• Follow Us on

Home တပ္မေတာ္နယ္ေျမမ်ား၏ မဲဆႏၵရွင္စာရင္းကို အြန္လိုင္းမွ ေၾကညာပါက ကိုယ့္ထမင္းကိုယ္စားၿပီး ရန္သူ႔အတြက္ စပိုင္လုပ္ေပးျခင္းႏွင့္ အတူတူျဖစ္ေၾကာင္း ဗိုလ္မွဴး(ၿငိမ္း)ေျပာဆို

တပ္မေတာ္နယ္ေျမမ်ား၏ မဲဆႏၵရွင္စာရင္းကို အြန္လိုင္းမွ ေၾကညာပါက ကိုယ့္ထမင္းကိုယ္စားၿပီး ရန္သူ႔အတြက္ စပိုင္လုပ္ေပးျခင္းႏွင့္ အတူတူျဖစ္ေၾကာင္း ဗိုလ္မွဴး(ၿငိမ္း)ေျပာဆို

Share this post

ရန္ကုန္၊ ဇြန္ ၁၃

တပ္မေတာ္နယ္ေျမမ်ားအတြက္ မဲဆႏၵရွင္စာရင္းမ်ားကို အြန္လိုင္းမွ ေၾကညာပါ ကိုယ့္ထမင္းကိုယ္စားၿပီး ရန္သူ႔အတြက္ စပိုင္(သူလ်ိဳ)လုပ္ေပးျခင္းႏွင့္ အတူတူျဖစ္ေနေၾကာင္း ျမန္မာ့ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဗိုလ္မွဴး(ၿငိမ္း)ေဒါက္တာေအာင္မ်ိဳးက PeopleMedia သို႔ေျပာသည္။

ယခုလ ၁၀ ရက္က ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ UEC ရံုးတြင္ ျပဳလုပ္သည့္၂၀၂၀ ေရြးေကာက္ပြဲကို Covid-19 ေရာဂါႀကိဳတင္ကာကြယ္ေရးႏွင့္ နည္းလမ္းမ်ားႏွင့္အညီ က်င္းပႏိုင္ေရးအစည္းအေ၀းတြင္ ေကာ္မရွင္ဥကၠ႒ ဦးလွ သိန္းက မဲစာရင္းၾကည့္ရႈရာတြင္ လူစုလူေဝးျဖစ္ႏိုင္၍ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ မဲဆႏၵရွင္မ်ား online မွ မဲစာရင္းၾကည့္ရႈႏိုင္ရန္ Mobile Application ကို စီစဥ္ေဆာင္ရြက္လ်က္ရွိပါေၾကာင္း ေျပာၾကားခဲ့သည့္အေပၚ ေဒါက္တာ ေအာင္မ်ိဳးက အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းလည္းျဖစ္သည္။

“ဒီမဲစာရင္းကို အြန္လိုင္းကေနၾကညာလို႔ရွိရင္ ဒါကိုအၿမဲတမ္း တပ္ရဲ႕ Information gathering ေပါ့ေနာ္၊ တပ္ရဲ႕ သတင္းကို စုေဆာင္းေနတဲ့ ရန္သူအဖြဲ႕အစည္းတစ္ခုပဲျဖစ္ျဖစ္ ဒါမွမဟုတ္တစ္ဖက္ႏိုင္ငံက သူလ်ိဳအဖြဲ႕အစည္းတစ္ခုပဲျဖစ္ျဖစ္ ဘယ္သူပဲ ျဖစ္ျဖစ္ ဒီသတင္းကို ၾကည့္ၿပီးေတာ့ အလြယ္တကူသံုးသပ္သြားႏိုင္တာေပါ့။ ေထာက္လွမ္းေနတဲ့သူေတြအတြက္ အလြယ္ တကူသတင္းေပါက္ၾကားသြားႏိုင္တယ္။ အလြယ္တကူသိရွိသြားႏိုင္တယ္။ ေျပာရမယ္ဆိုရင္ေတာ့ ကိုယ့္ထမင္းကိုယ္စားၿပီး ရန္သူ႔အတြက္ စပို္ုင္(သူလ်ိဳ)လုပ္ေပးတာနဲ႔ အတူတူျဖစ္သြားမယ္”ဟု ေဒါက္တာေအာင္မ်ိဳးကေျပာသည္။

ထို႔ေၾကာင့္ တပ္မေတာ္ႏွင့္ပတ္သက္သည့္ မဲရံုမ်ားတြင္ မဲစာရင္းမ်ားကို သီးသန္႔အြန္လိုင္းေပၚမတင္ဘဲ စိတ္၀င္စားသူမ်ားက သီးသန္႔ၿမိဳ႕နယ္မ်ားတြင္ ၾကည့္ရႈႏိုင္ရန္စီစဥ္သင့္ေၾကာင္းလည္း ၎ကေျပာၾကားခဲ့သည္။ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို လာမည့္ႏို၀င္ဘာလတြင္ က်င္းသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ေၾကညာထားကာ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ႏိုင္ငံေရပါတီမ်ားႏွင့္ၫွႈိနိႈင္းေဆာင္ရြက္ျခင္းမရွိသည့္အေပၚ ေ၀ဖန္မႈမ်ားရွိေနသည္။

#PeopleMedia

(unicode)
တပ်မတော်နယ်မြေများ၏ မဲဆန္ဒရှင်စာရင်းကို အွန်လိုင်းမှ ကြေညာပါက ကိုယ့်ထမင်းကိုယ်စားပြီး ရန်သူ့အတွက် စပိုင်လုပ်ပေးခြင်းနှင့် အတူတူဖြစ်ကြောင်း ဗိုလ်မှူး(ငြိမ်း)ပြောဆို
………………………………………………………

ရန်ကုန်၊ ဇွန် ၁၃

တပ်မတော်နယ်မြေများအတွက် မဲဆန္ဒရှင်စာရင်းများကို အွန်လိုင်းမှ ကြေညာပါ ကိုယ့်ထမင်းကိုယ်စားပြီး ရန်သူ့အတွက် စပိုင်(သူလျို)လုပ်ပေးခြင်းနှင့် အတူတူဖြစ်နေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဗိုလ်မှူး(ငြိမ်း)ဒေါက်တာအောင်မျိုးက PeopleMedia သို့ပြောသည်။

ယခုလ ၁၀ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရုံးတွင် ပြုလုပ်သည့်၂၀၂၀ ရွေးကောက်ပွဲကို Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် နည်းလမ်းများနှင့်အညီ ကျင်းပနိုင်ရေးအစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလှ သိန်းက မဲစာရင်းကြည့်ရှုရာတွင် လူစုလူဝေးဖြစ်နိုင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်များ online မှ မဲစာရင်းကြည့်ရှုနိုင်ရန် Mobile Application ကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည့်အပေါ် ဒေါက်တာ အောင်မျိုးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

“ဒီမဲစာရင်းကို အွန်လိုင်းကနေကြညာလို့ရှိရင် ဒါကိုအမြဲတမ်း တပ်ရဲ့ Information gathering ပေါ့နော်၊ တပ်ရဲ့ သတင်းကို စုဆောင်းနေတဲ့ ရန်သူအဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ် ဒါမှမဟုတ်တစ်ဖက်နိုင်ငံက သူလျိုအဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် ဒီသတင်းကို ကြည့်ပြီးတော့ အလွယ်တကူသုံးသပ်သွားနိုင်တာပေါ့။ ထောက်လှမ်းနေတဲ့သူတွေအတွက် အလွယ် တကူသတင်းပေါက်ကြားသွားနိုင်တယ်။ အလွယ်တကူသိရှိသွားနိုင်တယ်။ ပြောရမယ်ဆိုရင်တော့ ကိုယ့်ထမင်းကိုယ်စားပြီး ရန်သူ့အတွက် စပို်ုင်(သူလျို)လုပ်ပေးတာနဲ့ အတူတူဖြစ်သွားမယ်”ဟု ဒေါက်တာအောင်မျိုးကပြောသည်။

ထို့ကြောင့် တပ်မတော်နှင့်ပတ်သက်သည့် မဲရုံများတွင် မဲစာရင်းများကို သီးသန့်အွန်လိုင်းပေါ်မတင်ဘဲ စိတ်ဝင်စားသူများက သီးသန့်မြို့နယ်များတွင် ကြည့်ရှုနိုင်ရန်စီစဉ်သင့်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလတွင် ကျင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေပါတီများနှင့်ညှှိုနှိုင်းဆောင်ရွက်ခြင်းမရှိသည့်အပေါ် ဝေဖန်မှုများရှိနေသည်။

#PeopleMedia


Share this post