• Follow Us on

Home တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခွင့် အရေးများ တောင်းဆိုခဲ့ခြင်းမရှိကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခွင့် အရေးများ တောင်းဆိုခဲ့ခြင်းမရှိကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

မန္တလေး၊ ဇန်နဝါရီ ၂၄ (People Media)

 

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်သို့ ပေးသွင်းရမည့်အခွန်အခများ ပြည့်မီစွာပေးသွင်း၍ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခွင့်အရေးများ တောင်းဆိုခဲ့ခြင်းမရှိကြောင်း န-စ-ကဥက္ကဋ္ဌက ပြောသည်။

 

ဇန်နဝါရီ ၂၃ ရက်နေ့၌ မန္တလေးမြို့ရှိ စစ်မှုထမ်းဟောင်းများနှင့် တွေ့ဆုံစဉ် န-စ-ကဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

“မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ဂျက် ကန့်သတ်ချက်ရှိပြီး တပ်မ တော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများ ပြည့်မီစွာပေးသွင်း၍ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခွင့်အရေးများ တောင်းဆိုခဲ့ခြင်းမရှိကြောင်း” န-စ-ကဥက္ကဋ္ဌက ပြောသည်။

 

ထို့အတူ န-စ-ကဥက္ကဋ္ဌက “တပ်မတော်သားများသည် မိမိတို့၏ သဘောဆန္ဒများအလျောက် တပ်မတော် တွင်းသို့ ဝင်ရောက်အမှုထမ်းခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံအဝန်းမှ နိုင်ငံသားများ ပေါင်းစည်းထားခြင်းပင်ဖြစ်ကြောင်း၊ အိမ်ရာတွင်နေထိုင်သည့် စစ်မှုထမ်းဟောင်းများသည် တပ်ပေါင်းများစွာတွင် အမှုထမ်းခဲ့ကြသူများဖြစ်ပြီး ဆွေရင်းမျိုးရင်းများမဟုတ်ကြသော်လည်း သွေးသားမတော်စပ်သည့် မိသားစုများပင်ဖြစ်သည့်အတွက် ညီအကို၊ ညီအစ်မ၊ မောင်ရင်းနှမသဖွယ် စိတ်ဓာတ်ဖြင့် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ လူတို့၏ သဘော သဘာဝအရ မတူညီမှု၊ မညီမျှမှုများရှိကြသည်ဖြစ်သော်လည်း ညီရင်းအကိုဟူသည့် စိတ်ကို အရင်းခံ၍ ဆောင်ရွက်မည်ဆိုပါက မတူညီမှုများကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စည်းလုံး ညီညွတ်မှုရှိရန် အဓိက အရေးကြီးကြောင်း၊ တပ်မတော်သားများသည် ပြည်သူကြားက ပေါက်ဖွားလာခြင်း ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေသည့် တပ်မတော်ကို အလေးထားကြပြီး နိုင်ငံရေးအရ အမြတ်ထုတ်လိုသူ၊ အသုံးချလိုသူများ ကသာလျင် တပ်မတော်၏ အမျိုးသား နိုင်ငံရေးတာဝန်ထမ်းဆောင်မှုများကို နိုင်ငံရေးတွင် အသုံးချခဲ့ကြ သည်များရှိကြောင်း” ပြောသည်။

 

#PeopleMedia #စစ်မှုထမ်းဟောင်း

 

(unicode)


………………………………………………………

 

မန်တလေး၊ ဇနျနဝါရီ ၂၄ (People Media)

 


 


 


 


 



Share this post