအပေါ် အများကြီးမူတည်နေကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

SNLD ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) နေရာတွင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများရှိခဲ့ခြင်းကြောင့် SNLD ပါတီ ကိုယ်စား ပြုဝင်ရောက်ယှဉ်ပြိုင်သူ ဦးမော်ထွန်းအောင်မှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းထားကြောင်း သိရသည်။

#PeopleMedia


Share this post