• Follow Us on

Home တပ္မေတာ္ပိုင္ ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္းမွ ထုတ္လုပ္သည့္ ကားတာယာမ်ားကို အေမရိကန္၊ ႐ုရွားႏွင့္ ႏိုင္ငံမ်ားစြာကို တင္ပို႔ေရာင္းခ်

တပ္မေတာ္ပိုင္ ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္းမွ ထုတ္လုပ္သည့္ ကားတာယာမ်ားကို အေမရိကန္၊ ႐ုရွားႏွင့္ ႏိုင္ငံမ်ားစြာကို တင္ပို႔ေရာင္းခ်

Share this post

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၂၃

တပ္မေတာ္ပိုင္ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းမွ ထုတ္လုပ္သည့္ ကားတာယာမ်ားကို အေမရိကန္၊ ႐ုရွားႏွင့္ ႏိုင္ငံမ်ားစြာကို တင္ပို႔ေရာင္းခ်ေနေၾကာင္း တပ္မေတာ္မွသတင္းထုတ္ျပန္လိုက္သည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ၊ အင္းစိန္ၿမိဳ႕နယ္၊ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း တာယာစက္႐ုံ (ရြာမ)မွ TRI STAR အမွတ္တံဆိပ္ Truck & Bus Bias တာယာ၊ Truck & Bus Radial တာယာ၊ Passenger Car Radial တာယာႏွင့္ Special တာယာ၊ အမ်ိဳးအစား ၄ မ်ိဳးခြဲ၍ လူစီးယာဥ္မ်ား၊ Expressယာဥ္မ်ား၊ Bus ယာဥ္မ်ား၊ ကုန္ တင္ယာဥ္မ်ား၊ ေျမသယ္ယာဥ္မ်ားစသည့္ ေမာ္ေတာ္ယာဥ္အမ်ိဳးမ်ိဳးအတြက္ ႏိုင္ငံတကာအဆင့္မီ တာယာမ်ား အား အရည္အေသြးျမင့္မားစြာထုတ္လုပ္လ်က္ရွိၿပီး ျပည္ပမွ သြင္းကုန္မ်ားကို အစားထိုးထုတ္လုပ္ႏိုင္သည့္ သာမက အေမရိကန္၊ ပါရာေဂြး၊ နယူးဂီနီ၊ ဘရာဇီး၊ ပါကစၥတန္၊ ကိုလံဘီယာ၊ မေလးရွား၊ နီေပါ၊ ဗီယက္နမ္၊ ႐ုရွားႏွင့္ ထိုင္၀မ္ႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိ ႀကီးမ်ားႏွင့္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴးတို႔လိုက္ပါၿပီး ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္း တာယာစက္႐ံု(ရြာမ)သို႔ ျပည္တြင္း၊ ျပည္ပေစ်းကြက္သို႔ ျဖန္႔ျဖဴးေရာင္းခ်ေနမႈ အေျခအေနမ်ား အား စစ္ေဆးခဲ့အၿပီး အထက္ပါအတိုင္းသတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

#PeopleMedia

(Unicode)
တပ်မတော်ပိုင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် ကားတာယာများကို အမေရိကန်၊ ရုရှားနှင့် နိုင်ငံများစွာကို တင်ပို့ရောင်းချ
…………………………………………………………

နေပြည်တော်၊ ဇန်နဝါရီ – ၂၃

တပ်မတော်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် ကားတာယာများကို အမေရိကန်၊ ရုရှားနှင့် နိုင်ငံများစွာကို တင်ပို့ရောင်းချနေကြောင်း တပ်မတော်မှသတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ၊ အင်းစိန်မြို့နယ်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း တာယာစက်ရုံ (ရွာမ)မှ TRI STAR အမှတ်တံဆိပ် Truck & Bus Bias တာယာ၊ Truck & Bus Radial တာယာ၊ Passenger Car Radial တာယာနှင့် Special တာယာ၊ အမျိုးအစား ၄ မျိုးခွဲ၍ လူစီးယာဉ်များ၊ Expressယာဉ်များ၊ Bus ယာဉ်များ၊ ကုန် တင်ယာဉ်များ၊ မြေသယ်ယာဉ်များစသည့် မော်တော်ယာဉ်အမျိုးမျိုးအတွက် နိုင်ငံတကာအဆင့်မီ တာယာများ အား အရည်အသွေးမြင့်မားစွာထုတ်လုပ်လျက်ရှိပြီး ပြည်ပမှ သွင်းကုန်များကို အစားထိုးထုတ်လုပ်နိုင်သည့် သာမက အမေရိကန်၊ ပါရာဂွေး၊ နယူးဂီနီ၊ ဘရာဇီး၊ ပါကစ္စတန်၊ ကိုလံဘီယာ၊ မလေးရှား၊ နီပေါ၊ ဗီယက်နမ်၊ ရုရှားနှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိ ကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လိုက်ပါပြီး မြန်မာစီးပွားရေး ကော်ပိုရေးရှင်း တာယာစက်ရုံ(ရွာမ)သို့ ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများ အား စစ်ဆေးခဲ့အပြီး အထက်ပါအတိုင်းသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

#PeopleMedia


Share this post